ဘေးတီးကောင်းလျှင်
တောင်တန်းနှင့်တော၊ မြိုင်တစ်ကြောဝယ်
အပြောကောင်းသူ။ သပွတ်အူကို
ဗိုလ်လူအပေါင်း၊ ဘေးတီးကောင်းသော်
နှစ်ထောင်းအားရ၊ ဖူးမ၀ဘဲ
လှူကြသူမျိုး၊ ကြိတ်ကြိတ်တိုး၏။
ဟိုမြို့သည်ရွာ၊ အဖြာဖြာဝယ်
မေတ္တာသမား၊ မီးလွတ်စားဟု
ကျော်ကြားပြန်လျှင်၊ ရဟန်းရှင်ကို
ဖူးချင်သူများ၊ လှူသူများ၍
ဝပ်တွားသူမျိုး၊ ကြိတ်ကြိတ်တိုး၏။။
တရားနှင့်ဝေး
အချိန်လေးမှာ၊ လုံးထွေးရှုပ်ပွ
'ဘ၀'အတွက်၊ "မောဟ"စွက်ကြ
'လောဘ'ထွက်ကာ၊ ပူလျက်ပူမှန်း
"အသိ"ခန်း၍၊ မီးပန်းကိုပန်
လည်စင်းခံရင်း
ဖလံပိုးထက်၊ မိုက်တွင်းနက်သည့်
ရက်-လ-နှစ်တွေ မနည်းပြီ။
ကိုရင်လေး
၁၂.၈.၂၀၁၀


0 comments:
Post a Comment