* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 30, 2010

Research In Motion မှအထွေထွေမန်နေဂျာ အလန်ဘရင်နာနှင့် BlackBerry အကြောင်းစကားစမြည်...


Research In Motion ကုမ္ပဏီ ဟာမကြာမီကပဲ BlackBerry စမတ်ဖုန်းတွေအတွက် third-party applicati on တွေနဲ့ပင်မ BlackBerry application တွေပေါင်းစပ်တဲ့ feature အသစ်တွေကို ဖွင့်လှစ်ပြသ လိုက်ပါတယ်။ ဒါကြောင့်ပဲ zDNet UK ဟာ Research In Motion (RIM) ရဲ့ BlackBerry Platform အတွက် တာဝန်ယူ ထားရသူ အထွေထွေမန်နေဂျာအလန်ဘရင်နာနဲ့ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါတယ်။

တခြားစမတ်ဖုန်းတွေနဲ့ယှဉ်ရင် ပေါင်းစပ်ထားတဲ့အသစ်တွေ ကို BlackBerry မှာထည့်သွင်းဖို့စဉ်းစားမိတာ ဘာကြောင့်ပါလဲ။

အရေးကြီးတဲ့အချက်ကတော့၊ ကျွန်တော်တို့ဟာသူများနဲ့မတူကွဲ ပြားတယ်ဆိုတာပါ။ ဈေးကွက်ထဲ ကျွန်တော်တို့ ရှုမြင်ထားတာကနေရလာတဲ့အများနဲ့ မတူတဲ့ချဉ်းကပ် နည်းကျွန်တော်တို့မှာ ရှိပါတယ်။ အခုလိုမျိုး Third-party applicationတွေကိုသုံးတာကတော့ ထူးခြားတယ်။ပြီးတော့ဒါကပဲ BlackBerry အဖြစ်ရပ်တည် နေတဲ့ကျွန်တော် တို့ရဲ့အစဉ်အလာကိုပြောပြနေတယ်။ ကျွန်တော်တို့လုပ်သမျှကတော့ userတွေရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီ အောင်၊ application တွေကိုအတူတကွအလုပ် လုပ်နိုင်အောင်ပဲ ဦးတည်ပါတယ်။

ကျွန်တော့် platform ရဲ့ဗိသုကာပုံစံကိုတော့ developer အများစုကစိတ်ဝင်စားကြပါတယ်။ ယနေ့အထိကိုပဲ အများစုကတော့ mobile computing ကိုအထင်မှားနေကြတုန်းပဲ။ ဒါဟာ desktop ကွန်ပျူတာတွေရဲ့ programming အမြင်တွေ၊ စံပုံစံ model တွေနဲ့ computing ပိုင်းဗိသုကာ ကိုချဲ့ထွင်ထားရုံသက်သက်မဟုတ် ပါဘူး။ ဈေးကွက်ထဲရှိနေတဲ့ platform အများစုကိုကြည့်လိုက်ပါလေ။ ဘယ်အပိုင်းမှာမဆိုအဲဒါ တွေဟာ အစဉ်အလာ desktop computing model တွေကိုပါး နပ်စွာမှီငြမ်းပြင်ယူပြီး mobile device တွေအဖြစ် လုပ်ထားတာ တွေ့ရမှာပါ။

လူကြီးမင်းက BlackBerry ' flow ' အကြောင်းပြောတော့၊ ဒါဟာ 'flow state' ဆိုတဲ့ အိုင်ဒီယာကိုပဲ ရည်ညွှန်းတာမဟုတ်လား။ အဲဒီမှာက user တစ်ဦးဟာ အချိန်ကုန်လွန်သွားတာကို သတိမထားမိဘူး။ ဒါပေမဲ့ အလုပ်တွေ အများကြီးတော့ လုပ်ပြီးဖြစ်သွားမယ်မလား။

BlacBerry ဘယ်လိုစွမ်းဆောင်နိုင်သလဲဆိုတာကပဲ သူဟာ ဘာအမျိုးအစားလဲဆိုတာ ပြနေတာပေါ့။ ' flow ' အကြောင်းကို ကျွန်တော်တို့ ဆင်ခြေတွေရှိပါတယ်။ အဲဒီခင်ဗျားရဲ့ (user) ရဲ့အာရုံစိုက်မှုဟာလည်း application တွေကြားမှာ နစ်မြှုပ်စီးဆင်းနေမှာပဲလေ။ ဒါကိုသတိထားမိမှာ မဟုတ်ပါဘူး။ နောက်ပြီး ဒီ flow ဆိုတာက API တွေက applicationတွေ၊ dataတွေကိုလွှဲပြောင်းရာ၊ ထိန်းချုပ်ရာနည်းလမ်းလို့လည်း အဓိပ္ပာယ်ပေါက်စေပါ တယ်။

BlackBerryကို လုံခြုံရေးအပိုင်းအရစိတ်ချရအောင် လုပ်ရသလို၊ developer တွေအတွက်လည်း ပိုပြီးပူးပေါင်း လုပ်ဆောင်နိုင်အောင် ရွေးချယ်စရာတွေလည်းပေးရတော့၊ ဟိုဘက်ဒီဘက်ချိန်ခွင် လျှာညီအောင်၊ balance ဖြစ် အောင်ဘယ်လိုထိန်းညှိပါသလဲ။

ကျွန်တော်တို့ဟာဒီ ချိန်ခွင်ကိုထိန်းဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အဓိက တန်ဖိုးထားတာဟာ platform ပိုင်းမှာရော၊ device ရဲ့ security ပိုင်းမှာဖြစ်လို့ပါ။ ကျွန်တော်တို့ ကုန်ပစ္စည်း ရဲ့ security ပိုင်းနဲ့ပတ် သက်လို့ ဘယ်လိုယိုပေါက်မှမရှိအောင် ဆောင်ရွက်ထားပါတယ်။

iPhoneကလွဲရင်၊ ကျန်တဲ့ စမတ်ဖုန်း platform တွေတိုင်းမှာ devices အမျိုးမျိုးနဲ့စွမ်း ဆောင်ရည်အမျိုးမျိုး ကွဲပြားခြားနားကြတယ်။ ဒီလိုမျိုးအနေအထားမှာ လူကြီးမင်းတို့ရဲ့ features အသစ်တွေကို မိတ်ဆက်လိုက် တော့ ဘယ်လိုနေသလဲ။

ကျွန်တော်တို့ဟာ အသစ်ထုတ်လိုက်တဲ့ပစ္စည်းတစ်ခုကို မိတ်ဆက်လိုက်တိုင်း၊ လက်ရှိဈေးကွက်ထဲရှိနေတဲ့ ထုတ် ကုန်ပစ္စည်းတွေအတွက်လည်း updateတွေ ပံ့ပိုး ပေးထားပါတယ်။ ဈေးကွက်ထဲ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ဒါဟာလိုအပ် ချက်ဆိုတာကျွန်တော်တို့ကောင်း ကောင်းသိပါတယ်။

နှစ်စဉ်နှစ်တိုင်း၊ ၁၅ လကာလ ကြာတိုင်းမှာ ကျွန်တော်တို့ရဲ့စား သုံးသူတွေနှစ်ဆပိုတိုးတက်လာနေပါတယ်။ လူတွေဟာသူတို့ရဲ့စမတ် ဖုန်းတွေ၊ မိုဘိုင်း device တွေကို ကာလရှည်သုံးကြတာပါပဲ။ ဒါပေမဲ့ အတော်များ များဟာလည်း ယခုအခါ ပစ္စည်းသစ်တွေသုံးနေကြတာပါ။

RIMကုမ္ပဏီအတွက်ရော အကြီးမားဆုံးအခက်အခဲ (challenge)က ဘာဖြစ်မလဲ။ developer တွေနဲ့အလုပ် လုပ်ရာမှာ ရောအခက်အခဲကဘာများဖြစ်မလဲ။

ရင်ဆိုင်နေရတဲ့ challenge တွေထဲကတစ်ခုကတော့ ကျွန်တော်တို့ အရွယ်အစားကြီးမားလာလို့ အဆင်ပြေပြေ လည်ပတ်နိုင်အောင်လုပ်နေရတာပါပဲ။ ပြီးခဲ့တဲ့ သုံးလေးနှစ်လောက်ကတော့ application ကုမ္ပဏီတစ်ခုမျှ သာပဲ။ ဒီနေ့တော့ ဈေးကွက်တွေအားလုံးမှာပါလုပ်နေရတယ်။ စီးပွားရေး လုပ်ငန်းပိုင်း၊ SMB ပိုင်း၊ စားသုံးသူ အပိုင်းတွေမှာပေါ့။ အရင်တုန်းက ကျွန်တော်တို့မြောက် အမေရိကမှာပဲရှိခဲ့တယ်။ အခုတော့ ဂလိုဘယ်ဆန်လာ ပြီ။ နိုင်ငံပေါင်း ၁၇၀ မှာ ကျွန်တော်တို့အလုပ်လုပ် နေပါတယ်။ ၀န်ထမ်း ၅၀၀ ကျော် ရှိပါတယ်။

[အင်တာနက်ဂျာနယ် - မှ ကူးယူဖော်ပြသည်။] Click Here…

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP