* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 20, 2010

ဘ၀ရဲ့အဓိပ္ပါယ် နောက်ဆက်တွဲ

ဘ၀ ရဲ့  အဓိပ္ပါယ် ကို အခြေခံအနေနဲ့  ရေးခဲ့ပါတယ်။ သို့ ပေမယ့် စာဖတ်သူတို့ အနေနဲ့  အခြေခံကိုသာ အားမရဘဲ အမြင့်ကိုလည်း ဖတ်လိုပါတယ်လို့  ပြောကြား လာတော့ ကိုယ်က လည်း သူငယ်ချင်း အပ္ပမာဒမှာ ရေးနေတဲ့ စာရေးဆရာ ဥူးဇင်း တစ်ပါးကို မေးကြည့်မိ ပါတယ်။

ဥူးဇင်း ရေ
ဆရာကြီး နန္ဒာသိန်းဇံ က ဘ၀ အဓိပ္ပါယ် နှင့် ဘ၀ သစ္စာ ရေးထားတယ်နော်။ ဖတ်တော့ ဖတ်ဖူး တယ်။ ခုဘာရေးထားတယ်ဆိုတာ အစအန ကို မသိတော့ဘူး။ ဒါကြောင့် ဘ၀ ရဲ့ အဓိပ္ပါယ် က ဘယ်လို ဖွင့်ထားသလဲ မသိဘူးဗျာ။ လိုရင်းလေး ပြောပြပေးပါ့လား ဘုရား။ ဥူးဇင်း အနေနဲ့ လည်း ဥူးဇင်း အမြင် ထင်သလို ပြောလို့ ရပါတယ်နော်။

လေးစားလျက်
ကိုတေ


ကိုတေ

အဲဒီစာအုပ်ကို အနောက်တိုင်းက ဖီလော်ဆော်ဖီတွေက ဘယ်လို ဘ၀ကို ရှာဖွေတယ် ဆိုတာ တွေကို ဗုဒ္ဓဘာသာနဲ့ ယှဉ်ပြထားတာပါ။ ဗုဒ္ဓဇင်ထဲကတော့ ကံကံ၏အကျိုးတွေ၊ သစ္စာလေးပါး။ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ် စသဖြင့်ပါ။ ဘ၀အဓိပ္ပါယ်ကို ရှာတာကတော့ ဘုရားလောင်း တောထွက် တာတို့ ၊ အရှင်သာရိပုတ္တရာ တရားထူးရှာတာတို့ စသဖြင့်ပါ။ စာရေးဆရာဆိုတော့ ဖွဲ့ နွဲ့  ရေးတာ ပေါ့။ ဒါပါပဲ။ သစ္စာလေးပါးကို ရှာဖွေတာပါပဲ။


သူပြောသွားတဲ့ အဖြေကြည့်မယ် ဆိုရင်တော့ ရှင်းသွားပြီပေါ့၊ အမြင့်ကို ဖတ်ချင်သပါ့ဆိုရင် ဆရာကြီး နန္ဒာသိန်းဇံ စာအုပ်ကို တွေ့ မှ မဟုတ်ပဲ အခြား ဘုရားရှင်ရဲ့  တောထွက်ပုံတွေ မှ စ ဘုရား ဖြစ်သည့်အထိ ရှာဖွေခဲ့ပုံတွေကို ဓမ္မဘလော့များစွာကို ဖတ်ရင် အမြင့်ဆိုတာ တွေ့ နိုင်ပါ တယ်။ အဓိက သစ္စာလေးပါးကို ရှာဖွေတာပါပဲ-တဲ့။

အခြေခံဖေါင်ဒေးရှင်း ကို ကျကျနန လုပ်နိုင်ရင် အထက်ကို တတ်ဖို့  အလိုလို လမ်းစတွေ့ ပါမယ်။ အခြေခံတရားများ ခိုင်ခိုင်မာမာ လုပ်နိုင်အောင်သာ ပထမ အဆင့် ကြိုးစားကြည့်ပါလေ။


အခြေခံ ပြုလုပ်နိုင်ပြီဆိုတာနဲ့  ကိုယ့်ရဲ့ ဘ၀ အဓိပ္ပါယ် ရှိပြီဆိုတာ ကိုယ့်ဖာသာ ပျော်ရွှင်ရဲတင်းစွာနဲ့ ပဲ ခံယူလာ မယ်- လို့  ယုံကြည်မိပါ တော့တယ်။



မှတ်ချက်။ ။မြတ်ရောင်နီ ဘလော့တွင်လည်း
ထိုထို ကြောင်းရာများကို ရေးပြီး ဖြစ်ပါကြောင်း။



မြတ်ရောင်နီ

( ၂၀ ၊ ၀၈ ၊ ၂၀၁၀ )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP