* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 13, 2010

ဘလော့ဘ်ဂါ တနှစ်ပြည့် အမှတ်တရ

လက်ရှိကို ပစ္စုပ္ပန်အနေအထားဖြစ်ဖို့ အတိတ်ကို စစ်ကူခေါ်နေရမြဲ။
ကျနော်လား?
ကျောက်စိမ်းစကားနဲ့ပြောရရင် အရိုင်းတုံးစစ်စစ်ပါ။ ကျနော်ပြောခဲ့တဲ့စကားတွေ ခံစားခဲ့တဲ့ခံစားမှုတွေ အားလုံး အရိုင်းသက်သက် မြင်ကောင်း မြင်နေမှာပါ။ ဒါလည်း ကျနော့်ခံစားမှုဟာ အရိုင်းသက်သက်ပါပဲ။

အရိုင်းဆိုတာ မြို့ပြယဉ်ကျေးမှုမပါတဲ့ အရိုင်းသက်သက်ပဲ ဖြစ်နေတာပါ။ ခံစားမှုအားလုံးဟာ ကျနော်နဲ့ထပ်တူမကျတောင် ကျနော်နဲ့နည်းပါး ခံစားမှုရှိကောင်း ရှိနေမှာပါ။ ဒီလိုထင်တာလည်း ကျနော့်ရဲ့အရိုင်းစစ်စစ်ပါ။ ကျနော့်စစ်စစ်တွေ ဖတ်ပေးဖော်ရတဲ့အတွက် ကျနော်ကျေးဇူးတင်ပါတယ်။ တစ်ကယ့်ကို ကျေးဇူးတင်ပါတယ်။

မရှိညစ်ကျယ်ရေးဖို့အတွက် တွန်းအားပေးခဲ့တဲ့ ကျနော့် ဓမ္မဂင်္ဂါကြီးကို ကျေးဇူးတင်ရမှာပါ။ သူနဲ့ကျနော့်အကြား ဟိုစပ်စပ် ဒီစပ်စပ်နည်းတူ သူကမှတ်အားပိုသာခဲ့တယ်။ သူ့ရဲ့ဖန်တီးမှုနဲ့ ဒီဘလော့ဂ်ပေါ်လာတာပါ။ ကျနော့်ဘလောဂ်အတွက် သူက အဓိကတွန်းအားပါ။ ဒီလိုနဲ့ ကျနော်ရေးဖြစ်ခဲ့တယ်ဆိုပါတော့။ ကိုယ့်အကြိုက် ကိုယ့်ခံစားမှုရေးရတာ ဆိုတာကတော့ အားလုံးထပ်တူ ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။ ဒီအတွက်လည်း ငြင်းခုံစရာအကြောင်းမရှိပါဘူး။ တစ်ကိုယ်ရေ တစ်ကိုယ်ရအတွက် ကျနော့်မှာ အငြင်းပွားမှုမရှိပါဘူး။ ဒီအတွက်လည်း အရိုင်းစစ်စစ်ပါပဲ။

comments တွေရေးပေးတဲ့သူတွေလည်း ကျနော် ကျေးဇူးတင်ပါတယ်။ comments ပေးခဲ့တဲ့သူတွေကို သီးသန့်မဖေါ်ပြတော့ပါဘူး။ နားလည်မှုအတွက် စကားလုံးနဲ့ဖေါ်ကျူးဖို့ကို ဘဝင်မကျမှုတွေ ဖြစ်မလာစေချင်ဘူး။ ဒီအတွက် နားလည်မှုဟာ နားလည်မှုသက်သက်ပဲလို့ ဖြစ်နေစေချင်ပါတယ်။ ကျေနပ်ပျော်ရွှင်ပါစေ။

ကျနော်ရေးတိုင်း လိုက်ပြီးနှစ်သက်ဖို့ဆိုတာ ဘယ်လိုမှညှိလို့မရတဲ့ ခံစားမှုပါ။ comments ပေးခြင်းဆိုတာကတော့ သီးသန့်ခံစားမှုပါပဲလေ။ တကူးတကန့် လာဖတ်ပေးဖေါ်ရတာကိုပဲ ကျေးဇူးတင်စရာပါ။ စကားရှည်ရှည်ပြောရတာထက် စကားတိုတိုပြောရတာကို နှစ်သက်မိတော့ ကဗျာအမည်တပ်ထားတဲ့ အရာတွေပဲ ကျနော့်မှာ တခုတ်တရဖြစ်လို့။ ဒီအတွက်လည်း ကျနော်ဟာ အရိုင်းစစ်စစ်ပါ။

ဒီလိုနဲ့ ဒီနေ့(သို့မဟုတ်)မနက်ဖြန်ဆို ကျနော့်ဘလော့ဂ် တစ်နှစ်ပြည့်ခဲ့ပြီပေါ့။ ပျော်ရွှင်မှုတွေ လိုလားမှုတွေ အားလုံး (အစစအရာရာ)ပေါ့ ဝေဘန်သုံးသပ်ရင်း မနက်ဖြန်ဟာ ကျနော်မျှော်မှန်းထားတဲ့ မနက်ဖြန်ဖြစ်နေမလားလို့။

ကျနော် အရိုင်းစစ်စစ်နဲ့ပဲ ရှေ့ဆက်ချင်ပါသေးတယ်။
ကျနော့်ဘလော့ဂ်ဖတ်ဖြစ်သူအားလုံး ကံတရားနဲ့မဆန့်ကျင်ဘဲ ဖြစ်ချင်သလို ဖြစ်ခွင့်ရပါစေ။
ဘလော့ဂ်ရေးစက ကဗျာလေး ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

အစွန်းရောက် လိုချင်တပ်မက်မှု
ကိုယ်တို့ဆီ
သူ ၀င်လာပြီဆိုရင်....
အပေါင်းက အနှုတ်ဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
ရင်ဘတ်က နောက်ကျောဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
မိတ်ဆွေက ရန်သူဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
ချစ်သူက မုန်းသူဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
အစုအဝေးက အထီးကျန်ဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
စည်းလုံးမှုက သွေးကွဲမှုဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
ရိုးသားမှုက လိမ်ညာမှုဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
ပေးသူက ယူသူဖြစ်သွားတယ်။

သူ ၀င်လာ
သူ ၀င်လာပြီ..
သူ ၀င်လာပြီဆိုရင်....။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP