* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 20, 2010

အစားကြူး၍ အထီးကျန်ရောဂါဖြစ်ခြင်း

မိဘများသည် သားသမီးများကို အစာစားနိုင်လေ ကျန်းမာလေဟု ယူဆတတ်ကြသည်။ တနေ့ သုံးနပ်၊ ကြက်၊ ဘဲ၊ အသား၊ ငါး၊ နို့၊ ဥတို့ကို မေတ္တာအပြည့်နှင့် ချက်ပြုတ်ကျွေးမွေးသည့်ပြင် ဘီစကွတ်၊ ဂျယ်လီ၊ ချောကလက်၊ ကိတ်မုန့်၊ အချိုရည် စသည့် မျိုးစုံသော သရေစာများကိုလည်း မပြတ်မလပ် ကျွေးမွေးတတ်ကြသည်။ ဤတွင် မိဘများ သတိမထားမိကြသည်မှာ ကလေးသည် တနေ့တခြား ပိုမို၍ တကိုယ်ထီးထီး နေတတ်လာသည်။ စကားပြောလျှင် ထစ်အလာတတ်သည်။ ကြောက်တတ်လာသည်။ လှုပ်ရှားမှု နှေးကွေးလာတတ်သည်။ လူအများနှင့် မဆက်ဆံလို၊ အနည်းငယ် အလိုမကျဖြစ်လျှင် များများစိတ်တိုတတ်သည်။ ဤသို့ ကလေး၏ သဘော ဆိုးလာသည်ကို မိဘက အလိုလိုက်၍ အမိုက်စော်ကားသည်-ဟု ထင်မြင်တတ်သည်။

အမှန်တကယ်မူ ဤလက္ခဏာများသည် ကလေးအထီးကျန်ရောဂါဖြစ်သည်ကို ပြသခြင်းပင်ဖြစ်သည်။ ဤထူးခြားသော အပြုအမူများသည် အစားအသောက်နှင့် သက်ဆိုင်နေသည်။ သိပ္ပံပညာရှင်များ၏ နှစ်ရှည်လများ သုတေသနပြုချက်အရ ကလေးများ၏ အထီးကျန်ရောဂါဖြစ်ခြင်းသည် အက်စစ်ဓာတ် အစားအစာများကို နှစ်ရှည်လများ လွန်ကြူးစွာ စားသုံးခြင်းကြောင့်ဖြစ်သည်။

မည်သည့်အစားအစာသည် အက်စစ်ဓာတ် အစားအစာ ဖြစ်သနည်း။
အဘယ်ကြောင့် အက်စစ်ဓာတ် အစားအစာသည် ကလေးများကို အထီးကျန်ရောဂါ ဖြစ်စေသနည်း။
ယခု ခေတ်မီတိုးတက်သော ကမ္ဘာကြီး၏ နေ့စဉ်ထမင်းစား စားပွဲတွင် အများအားဖြင့် အသား၊ ငါး၊ နို့၊ ကြက်ဥ စသည့် အဆီဓာတ်များများ၊ ပရိုတင်းခေါ် အသားဓာတ်များများ၊ သကြား၊ ဆန်ချော၊ ဂျုံနုနှင့် ပြုလုပ်ထားသော ကာဗွန်ဟိုက်ဒရိတ်ခေါ် သကြားဓာတ်များများ ပါဝင်သည့် အဆိုပါအစားအစာများသာ နေရာယူကြကုန်သည်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် ပဲ၊ ပြောင်း၊ နှမ်း၊ လုံးတီးဆန်၊ ဂျုံကြမ်း စသည့် သဘာဝအစားအစာများ မရှိသလောက်ဖြစ်လာသည်။

အဆီဓာတ်များများ၊ အသားဓာတ်များများ၊ သကြားဓာတ်များများပါသော အစားအစာများအတွင်းမှ မီးစုန်းဓာတ်၊ ကန့်ဓာတ်၊ ကလိုရင်းဓာတ်များသည် ခန္ဓာကိုယ်၏ ဇီဝရုပ်ဖြစ်ပျက်ပြောင်းလဲခြင်းဖြစ်စဉ်တွင် အက်စစ်ဓာတ် အဖြစ် အလွယ်တကူ ပြောင်းလဲသွားကြသည်။ သိပ္ပံပညာရှင်များသည် ဤသို့သော အဆီဓာတ်များများ၊ အသားဓာတ်များများ၊ သကြားဓာတ်များများပါဝင်သော အစားအသောက်များကို အက်စစ်ဓာတ်အစားအစာ များဟု ခေါ်ဆိုသည်။

ကျန်းမာသော ခန္ဓာကိုယ်၏ သွေးရည်၊ ကိုယ်ရည်၊ လင့်ဖ်ရည် စသည့် အသက်ရည်-များသည် ဘေ့စစ်ဓာတ် အနည်းငယ်ဆောင်သည်။ PH 7.35 ဖြစ်သည်။ အက်စစ်ဓာတ် အစားအစာများ အစားများသောအခါတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ပင်ပန်းနွမ်းနယ်လာပြီး အက်စစ်ခန္ဓာကိုယ် ဖြစ်လာတော့သည်။ ဇီဝရုပ် ဖြစ်ပျက်ပြောင်းလဲခြင်းဆိုင်ရာ ရောဂါများ ဖြစ်စေတော့သည်။ အက်စစ်ဓာတ်ကဲနေသော အသက်ရည်-များသည် ကလေး၏ အတွေး၊ အမြင်၊ လှုပ်ရှားမှုစွမ်းရည်များကို အဟန့်အတား ဖြစ်စေသည်။ ထို့ကြောင့် ကလေးများ အထီးကျန်ရောဂါလက္ခဏာများ ပြလာခြင်းဖြစ်သည်။

သို့သော် သစ်သီးသစ်ဖု၊ ဟင်းသီးဟင်းရွက်၊ ပင်လယ်ရေညှိ၊ ပဲအမျိုးမျိုး၊ လုံးတီးဆန်နှင့် ဂျုံကြမ်းတို့တွင်မူ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ် စသည့် သတ္ထုဓာတ်များ ပေါကြွယ်ဝ၍ ဇီဝရုပ်ဖြစ်ပျက် ပြောင်းလဲခြင်း ဖြစ်စဉ်တွင် ဘေ့စ်ဆစ် ဓာတ်ပစ္စည်းများအဖြစ် ပြောင်းလဲသွားကြသည်။ ထို့ကြောင့် ယင်းတို့ကို ဘေ့ဆစ်ဓာတ်အစားအစာများဟု ခေါ်သည်။ ဤအစားအစာများကို မမေ့မလျော့၊ မပျင်းမရိ စားသုံးပါမှ ကိုယ်ခန္ဓာသည် အက်စစ်ဓာတ်၊ ဘေ့စ်ဆစ်ဓာတ်မျှတပြီး ပုံမှန်ကျန်းမာမည်။

မိဘများသည် ဤအချက်ကို သတိထားရမည်ဖြစ်သည်။ ကလေးများ အထီးကျန်ရောဂါ မဖြစ်စေရန် မှန်ကန်စွာကျွေးမွေးရမည် ဖြစ်သည်။
ကလေးများကို အစားအစာကျွေးနိုင်သည့် အရွယ်မှစ၍
(၁) သကြားလျှော့ကျွေးပါ။ ဟင်းသီးဟင်းရွက်ကို ပိုကျွေးပါ။
(၂) အသားလျှော့ကျွေးပါ။ ပဲ ပိုကျွေးပါ။
(၃) ဥ-လျှော့ကျွေးပါ။ အသီးအနှံပိုကျွေးပါ။

သို့မှသာလျှင် ကလေးသည် အာဟာရချို့တဲ့ရောဂါလည်းကင်း၊ အ၀လွန်ရောဂါလည်း ရှင်း၍ ကျန်းမာပကတိဖြစ်ပါသည်။
အထီးကျန်ရောဂါလက္ခဏာပြ ကလေးများအတွက်မူ ဆရာဝန်ညွှန်ကြားချက်ဖြင့် ဆေးသောက်ကုသရမည်။ ဥပမာ-ကယ်လ်ဆီယမ် ဂလူကိုနစ်၊ ပိုတက်ဆီယမ်ကလိုရိုဒ်၊ စီဗစ် စသည်တို့သည် ရောဂါလက္ခဏာများကို သက်သာစေနိုင်သည်။

မှတ်သားသင့်သည်မှာ ဆေးဝါးကုသမှုနှင့် မလုံလောက်ပါ။ နေ့စဉ် အစားအသောက် ဂရုစိုက်ရပါမည်။ အနု နှင့် အကြမ်း၊ သားငါး နှင့် သက်သတ်လွတ် တို့ကို ဆီလျော်စွာ တွဲဖက်စားသောက်ခြင်းဖြင့် ကလေး၏ ဇီဝရုပ်ဖြစ်ပျက်ပြောင်းလဲခြင်း ဖြစ်စဉ်ကို ပုံမှန်လည်ပတ်စေနိုင်ပြီး ကျန်းမာရွှင်လန်းစေလိမ့်မည် ဖြစ်ပါသည်။

ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ)
ကျမ်းကိုး။ ။ တရုတ်စာစောင် Renzhichu 2003 N0.2 မှ ဘာသာပြန်ဆိုသည်။

( မြတ်မင်္ဂလာ ၂၀၀၉-ခု သြဂုတ်လ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP