* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 20, 2010

ရှင်ဥပဂုတ်

အရှင်ဘုရား ရှင်ဥပဂုတ္တဆိုတာတကယ်ရှိပါသလားဘုရား။
ဒီမေးခွန်းလေးကို Facebook မှာ စိုးမိုးရာဇာ ဆိုတဲ့ ဒကာက မေးထားတာပါ။
ဒီရှင်ဥပဂုတ္တနဲ့ပတ်သက်လို့ မြန်မာပြည်က ဓမ္မကထိကဆရာတော်ကြီးများ
အတော် ကျယ်ကျယ်လောင်လောင်ပြောလေ့ရှိတယ်။
သူတို့ပြောတာက
ရှင်ဥပဂုတ္တဆိုတာ (လုံးဝ) မရှိဘူး၊
အကြောင်းက ထေရ၀ါဒပိဋကတ်စာပေထဲမှာ မပါလို့ တဲ့။
တကယ်တော့ ဒီအကြောင်းပြချက်ဟာ မခိုင်လုံပါဘူး။
ထေရ၀ါဒပိဋကတ်စာပေထဲမှာ မပါတာနဲ့ပဲ ရှင်ဥပဂုတ္တ မရှိတော့ဘူးလား၊
မကိုးကွယ်ရတော့ဘူးလား၊
ပြောဘို့ရာ အင်မတန်ခက်ခဲပါတယ်။
ဗုဒ္ဓဘာသာသမိုင်းက အတော်ရှည်လျှားလာပီမို့လား။
သမိုင်းကြောင်းရှည်လျှားတာနဲ့အမျှ ဗုဒ္ဓဘာသာဂိုဏ်းကွဲတွေလည်း များလာတယ်။ ထေရ၀ါဒပိဋကတ်စာပေထဲမှာ မှတ်တမ်းမတင်နိုင်ခဲ့တဲ့အကြောင်းအရာတွေ အခြားသောဗုဒ္ဓဘာသာဂိုဏ်းကွဲတွေမှာ မှတ်တမ်းတင်ထားတာတွေရှိမှာ အသေအချာပါပဲ။
ဒါ့ကြောင့် ဒီရှင်ဥပဂုတ္တကို ဦးဇင်းတို့ ထေရ၀ါဒပိဋကတ်မှာ
မှတ်တမ်းမတင်နိုင်ခဲ့တာဖြစ်လေမလားလို့ စဉ်းစားခွင့်ရှိနိုင်ပါတယ်။
ရှင်ဥပဂုတ္တဇာတ်လမ်းတွေထဲမှာ
ထေရ၀ါဒပိဋကတ်နဲ့ မကိုက်ညီတဲ့အကြောင်းအရာတွေတော့ ရှိတာပေါ့လေ။
ဒီလောက်ဖြေပေးလိုက်ရင် ကိုစိုးမိုး ဆက်လက်စဉ်းစားလို့ရသွားပါပီ။
ဒီမေးခွန်းမေးတဲ့အတွက် ကိုစိုးမိုးကို ကျေးဇူးပါ။
ဓာတ်ပုံ၊ RFA

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP