* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 20, 2010

အော်ဂဲနစ်နည်းပညာပေးသင်တန်း

အရင်တုံးတော့ စိုက်ပျိုးရေးသည် အတတ်ပညာ အားလုံးတို့ရဲ့ မိခင်၊ သက်ရှိအားလုံး တို့ကို ကျွေးမွေးစောင့်ရှောက် နိုင်သာ အတတ်ပညာ တစ်ခုဖြစ်ခဲ့ပါတယ်…။ လူသားဆိုတာကလည်း လောဘသားတွေ ဆိုတော့ ပြန်လည် တုံ့ပြန်စကား မဆိုတတ်တဲ့ ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကို အသုံးချပြီး ထုတ်ယူခိုင်းစား နေကြတဲ့ ပညာရပ်တွေ ထဲမှာ စိုက်ပျိုးရေး ပညာ သည် ပါဝင်နေခဲ့ရပါပြီ..။ စိုက်ပျိုးရေး ဆိုတာက လည်းသဘာဝ ပတ်ဝန်းကျင်ရဲ့ ၆၀% ကို သုံးစွဲလုပ်ကိုင် နေကြရတာမို့ သူကမှားယွင်းခဲ့ရင် ပတ်ဝန်းကျင် ၆၀% ဟာ ပျက်စီး ရရှာမှာ အမှန်ပါ….။

သန့်စင်တယ် လို့ သတ်မှတ်ခံထားရတဲ့ အမိမြေ သည်ပင်လျှင် ပိုးသတ်ဆေး တို့၏ အဆိပ်ခိုးများ တစ်ချို့သောနေရာတွေမှာ လွင့်ပျံကြွင်းကျန် နေခဲ့တာ ခံစားနေရပါပြီ..။ သန့်စင်ပေးဘို့ နဲ့ ထိန်းသိမ်းစောင့်ရှောက်ဘို့ နဲ့ ရေရှည် တည်တံ့ ခိုင်မြဲ စေမဲ့ စိုက်ပျိုးရေးနည်းပညာရပ် တစ်ခုကို မြန်မာအော်ဂဲနစ် အဖွဲ့ ကအောက်ပါ အစီအစဉ် အတိုင်း ဖွင့်လှစ်ပို့ချ ပေးမှာ ဖြစ်ပါတယ်..။

နေ့ရက် = ၂၃၊ ၂၄၊ ၂၅ သြဂုတ်လ၊၂၀၁၀
အချိန်= နံနက် ၉နာရီမှ ညနေ ၄နာရီ
နေရာ= သီရိအဏ္ဏဝါ ခန်းမ၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်၊ ကြို့ကုန်း၊ အင်းစိန်
ပို့ချမည့်သူများ= ဦးနှင်းဦး၊ ဒေါက်တာကျော်ငြိမ်းအေး၊ ဒေါက်တာသန်းသန်းစိန်

အော်ဂဲနစ် နည်းပညာက အလောဘစေတသိတ် နဲ့ ယှဉ်တဲ့ မွန်မြတ်တဲ့စေတနာက ဦးဆောင်စေမှာဖြစ်လို့ သာဓုခေါ်ဆို နိုင်ပါရ့န် ကျွန်မက မျှဝေလိုက် ချင်ပါတယ်…။

မေတ္တာဖြင့်
သစ္စာအလင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP