ဓမ္မဟေဝန် ဝိပဿနာ အလှူတော်
ဓမ္မဟေဝန် အဖွဲ့က ပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။ သက်ကြီးရွယ်အို ဘိုးဘွားများနဲ့ ရိပ်သာဝင် တရားအားထုတ်လိုသော်လည်း အခက်အခဲ ရှိသူများ၊ ပို့ဆောင်ပေးမယ့်သူ မရှိသူများ ဆက်သွယ်နိုင်ကြပါတယ်။
တရားစခန်း တည်နေရာက
မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ ၁၃၆
ဂူကြီးကုန်းကျောင်းတိုက်
ဂူကြီးကုန်းရွာ၊ ထောက်ကြံ့မြို့
မင်္ဂလာဒုံမြို့နယ်
ရန်ကုန်တိုင်း
ဖြစ်ပါတယ်။
ဓမ္မဟေဝန် မိသားစု (www.dhammahaewon.page.tl, www.dhammahaewon.net) က ၁၀၇ ကြိမ်မြောက် ဖွင့်လှစ်မယ့် တရားစခန်းမှာ အဘိုးအဘွား ၁၀ ဦးကို ရိပ်သာဝင် တရားအားထုတ်ဖို့ စရိတ်စကပါ လှူဒါန်းပြီး ကမကထပြု ပို့ဆောင်ပေးခဲ့ကြပါတယ်။
၁၀ ရက်စခန်းက ၁၃-၈-၂၀၁၀ ကနေ ၂၂-၈-၂၀၁၀ ဖြစ်တာမို့ အဘိုးအဘွားတွေ သြဂုတ်လ ၁၂ ရက်နေ့ ညနေမှာ ရိပ်သာ စဝင်ကြတယ်။ အကျိုးဆောင် ကမကထပြုပေးသူက ဓမ္မဟေဝန်က ကိုဇော်နိုင်ထွန်း (ဖုန်း -၀၇၃၀၁၃၅၃၀) နဲ့ မိတ်ဆွေများ ဖြစ်ပါတယ်။
ရိပ်သာဝင် အားထုတ်မယ့် လူကြီးများက
၁။ ဦးနီ အသက် (၈၀) ရွာသစ် ငုရွှေဝါလမ်းမကြီး
၂။ ဦးစိန်ဝင်း (၇၁) နှစ်၊ ၄ -၆၇ ရွာသစ် ငုရွေဝါလမ်းမကြီး
၃။ ဒေါ်ထွေး (၇၀) အမှတ် (၆၂) ၀ပ်ရှော့လမ်း ထောက်ကြန့်လမ်းဆုံပိုင်း
၎။ ဒေါ်ကြည်ကြည်ဆွေ (၇၀) ၃-၅၉၇ မြမဉ္ဖူလမ်း
၅။ ဒေါ်သန်း (၇၀) ကမာရွတ် ၆၂ သီရိလမ်း
၆။ဒေါ်တင်ရီ (၇၅)နှစ် ရွေပြည်သာ
၇။ ဦးကျော်ငြိမ်း (၇၂) နှစ် ရွာသစ်ကွင်းစပ်
၈။ ဦးအောင်ခင် (၈၄) နှစ် ကိုးလုံးကွင်း ကြက်ဖြူကန် မှော်ဘီ
၉။ ဒေါ်ညွန်ရွေ (၆၄) နှစ် ၁၁- ခတ္တလမ်း ဂူကြီးကုန်း
၁၀။ ဒေါ်မေလွင် (၆၇)နှစ် စစ်တောင်းလမ်း ရွေပြည်သာ
နက်ဖြန်မှ တရားစခန်း စမှာမို့ ဒီနေ့ညနေ သွားပို့ဆောင်ပေးချိန်မှာ လူကြီးတွေ အတွေ့အကြုံ မရှိသေးတော့ တရားမထိုင်နိုင်ကြသေးပါဘူး။ ရိုက်လာတဲ့ ဓာတ်ပုံတွေက အရင်ကြိုရောက်နှင့်တဲ့ အခြားယောဂီများ ဖြစ်ပါတယ်။



0 comments:
Post a Comment