* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 25, 2010

မေတ္တာပန်းတို့ လက်ဆောင်မွန်


(သမီးလေးချမ်းမြေ့ခိုင်)

မေတ္တာပန်းတို့ လန်းရာမြေကို အလည်ရောက်လာတဲ့  ချစ်မိတ်ဆွေအတွက် အကျိုးရှိမယ့်လက်ဆောင် လေး တွေအမြဲပေးချင် ပေမဲ့ ကိစ္စ များမြောင်လူတို့ ဘောင်မှာ နေ့ စဉ် စီမံ ဆောင်ရွက်ရတဲ့ ကိစ္စကြီးငယ်အသွယ် သွယ် ကလည်းများလွန်း တာကြောင့် အားလပ်တဲ့ အခါတိုင်းမှာတော့  ဒီလိုပဲ အကျိုးများတာလေးတွေ ပေး အပ်သွားပါ့မယ်၊

သက်ရှိ သတ္တဝါတွေရဲ့ ခန္ဓာအစဉ်မှာ စိတ်ဆိုတဲ့  Energy တစ်ခုက ခြယ်လှယ်စိုးမိုးနေပါတယ်၊
လူအများထင်သလို အတ္တလိပ်ပြာ ဝိညာဏ်တော့ မဟုတ်ပါ လျှပ်တပြက် မျက်တောင်တစ်ခတ်မှာကုဋေ ပေါင်း တစ်သိန်းလောက် ကပ်ပေါ်ပြီး ကပ်ပျက်သွားတဲ့ ဓါတ်သဘော သဘာဝတစ်မျိုးဖြစ်ပါတယ်။အတ္တ လိပ်ပြာ ဝိညာဏ်လို့ ခေါ်စရာ၊ကိုင်ပြစရာ၊ ညွန်ပြစရာ၊ သက်တမ်းက တစ်စက္ကန့် မျှမရှိပါ။
ဒါပေမဲ့ဒီ Energy ကပဲ ဘဝတစ်ခုလုံးကို လွမ်းမိုးနေပါတယ်၊ ဒီစိတ်ကို ကာယကံရှင်ကပဲ မွေးဖွားပေးရပါတယ်၊ ပဌာန်းဒေသနာတော်မှာ ဟောကြားထားတဲ့ မျက်စိနှင့်အဆင်းပေါင်းစပ်ထိတွေ့ တော့ 
မြင်စိတ်ဆိုတာ ပေါ်လာတယ် ၊နားနှင့်အသံနဲ့ ပေါင်းစပ်တော့ ကြားစိတ်ဆိုတာပေါ်လာတယ်၊စသည်ဖြင့်လေ့ လာရတာလွယ်ပါလိမ့်မယ်။

အဲဒီတော့ စိတ်ကောင်းတစ်ချက် ကပ်ပြီးပေါ်သွားတာနဲ့ဆက်တိုက် ကုဋေတစ်သိန်းလောက်ကဆင့်ပွား ပေါက်ဖွား သွားတော့ တာပါပဲ၊ ဒီစိတ်တွေဟာ တနေ့ တနေ့ ကို မရေမတွက်နိုင်အောင် တစ်ဦးတစ်ယောက် စီရဲ့ခန္ဓာအစဉ်မှာ ပေါ်ပေါက်လေ့ရှိပါတယ်၊ ပေါက်ဖွားပြီးတာနဲ့ပြီးသွားပြီမထင်ပါနဲ့ခန္ဓာထဲမှာ စိတ္တဇရုပ်ဆိုတဲ့စွမ်းရည်တစ်မျိုးကိုထုပ်လုပ်ပြီး ခန္ဓာကိုယ်ရှိဝါယောဓါတ်နှင့်ပေါင်းထည့်ကာရုပ်သေးနှင့် တူသော သတ္တဝါတွေကို ခိုင်းစေတော့ တာပါပဲ၊သာမန်နဲ့ ထိန်းချုပ်လို့ ရဖို့ က လွယ်မယ်မထင်ပါနဲ့လောက ကြီးမှာ သူ့ ထက်အားကြီးတဲ့ စွမ်းရည်ဟာ နောက်ထပ်ဘာမှ ရှိမှာမဟုတ်တော့ ပါ။
''စိတ္တံ နီယတိလောကော၊ စိတ်သာရှင်စောဘုရားဟော၊ လောကကြီးကို စိတ်က ဦးဆောင်နေတာပါ၊ စိတ်ချမ်းသာအောင်နေရမယ၊် စိတ်မပူပါနဲ၊့ ဖြစ်ချင်တာဖြစ် စိတ်မညစ်နဲ့ ၊ တောင်တွေး မြောက်တွေး စိတ်မလေးနဲ့၊ တောင်ကြံ မြောက်ကြံ စိတ်မပူပန်နဲ၊့ ကိုယ့်ထိုက်နဲ့ကိုယ်ကံ ကိုယ်သာစံရမည်၊ ကိုယ်သာခံရမယ်' စသည်ဖြင့်ပြောပြလို့ မကုန်နိုင်တဲ့ စိတ်အကြောင်းတွေပါပဲ။

ဥပမာ-မိမိရဲ့ချစ်ခင်တဲ့ သူတစ်ယောက်၊ မေတ္တရှိတဲ့သူတစ်ယောက်ဟာ အင်မတန်ဝေးတဲ့ စင်ကာပူကTampanies, Pasaris မှာနေတယ်ဆိုပါတော့၊ အဲဒီကို မကြာမကြာရောက်ဖြစ်ပါလိမ့်မယ် ၊အဲဒီသွားချင်တဲ့ဆိုတဲ့စိတ်ကသူ့ကိုမကြာမကြာကြံဖန်ပြီးရောက်ပြီးယင်း ရောက်သွား အောင်ခေါ်သွား ပါလိမ့်မယ၊် ဒီလိုပဲ ကောင်းကျိုးချမ်းသာကိုတွေး တောကြံစည် တတ်တဲ့သူ၊ ကောင်းတာကို ဝါသနာပါတဲ့သူဟာ ကောင်းတာလေးတွေကို လုပ်ဖြစ်ပြီး ကြီးပွားချမ်းသာနေလိမ့်မယ၊်၊


မကောင်းတဲ့ စိတ်ကိုထားပြီး မကောင်းတာတွေ တွေးတတ်၊ လုပ်တတ်ရင်တော့  သူ့ဆီမှာ မကောင်းတဲ၊့ ဆင်းရဲတဲ့ စိတ်တွေပဲ ပေါက်ဖွားနေပြီး ဒုက္ခပင်လယ် ဝေနေပေလိမ့်မယ် ၊မျက်နှာမှာလည်း အတွင်းစိတ်က ပြနေပေလိမ့်မယ်၊၊ ဒီကိစ္စကို ကိုယ်သာလျင် ပြင်လို့ ရပါလိမ့်မယ၊် မိမိကိုယ်စား ဘယ်သူမှကူလုပ်ပေးလို့ မရလောက်ပါ၊၊ဒါကြောင့်စိတ်ကောင်းထားဖို့ ၊ အများအကျိုးသယ်ပိုးဖို့ အမြဲတမ်း သတိပေးလေ့ ရှိကြပါတယ်။
ပတ်ဝန်းကျင်နဲ့ နေထိုင်ခွင့်ရတဲ့ အခါ ဒီ Skill or Quality ကို လေ့ ကျင့်တတ်ရင် ပိုပြီး အကျိုးများပါတယ်။

ဥပမာ-စုပေါင်းနေကြတဲ့အလုပ်သမားတွေဖြစ်ရင် အများနှင့်ဆက်စပ်တဲ့နေရာလေးတွေကို သန့်ရှင်း ရေးလုပ်တာတို၊့ အများသုံးလို့ရနိုင်တဲ့သွားတိုက်ဆေး၊ခံတွင်းငုံဆေး ၊လက်ဆေးဆပ်ပြာ စသည်ကို နေရာ တကျလှူထားပေးတာတို့၊ရေချိုးယင်းရေချိုးခန်းနံရံလေးတွေကို တိုက်ချွတ်ပေးတာတိ၊ု့ လက်ဆေး "ဘေဇင်" လေးတွေ သန့်ရှင်းထားခဲ့တာတို၊့ မီးဖိုလေးတွေပယ်ကျံနေရင် စတီးတိုက်ဖတ်လေးနဲ့ပြောင်လက် သွားအောင်တိုက်ပစ်လိုက်တာတွေဟာ စိတ်ကောင်းများစွာကို မိမိခန္ဓာအစဉ်မှာကုဋေ ပေါင်းများစွာ ဖြစ် ပေါ် ခွင့်ပေးလိုက်တာပါပဲ။


ဒီစိတ်ကိုအငယ်တန်းလောက်ပဲမွေးထားရင်အငယ်တန်းဘ၀နဲပဲနေကြရမှာဖြစ်ပြီး၊ အလတ်တန်းကိုမြှင့်တင် လိုက်တဲ့အခါဘ၀အလတ်တန်းကိုရောက်လာပါလိမ့်မယ်၊၊ အကယ်သာ အထက်တန်းစိတ်ကိုမွေးနိုင်ရင်တော့ ဘ၀အထက်တန်းကို တက်သွားတော့ပါပဲ။ (ဆက်ရန်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP