* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 25, 2010

တို့  ရွာ အလှူ ပွဲ ခြိမ့်ခြိမ့်သဲ




နွန်းဘာဂ် မြို့  ဘူတာရောက်တယ် ဆိုရင်ဘဲ
ဒကာလေးက ဓာတ်ပုံ ရိုက်ပါတယ်။





မြို့ ရဲ့  နန်းတော် မြို့ ရိုး တံတိုင်းကို နောက်ခံထားပြီး
ထပ်မံ ရိုက်ရှိပါတယ်။




အိမ်ခြံ ၀န်း အ၀င်မှာလည်း
မှတ်တမ်း အဖြစ် ဓာတ်ပုံ




ဟိုရှေးအခါတုံးကတော့ ပါဒေါဒကံ - ခြေဆေးရေ ပေါ့။
ခုခေတ်မှာတော့ သံဃာ ကြွလာတယ်ဆိုရင်ပဲ
အိမ်အ၀င်မှာ ခြေထောက်ကို သန့် ရှင်းပြီး
ကုသိုလ် လုပ်ကြလေတယ်။





အိမ်ထဲ ရောက်ပြီ ဆိုတာနဲ့ ပဲ
ကိုယ်ရဲ့ ရွာက ခုမှ ပြန်တွေ့ ရတဲ့ ဆွေမျိုးတွေ
စိတ်ရှိ ( ပါးစပ်ရှိ ) ပျော်တပြုံးပြုံး ရှိကြလေရဲ့ 




ပြင်ထားတာက ဟိုတယ် မိုတယ် ပုံစံမျိုး





ရိုးရာမပြတ် သံဃဿ ဒေမ လုပ်ပြီး
နိဗ္ဗာန်ရည်မှန်း လှူကြပါတယ်။




အချိုပွဲ ခဲဖွယ်ဘောဇဉ်တွေက စုံလွန်းလို့ 
ဂျာမန် သမ္မတ ထက်တောင် စုံနေသေးတယ် လို့ 
တစ်ပါးက ပြောပါလေရော..။



ဆွမ်း အနုမောဒနာ တရားနာ၊
ပစ္စယနိဒ္ဒေသ ပဋ္ဌာန်းတရား နာပြီး
သာဓုခေါ် ရေစက်ချ ခဲ့ပါတယ်။


တို့ ရွာ အလှူပွဲ ခြိမ့်ခြိမ့်သဲ ဆိုသည်မှာ တို့ ရွာ က လူတွေရဲ့  အလှူဖြစ်ပါတယ်။ တို့ ရွာ အလှူပွဲ ဆိုတာ ကလည်း နိုင်ငံ အသီးသီးဆိုတာတွေက ကမ္ဘာ့ရွာ လို့  ဆိုကြတာမို့  တို့ ရွာ အလှူပွဲ ဆိုလိုက်တာပါ။ ကိုယ့် ရွှေရွာက ရွှေညီ အကို မိသားစုတွေပါ။ တစ်ဦးက မတည်ပြီး ဆွမ်းကပ်လိုက် တာနဲ့  အနီးမှာ ရှိတဲ့ ညီအကို မောင်နှမ တွေက ဒါန စုပေါင်း လုပ်ကြတယ်။ ခြိမ့်ခြိမ့်သဲ အလှူ တစ်ခု အောင်မြင်သွားခဲ့ပါတယ်။


မှတ်တမ်း ဓာတ်ပုံ များ ကြည့်လည်းကြည့် ၊
လုပ်ပုံ လုပ်နည်းလည်း အတုယူစေတတ်ရန်
ရည်ရွယ်ကာ တင်လိုက်ပါတယ်။

ဝါသနာပါရင် က လို့ ရတယ်။
အဲ... ၀ါသနာပါရင် ကြည့်လို့ ရတယ်ပြောတာပါ။

ပြီးတော့ လည်း သာဓုခေါ်လို့ ရပါတယ်။

မြတ်ရောင်နီ
( ၂၄ ၊ ၀၈ ၊ ၂၀၁၀ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP