* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 20, 2010

ချစ်သောဖေဖေသို့

အသံလှိုင်းထဲက ဖေဖေ့ရဲ့အသံတွေ

အရင်ကနှင့်မတူ ကတုန်ကရင်တုန်ရီစွာနဲ့

ဇရာရဲ့ရိုက်ခတ်သံတွေ နှောနေပေမယ့်။

ဖေဖေ့ရဲ့မေတ္တာတွေကတော့………..

သမီးအပေါ် လတ်ဆတ်တက်ကြွနေတုန်းပဲနှော်။

အနေဝေးမှ ဖေဖေ့အရိပ်လေး

သမီးတန်ဖိုးထားတတ်ခဲ့ပြီ ဖေဖေ။

သူတို့အရိပ်တွေ ဘယ်လောက်အေးအေး

ဖေဖေ့ အရိပ်လေးလောက် လုံခြုံနွေးထွေးမူ့ မရှိခဲ့ပါဘူး။

ခေတ်ရေစီးထဲ မျှောနေခဲ့ရပေမယ့်

ဖေဖေ့လမ်းညွန် ကိုယ်ကျင့်တရားတွေကို

သမီးရင်ဘတ်ထဲထည့်လွယ်နေတုန်းပါပဲ။

“အသဲ” မာတတ်တဲ့ ဖေဖေ့သမီး ဂျစ်ကန်ကန် ကောင်မဆိုးလေးဟာ

မိုးတွေညို့ရင် ရှိုက်တတ်နေခဲ့ပြီ။

အခွင့်အရေး ရှိခဲ့သေးရင်………..သမီးလေ

ဟိုးငယ်ငယ်ကလို ……

ဖေဖေရဲ့ လက်မောင်းတွေကိုရီးလေးခိုစီးချင်သေးတယ်။

ဖေဖေနှင့်အတူ ဘောလုံးကန်ချင်သေးတယ်။

ဖေဖေနှင့်အတူ ငါးမျှားထွက်ချင်သေးတယ်။

ဖေဖေနှင့်အတူ ကောင်းကင်ပြာပြာတွေထဲ စွန်လွှတ်ချင်သေးတယ်။

ပြီးတော့……………….။

ဖေဖေ့ရဲ့ ပခုံးစွန်းလေးမှာထိုင်ပြီး

ဟိုးကမ္ဘာ့အပြင်ဘက်က

အနားသတ် မိုးကုတ်စက်ဝိုင်းအစွန်းတွေဆီ

ငေးကြည့်ချင်သေးတယ်။
ခိုင်နုငယ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP