ကာရန်မဲ့နေတဲ့ အလင်္ကာတေးသွားတစ်ပုဒ်
ဆင်းရဲပင်ပန်းခြင်းကြီးစွာဘဝအမှောင်ညကိုဖြတ်သန်း
မနက်အရုဏ်ဦးရဲ့
ရောင်နီအလင်းကို
မျှော်လင့်ရင်းနဲ့ပေါ့
ပတ်ဝန်းကျင်အရာအားလုံးဟာ
လူသေမြှုပ်နှံထားတဲ့
သင်္ချိုင်းကုန်းတစ်ခုလိုပါပဲ
ဆင်းရဲနွမ်းပါးနေတဲ့ဘဝမှာ
ဖေးမကူညီမဲ့သူတွေဟာ
မြေကမ္ဘလာနှင့်
လေဟာပြင်ပဲရှိခဲ့တယ်။
ဘဝအမောပြေ
နားဆင်လိုခဲ့တဲ့
ဘဝပတ်ဝန်းကျင်တွေရဲ့
ချိုလွင်အေးမြတဲ့
ဂီတသံစဉ်
တေးသွားတွေပာာလည်း
ဘယ်ဆီဘယ်ဝယ်
လွင့်မျောပျောက်ကွယ်
သွားကြသလဲမသိဘူး။
အဲဒီနေရာမှာ
အစားထိုးဝင်ရောက်လာတဲ့
အသံအချို့ကတော့
မကောင်းဆိုးဝါးတွေရဲ့
တီကွက်မညီတဲ့
သံစဉ်တေးသွားတွေပါပဲ
ဒါပေမဲ့
ငါကတော့
ဘဝအမှောင်ညရဲ့
ဝင်္ကဘာပတ်လမ်းထဲမှာ
ထွက်မြောက်ရာ
လမ်းပေါက်ကိုရှာရင်း
ဟိုမဝေးတော့တဲ့
ဘဝနေ့သစ်တွေထဲက
အရုဏ်ဦးရဲ့
ရောင်နီအလင်းကို
မျှော်လင့်ရင်းနဲ့
ငါခရီးဆက်လျောက်
နေတုန်းပါပဲလေ။
သစ္စာရောင်ခြည်ရဲ့နောင်ကြီးကုဏ်
12.8.2010

0 comments:
Post a Comment