တစ်ခေါက်တစ်ခါ(၃)
ချမ်းမြစည်သာ ဆရာတော်ဦးသြဘာသကို ဟောင်ပါပြတိုက်မှာ တွေ့ရစဉ်
ကျား-ဆိုနောက်ဆုတ်၊ ကြောင်မဟုတ်၊ ခေါင်ချုပ်ထိပ်တမ်း၊ ကျားတံဆိပ်ဘမ်း။
ဘမ်း -တကာ့ခေါင်၊ စံပါယ်ချောင်၊ ယှဉ်အောင်သုံးစမ်း၊ ကျားတံဆိပ်ဘမ်း။
ပ -ရုပ်ဆ်ီတွေ၊ အသင်္ချေ၊ ယှဉ်လေသုံးစမ်း၊ ကျားတံဆိပ်ဘမ်း။
ရုပ်-် ပျို ကိုယ်နု၊ ကျန်းမာမူ၊ ယခုသုံးစမ်း၊ ကျားတံဆိပ်ဘမ်း။
ဆီ-ဦးထောပတ်၊ ဓာတ်စုံစပ်၊ ထပ်ထပ်ရောပြွန်း၊ ကျားတံဆိပ်ဘမ်း။
(လွန်ခဲ့သောနှစ်ပေါင်း ၆၀ခန့်က မြန်မာပြည်မှ ကြော်ငြာတစ်ခုကိုတွေခဲ့ရစဉ်)
ချစ်စွာသော စာဖတ်ပရိတ်သတ်ကို ဒီတခါတော့စကာင်္ပူရဲ့ စိတ်ဝင်စားစရာနေ၇ာတခုကို ခေါ်သွားလိုက်ပါတော့မယ်။ စာရေးသူနေထိုင်ရာ West Coast Road, Pasir Gardan,((No 23 .Jalan Mas Puteh) မှ Bus 30, 143, 51 တစ်ခုခုကိုစီးပြီး (၁၀) မိနစ်ခန့်သွားလိုက်ရင် How Pa Villa (ဟောင်ပါရဲအိမ်)ကိုရောက်ပါတယ်။တောင်ကုန်းမို့မို့လေးပေါ်မှာ ပြတိုက်ဥယျာဉ်ကြီးအဖြစ် ဖွင့်လှစ်ထားပါ တယ်။ ပိုင်ရှင်က မြန်မာ တရုတ်"ဟောင်ပါ "ဖြစ်ခဲ့ပါတယ်။
Bus ကားပေါ်က ဆင်းလိုက်ရင်ပဲ ကျားရုပ်ကြီးတွေကို ပထမဆုံးမြင်ရပါတယ်။ အထဲကိုဝင်သွားရင်လည်း free ပါပဲ။ ကြည့်ရူလို့မကုန်အောင် ရုပ်လုံး ရုပ်ကြွတွေ တောင်ကုန်းအနှံ့ပါပဲ။မြန်မာတို့အဖို့ ကျားဘမ်းပရုပ်ဆီ ဆိုရင် လူတိုင်းနီပါး သိလောက်ပါတယ်။ ဟောင်ပါသူဌေးကြီးရဲ့ သမီးတစ်ဦးနှင့်၊ သူမရဲ့သ္မီးဒေါ်သဂီခေါ် ဒေါ်မွှေး တို့ဟာ Clementi ဘက်မှာ သက်ရှင်နေထိုင်လျှက်ရှိပါတယ်။ စာရေးသူဆီကို မကြာမကြာ လာလည်တတ်ပါတယ်။ ဒုတိယကမ္ဘာစစ် တုန်းက ဒေါ်မွှေး တို့ဟာ မြန်မာပြည်မှာ သုံးနှစ်လောက် နေခဲ့တာဖြစ်လို့မြန်မာလိုတိုင်းရင်းသား တစ်ဦးထက် ပီပီသသ ပြောဆို နိုင်ပါတယ်။ သူ့မိခင်ကတော့မြန်မာအိမ်ဖော်တစ်ဦးနှင့်လက်တွဲပြီးနေလာတာ (၂၅)ကျော်လာခဲ့ပြီ လို့သိ ရပါတယ်။
ဒေါ်မွှေး(ခေါ်)ဒေါ်သဂီင်္င်္ဟာ ငယ်ငယ်က အင်္ဂလန်မှာ ကျောင်းနေခဲ့ပြီး အဲဒီမှာပဲ အိမ်ထောင်ကျကာ သားလေးတွေမွေးဖွားခဲ့ပြီး သူတို့လည်းအရွယ်ရောက်ကာ ဒေါ်မွှေးက စင်္ကာပူပြန်လာပြီး အခြေချနေထိုင်ကြပါတယ်။ သားတွေကတော့ အမေ့တရုပ်မကို သိပ်ဂရုစိုက်ပုံမပေါ်ကြပါဘူး။ တစ်နေ့ စကားစပ်ယင်းပြောလိုက်သေးတယ်။ ဒေါ်မွှေးဟာ ဘာနှင့်တူလဲဆိုရင် ဘဲဥတွေကိုတာဝန် ယူပြီးဝပ်ပေးရတဲ့ကြက်မလိုပဲ။ကြက်မကသူဝပ်ပြီးမှမွေးတဲ့ဘဲကလေးတွေကိုနောက်က တစ်ကောက် ကောက်လိုက်ပြီး စောင့်ရှောက်ရှာတယ်။ ဒါပေမဲ့ ဘဲကလေးတွေက အသွင်လဲမတူတဲ့ကြက်မကိုဥပေက္ခာ ပြုထားကြတော့ နောက်ပိုင်းမှာ တဖြည်းဖြည်းပြတ်သွားကြပါတယ်။ ဒေါ်မွှေးမှာလည်း ကိုယ်မွေးခဲ့သားကလေးတွေကို သံယောဇဉ်ကုန်ပြီလို့ ဆိုပါတယ်။ တစ်နေ့က စာရေးသူရယ် ၊မေစိုးရယ် ၊ဟောင်ပါ ရဲ့မြေး ဒေါ်မွှေးရယ်၊bus စီးယင်း၊ လမ်းလျှောက်ယင်း How Pa Villa ကိုသွားလည်ကြသေးတယ်။
သူဌေးကြီးစီးခဲတဲ့ ကျားခေါင်းတံဆိပ်နှင့်လုပ်ထားတဲ့ ကားကိုပြတိုက်မှာပြထားတားတွေ့ရပါတယ်။ ထိုကားရဲ့ အနီ:မှာ ဒေါ်မွှေးရဲ့အမေ မြန်မာအမျိုးသမီးအဘွားအိုဓာတ်ပုံကို စင်္ကာပူအစိုးရက ချိတ်ဆွဲထားပါတယ်။ စာတန်းမှာတော့ဟောင်ပါသူဌေးရဲ့ သ္မီးတော်ဟာ How Pa Villa ကိုနောက်ဆုံးလာလည်သွားစဉ် ဓာတ်ပုံ ရိုက်ကူးထားခြင်းလို့စာရေးထားပါတယ်။(ဆက်ရန်)

0 comments:
Post a Comment