* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 20, 2010

ဆေးပညာမှတ်စု-သမိုင်းနှင့်အခြားစပ်စုမှုများ(၃)

အူရောင်ငန်းဖျားရောဂါ (Typhoid fever)


ဘီစီ ၄၃၀-၄၂၄ မှာ အေသင်မြို့ရဲ့ လူဦးရေ သုံးပုံတစ်ပုံကို သတ်ဖြတ်ခဲ့တဲ့ အူရောင်ငန်းဖျားရောဂါဟာ အခုရာစုနှစ်တွေအထိ ဒုက္ခပေးနေတုန်းပဲ။ သောက်ရေသန့် ရရှိဖို့နဲ့ တခြားကျန်းမာရေး အချက်တွေက အူရောင်ငန်းဖျားကို ကာကွယ်ဖို့ အဓိကအချက်ဖြစ်တယ်။

အူရောင်ငန်းဖျားကြောင့် သေဆုံးတဲ့ထဲမှာ အမှတ်ရစရာကောင်းတဲ့ သေပျောက်မှုတတစ်ခုကတော့ ၁၈၅၁ ဧပြီ၂၃ မာလ်ဗင်မှာ ဖြစ်ပွားခဲ့တဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ သေခြင်းတရားပါပဲ။ အဲဒီမိန်းကလေးရဲ့ သေခြင်းတရားက ရိုးရိုးစင်းစင်း မဟုတ်ဘဲ ယနေ့ခေတ်လူသားတွေကို ထူးထူးခြားခြားပုံစံနဲ့ ရစ်နှောင်နေတယ်။ အဲဒီမိန်းကလေးရဲ့ နာမည်က အန်နီဒါဝင် (Annie Darwin)။ သူ့အဖေနာမည်က ချားလ်စ်ပါ (Chalres)။ ချားစ်ဒါဝင်ဆိုတာဟာ ခုခေတ်လူတွေရဲ့ ဦးနှောက်ထဲ ဆားများပွင့်သလိုပွင့်နေတဲ့ "ဆင့်ပွားသီဝရီ" (evolutionary theory) ကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်ပါပဲ။ အန်နီဟာ ချာလ်းစ်ဒါဝင်ရဲ့ အချစ်ခင်ရဆုံး သမီးပျိုဖြစ်ပြီး သူ့ရဲ့ သေဆုံးမှုကြောင့် ဒါဝင်ကြီးဟာ တရားမျှတတဲ့ အကျင့်သိက္ခာရှိတဲ့ စကြာဝဠာ (just and moral universe)ဆိုတဲ့ အယူအဆအပေါ် ယုံကြည်မှုကင်းပျောက်သွားတယ်။ ဒါကြောင့် သူ့ရဲ့ စိတ်ဟာ အအိုမင်းဆုံး မေးခွန်းကိုဖြေဖို့ အလွန်အကျည်းတန်တဲ့ အဖြေတစ်ခုဆီ တွန်းပို့တာခံရတယ်။ သူ့အဖြေကတော့ "ကျွန်တော်တို့ကို သဘာဝက ရွေးချယ်တယ်။ သဘာဝကိုကျေးဇူးတင်ရမယ်။ အတော်ဆုံးသူသာ အသက်ရှင်နိုင်မယ်။ (The survival of the fittest) ။" နောက်တစ်ခုကိုတော့ သူ့ရဲ့ အသုံးအနှုန်းအတိုင်း ဖော်ပြလိုက်တယ်။ သဘာဝ ရဲ့ အသုံးမကျတဲ့ မှားယွင်းတဲ့ နိမ့်ကျဆိုးရွားပြီး ရက်စက်တဲ့ အလုပ်များ ("wasteful, blundering, low and horridly cruel works of nature")ဆိုတဲ့အဖြေပဲ ဖြစ်ပါသတဲ့။


Toxoplasmosis ရဲ့ ပြုံးစရာအကွက်

Typhoid fever က T စာလုံးနဲ့စတယ်။ T ထဲမှာ ပြုံးချင်စရာကောင်းတဲ့ ရောဂါက တောက့်ဆိုပလပ်မိုးစစ် (Toxoplasmosis ) ဖြစ်တယ်။ ဒေါက်တာများက တော့က်စ်ဆိုဖြစ်ရင် အေ့ဒ်စ်(AIDS)ကို အရင် သတိရကြပါတယ်။ လူတွေမှာဆိုရင် ခုခံအားကျဆင်းတဲ့ ပုဂ္ဂိုလ်တွေမှာမှ ဒီကပ်ပါးကောင်က မင်းမူနိုင်တာကိုး။ ဒီကပ်ပါးကောင်ရဲ့ အဓိက လက်ခံကောင်ဟာ ကြောင်ဖြစ်ပါသတဲ့။ ဒါပေမယ့် ခေါင်းရှုပ်စရာကောင်းတာတွေထုတ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ကြွက်များရဲ့ အပြုအမူကို စဉ်းစားကြည့်ပါ။ ပုံမှန်အားဖြင့် ကြွက်တွေဟာ ကြောင်နဲ့တကွသော ကြောင်သေးနံ့ ကြောင်ချေးနံ့ကို ကြောက်ကြရတယ်။ ကြောက်လည်း ကြောက်သင့်တယ်လေ။ ကြောင်သေးနံ့ဟာ ကြွက်အတွက် သေမင်းရဲ့ သင်္ကေတမဟုတ်လား။

ခက်တာက အကြောက်တရားကို ထိန်းတဲ့နေရာဟာ ဦးနှောက်ထဲက လန်တီဖွန်းနူကလီးယပ်စ် (lentiform nucleus) ထဲက အမစ်ဒလာ (amygdala) ဖြစ်ပါတယ်။ toxoplasmosis က ကြွက်တွေရဲ့ amygdala ကို ဖျက်ဆီးလိုက်တဲ့အတွက် ကြွက်တွေဟာ ကြောင်သေးနံ့နဲ့တကွသော သေးပိုင်ရှင် ကြောင်တွေကို မကြောက်တော့ဘဲ မကြောက်တရားကို ဆွဲကိုင်လျက် ကြောင်တွေကို သွားသွားပြီး ကစားကြတယ် ဆိုပါတယ်။ ရလာဒ်ကတော့ ဗေဒင်တွက်စရာမလို၊ သေခြင်းတရားပါပဲ။ တော့က်ဆိုကို လေ့လာနေတဲ့ တချို့ ဆရာတွေကတော့ ( ဥပမာ Robert Sapolskyx ) ကတော့ ရောဂါခံစားရပြီး amygdala ပျက်သွားတဲ့ ကြွက်တွေဟာ ကြောင်သေးနံ့ကို မကြောက်တဲ့အပြင် သေးနံ့အပေါ် ထူးထူးခြားခြား လိင်ဆွဲဆောင်မှုတွေ ဖြစ်ကြတယ် ဆိုပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP