* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 20, 2010

ပန်းခရေရနံ့တွေ မွှေးကြိုင်သင်းပျံ့နေ


မဟာဗောဓိပင်အနီး၊ စနေထောင့်အရပ်က ခရေပင်

မြတ်ဗုဒ္ဓ သစ္စာဥာဏ်အလင်းကို ရရှိခဲ့တဲ့နေရာ မဟာဗောဓိပင်ရဲ့စနေထောင့်အရပ်က ခရေပင်လေးကတော့ ဂျူလိုင်လမိုးစက်တွေနဲ့အတူဖူးပွင့်ဝေဆာလျက် မြတ်ဗုဒ္ဓကိုပန်းရနံ့လေးတွေနဲ့ အားပါးတရပူဇော်နေပါတယ်။
ဂျူလိုင်ရဲ့ရာသီဥတုဟာ ဗုဒ္ဓဂယာဧရိယာမှာ အေးမြသာယာလှတာကြောင့် ဘုရားဖူးကြွရောက်လာတဲ့ ပရိသတ်တွေကို စိတ်ရွှင်လန်းစေသလို မဟာဗောဓိပင်ကြီးပင်ကလည်း ရွက်ဟောင်းတွေကြွေပြီးလို့ ရွက်သစ်တွေနဲ့ စိမ်းလန်းစိုပြေနေတဲ့အချိန် မဟာဗောဓိပင်ကြီးကိုဖူးမြင်ရသူတွေအဖို့ စိတ်ဘဝင်အေးမြစေ တာ
ကတော့ အမှန်ပါပဲ။
အနောက်ကနေ နေရဉ္ဇရာမြစ်ကိုဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြေလေညှင်းတွေကလည်း ခရေပင် လေးကို
လှုပ်ခတ်နေ၍ပန်းခရေရနံ့တွေကိုသယ်ယူပို့ဆောင်နေတာမို့မဟာဗောဓိပင်ရဲ့အနီးတစ်ဝိုက်မှာ ပန်းခရေရနံ့
တွေက မွှေကြိုင်သင်းပျံ့နေပါတယ်။
ဂျူလိုင်၊ သြဂုတ်၊စက်တင်ဘာလတွေမှာ အိန္ဒိနိုင်ငံတဝှမ်းက ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓဂယာကိုဘုရား
ဖူးလာကြတဲ့ အချိန်ရာသီလည်းဖြစ်တော့ ဗုဒ္ဓဂဟာမှာ ဘုရာဖူးပရိသတ်တွေအလွန်စည်ကားလို့နေပါတယ်။ သူတို့တွေကတော့ ခရေပန်းရနံ့ကိုမနှစ်သက်ကြလို့လား ဒါမှမဟုတ် သူတို့တွေအတွက်ရာသီပန်းမဟုတ်လို့
လား ခရေပန်းလေးတွေကို အလေးမထားကြပါဘူး။ ဒီရာသီဟာအမိမြေမြန်မာနိုင်ငံမှာတော့ ခရေပင်
အောက်တွေမှာ ခရေပန်းလေးတွေကို အလုအယက်ကောက်ယူနေကြတဲ့ အချိန်ရာသီပဲမဟုတ်လား။
ဒီလို မြင်ကွင်းတွေကို မြင်ယောင်မိပြီး အတွေးစိတ်မှာ အမိမြေ မြန်မာပြည်ကြီးကို လွမ်းဆွတ်သတိရလာမိပါ
တော့ တယ်။
ခုတော့ခရေပန်းလေးတွေကိုမည်သူကမျှမမြတ်နိုး၊အရေးလုပ်မည့်သူလည်းမရှိ မကြာမီအမိုက်လှည်းတဲ့ ကုလားကြီးရဲ့အမိုက်တောင်းထဲသို့ ရောက်ရတော့မယ်။ မဟာဗောဓိပင်အောက်မှာ တရားဘာဝနာရှုမှတ်ပွါး
များပြီးလို့ မဟာဗောဓိပင်ကြီးကို လှည့်လည်ပူဇော်နေခိုက် စာရေသူရဲ့အနံ့အာရုံကို ခရေပန်းရနံ့လေးတွေက
လာပြီးနှုတ်ဆက်နေကြပါတယ်။ စိတ်ချမ်းသာလိုက်တာ။
ခရေပင်အောက် စာရေးသူရောက်သွားတဲ့အခါ တဖြုတ်ဖြုတ်ကြွေကြနေတဲ့ ခရေပန်းလေးတွေကိုကြည့်
ပြီးဘုရားမှာကပ်လှူပူဇော်ချင်တဲ့ စိတ်တွေဖြစ်ပေါ်လာပါတယ်။ ဒါနဲ့ ဘုရားဈေးမှာ ပန်းကန်ပြားသုံးချပ်ဝယ်
ယူလိုက်ပြီး ပန်းခရေလေးတွေကို ဖွဖွလေးကောက်၊ ရေနဲ့သန့်ရှင်းစွာဆေးကြော၍ ပန်းကန်ပြားမှာထည့်ကာ
ဘုရားမှာ ကပ်လှူပူဇော်လိုက်ပါတယ်။
မဟာဗောဓိပင်ရဲ့အနီးတဝိုက်မှာ ခရေပန်းရနံ့တွေ မွှေကြိုင်သင်းပျံ့နေသလို ပွင့်တော်မူသွားကြတဲ့ ဘုရားအဆူဆူတို့ရဲ့ သစ္စာဓမ္မရနံ့တွေကလည်း ဒီနေရာမှာ ပြန့်နှံ့လျက် ယနေ့တိုင် မွှေးကြိုင်နေဆဲပါပဲ။ ဘုရားရှင်ဟာ မဟာဗောဓိပင်အောက်မှာ သဗ္ဗညုတဥာဏ်ကိုရပြီးလို့ ဗောဓိပင်ရဲ့အနီးမှာ သတ္တသတ္တာဟ
(၄၉)ရက် ဖလသမာပတ်ကို ဝင်စားပြီးတဲ့နေ့ ရာဇာယတနသတ္တာဟမှာစံတော်မူစဉ် တပုဿနဲ့ ဘလ္လိကာ
ကုန်သည်ညီနောင်နှစ်ဦးကို “ဗုဒံ္ဓသရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊” ဒွေဝါစိကသရဏဂုဏ်ရနဲ့တွေ စတင်ပြန့်ဝေခဲ့ပါတယ်။ အဲဒီအချိန်မှာ သရဏဂုဏ်(၂)ပါးပဲပေါ်ပါသေးတယ်။
အဲဒီနောက် ရာဇာယတန-လင်းလွန်ပင်နေရာမှနေ၍ အဇပါလဆိတ်ကျောင်းညောင်းပင်ရင်းသို့ပြန်ကြွချီ
တော်မူလာကာ နှစ်ရက်သုံးရက် စံနေတော်မူပြီးနောက် ဓမ္မရနံ့တွေစတင်ပြန့်ဝေဖို့ (၁၈)ယူဇနာ ၁၂၉-မိုင်ခန့်
ဝေးတဲ့ ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောသို့ ခြေလျင်ခရီး ကြွချီတော်မူပါတယ်။ မိဂဒါဝုန်တောသို့ရောက်
တော်မူတဲ့အခါ ဝါဆိုလပြည့်စနေနေ့ ညနေ ‘နေ’ကအဝင်၊ ‘လ’ ကအထွက်အချိန်မှာ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစက္က
ပဝတ္တနသုတ်တော်ကို တရားဦးဟောကြားတော်မူပါတယ်။
ဘုရားရှင်ထံတော်မှ ဓမ္မစက္ကပဝတ္တနသုတ္တန်တရားဒေသနာတော်ကို နာကြားပြီး၍ ကြားနာတဲ့အတိုင်း ကျင့်သုံးပွါးများကြတဲ့အတွက်ကြောင့် ပဉ္စဝဂ္ဂီငါးဦးထဲမှာ ကောဏ္ဍညဟာ သစ္စာလေးပါးကို ပထမဦးဆုံး ကိုယ်တိုင်သိ၍ သောတာပန်ဖြစ်ပါတယ်။ ဝါဆိုလပြည့်ကျော်(၁)ရက်နေ့မှာ ဝပ္ပ၊ ဝါဆိုလပြည့်ကျော်(၂)ရက်
နေ့မှာ ဘဒ္ဒိယ၊ ဝါဆိုလပြည့်ကျော် (၃)ရက်နေ့မှာ မဟာနာမ်၊ ဝါဆိုလပြည့်ကျော် (၄)ရက်နေ့မှာ အဿဇိ အ
စဉ်အတိုင်း သောတာပန်ဖြစ်ကြပါတယ်။ “ဧဟိ ဘိက္ခု”ရဟန်းတွေဖြစ်သွားကြပါတယ်။
အဲဒီအခါကျမှာ မြတ်ဗုဒ္ဓသာသနာတော်ထဲမှာ ပဉ္စဝဂ္ဂီရဟန်းတွေဟာ သံဃာရတနာတွေဖြစ်ကြပြီး သံဃာ
ရတနာစတင်ပေါ်ပေါက်ခဲ့လေပြီ။ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၄)ရက်နေ့ဟာ သံဃာရ
တနာစတင်ပေါ်ပေါက်တဲ့နေ့ဖြစ်သလို ရတနာသုံးပါးစုံတဲ့နေ့လည်းဖြစ်ပါတယ်။
ပဉ္စဝဂ္ဂီငါးဦးတို့ဟာ သောတာ
ပန်မျှသာဖြစ်ကြပါသေးတယ်။ ရဟန္တာမဖြစ်ကြသေး။ သူတို့တွေဟာ ယခင်က အတ္တကို အရှိထား၍ အရိသစ္စာကိုရှာဖွေနေသူများဖြစ်ကြပါတယ်။ ယခုတော့ ဘုရားရှင်ရဲ့တရားတော်ကို နာကြားရ၍ အတ္တဆိုတာမရှိ၊ ဒုက္ခသာရှိကြောင်းကို ပိုင်းပိုင်းခြားခြား သိမြင်ကြလေပြီ။ အတ္တဝါဒကြီးကို ပယ်ကြပေပြီ။ အရိသစ္စာတရားကို ကောင်းစွာသိ၍ နိဗ္ဗာန်ကိုမျက်မှောက်ပြုကြပေပြီ။
ဝါဆိုလပြည့်ကျော်(၅)ရက်နေ့မှာဘုရားရှင်ကအနတ္တလက္ခဏသုတ်တော်ကို ဆက်လက်ဟောကြားလိုက်
တဲ့အခါ ပဉ္စဝဂ္ဂီ ငါးဦးလုံး အာသဝေါကင်းကွာရဟန္တာဖြစ်သွားကြပါတယ်။ ဘုရားရှင်ရဲ့ဓမ္မရနံ့တွေဟာ
ဗုဒ္ဓဂ ယာမှသည် မိဂဒါဝုန်၊ မိဂဒါဝုန်မှသည် လောကကြီးတစ်ခုလုံးကို ယနေ့တိုင် မွှေးကြိုင်သင်းပျံ့နေဆဲဖြစ်ပါ
တော့သည်တကား။
သစ္စာရောင်ခြည်
(၂၀-၈-၂၀၁၀)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP