*ငွေရတုမွေးနေ့ အမှတ်တရ မွေးနေ့ လက်ဆောင်*
ကမ်းစပ်သို့ ...အတွေး တောင်ပံခတ်သံ
ညီရေ...
ဒီတစ်ခေါက် ညီ့မွေးနေ့ ကိုတော့ ဒီရက်ပိုင်းတွေ အတွင်း အစ်ကို ဖတ်ဖြစ်ခဲ့တဲ့ စာတွေထဲက အစ်ကို့ အတွက် Food For Thoughts ဖြစ်စေခဲ့တဲ့ အကြောင်းအရာအချို့ ကို ညီ့အတွက် ငွေရတုမွေးနေ့ လက်ဆောင် အဖြစ် ပြန်လည်ဝေမျှ ပေးလိုက်ပါတယ်။
(၁)
“သင်တို့ဟာ အသိပညာ ရရှိရေး၊ အမှန်တရားကို သိမြင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမြတ် စင်ကြယ် တိုးတက်ရေး အတွက် အားမထုတ်ကြဘဲ တစ်နေ့ပြီး တစ်နေ့ ပစ္စည်းဥစ္စာ တိုးတက်ရေး၊ ဂုဏ်သိက္ခာ မြင့်မားရေး၊ ထင်ပေါ် ကျော်ဇောရေး အတွက်သာ လောဘတကြီး ကြိုးစားနေခြင်းကို မရှက်ကြသလော....”
ဆော့ခရတ္တိက သူ့ကို သေဒဏ်ပေးဖို့ အပြစ်ရှာကြတဲ့ ဂျူရီလူကြီးတွေကို ပြောခဲ့ဖူးတဲ့ စကားပါ။
အစ်ကို ကတော့ ဆော့ခရတ္တိ စကားဟာ ဂျူရီလူကြီးတွေကို ရည်ရွယ်ပြောလိုက် ပေမယ့်လို့ အစ်ကို အပါအ၀င် လူတော်တော် များများကို ရည်ရွယ် ပြောလိုက်သလား လို့တောင် ထင်မိပါတယ်။ ဘာလို့လဲ ဆိုတော့ အစ်ကိုတို့ နေ့စဉ်နှင့်အမျှ ဘ၀ရှင်သန် ရပ်တည်ရေး အတွက် ရုန်းကန် လှုပ်ရှားနေကြတာမှာ ဆော့ခရတ္တိ အပြစ်ပြ ပြောခဲ့တဲ့ အချက်တွေနှင့် လွတ်တဲ့နေ့များ ရှိမှရှိရဲ့လားလို့  ကိုယ့်ကိုယ်ကို မလုံမလဲ တွေးမိလို့ ပါ ညီရေ။

(၂)
ခုနက ဆော့ခရတ္တိ ပြောခဲ့တဲ့ ပစ္စည်းဥစ္စာတွေ၊ ထင်ပေါ် ကျော်ကြားမှုတွေ၊ ဂုဏ်သိက္ခာ တွေက လူတစ်ယောက်ရဲ့ တန်ဖိုးကို တစ်နည်းတစ်ဖုံ မြှင့်တင်ပေးတဲ့ အထောက်အကူတွေ ဖြစ်နေလေတော့ ဒါတွေမရှိရင် ဘ၀ရဲ့တန်ဖိုးကို ဘာနဲ့ တိုင်းတာမလဲလို့ ဆက်ပြီး တွေးမိတယ်။ ဘုန်းဘုန်း ရဝေနွယ် ရဲ့ ဆောင်းပါး တစ်ခုမှာတော့
လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာနဲ့ ဆုံးဖြတ်မလဲ။ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင် ကျော်ကြားမှု၊ အခြံအရံတွေနဲ့ တိုင်းတာမလား။
ဒါတွေနဲ့ တိုင်းတာလို့ မရပါဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးကို သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာ သုံးပါးနဲ့ပဲ တိုင်းတာရမှာပါ။ လူတစ်ယောက်ဟာ သိက္ခာ သုံးပါးနဲ့ ပြည့်စုံနေရင် တန်ဖိုး ရှိနေတာပါပဲ။
လို့ ဆိုထားတာ တွေ့တယ်။ ဒါကို ဖတ်မိပြန်တော့ ခုနက ဆော့ခရတ္တိ စကားကြောင့် လိပ်ပြာမလုံ ရတဲ့အထဲ ကိုယ့်ဖာသာ ငါ တကယ်ကော တန်ဖိုးရှိရဲ့လား ဆိုတဲ့ မေးခွန်းကို ထပ်မေးရပြန်ရော ညီရေ။
(၃)
အနှစ်တစ်ရာနေမှ ပင်လယ် သမုဒ္ဒရာ ရေပြင်ပေါ်ကို တစ်ကြိမ်လောက် ပေါ်တဲ့ လိပ်ကန်းကြီးနဲ့ အဲဒီ သမုဒ္ဒရာထဲမှာပဲ မျောနေတဲ့ အပေါက်တစ်ခုတည်း ပါတဲ့ ထမ်းပိုးတုံးတစ်ခုတို့ လိပ်ရဲ့ ခေါင်းနှင့် ထမ်းပိုးရဲ့ အပေါက်တို့ စွပ်မိဖို့ လွယ်ချင် လွယ်ဦးမယ်။ အပါယ်ဆိုတဲ့ မကောင်းတဲ့ ဘုံဘ၀မျိုးကို တစ်ကြိမ် ရောက်သွားတဲ့ သူဟာ ကောင်းမြတ်တဲ့ လူ့ဘ၀မျိုးကို ပြန်ဖြစ်နိုင်ဖို့ ကတော့ မလွယ်တော့ဘူးတဲ့။ လိပ်ကန်း ထမ်းပိုးစွပ်နိုင် ခွင့်ထက် အဆအရာ၊ အထောင်မက ခဲယဉ်းတယ်တဲ့။
ဒီစကားစုကို အစ်ကိုတို့ တစ်တွေဟာ ခဏခဏ ကြားလည်း ကြားနေရသလို၊ ကိုယ်တိုင်လည်း သူများတွေကို ပြောပြဖြစ်ကြ ပါတယ်။ ဒီလိုကြားရတိုင်း၊ ပြောဖြစ်တိုင်း မှာလည်း လူဖြစ်ရခြင်း အတွက် မိမိကိုယ်မိမိ သိသိသာသာရော၊ မသိမသာပါ စိတ်ထဲက ဂုဏ်ယူနေမိတတ် ပါတယ်။
လူအဖြစ် လူ့ဘ၀ကို ရလာတယ်၊ ရောက်လာတယ်ပဲ ထားပါဦး၊ အဲဒီလူဟာ အယူလွဲ၊ အမှတ်လွဲ ဖြစ်နေတဲ့သူ ဖြစ်နေရင်...
အဲဒီလူဟာ ကံနဲ့ ကံရဲ့ အကျိုးဆက်ကို မယုံကြည်တဲ့သူ ဖြစ်နေရင်...
ရုပ်သည်သာ အမှန်အရှိတရား၊ ကျန်တာတွေ မရှိတရား၊ မဟုတ်တရား တွေလို့ ယုံနေတဲ့ ရုပ်ဝါဒီ ဖြစ်နေရင်....
မှန်တယ် မှားတယ်လို့ မဆုံးဖြတ်နိုင်တဲ့ သံသယ၀ါဒီ ဖြစ်နေရင်....
သေတော့လည်း အားလုံး ပြီးဆုံး ပြတ်စဲသွားတာ ပါပဲလို့  ယုံကြည်နေသူ ဖြစ်နေရင်....
လူဟာ ဘ၀အကြောင်း နားလည်ဖို့ မဟုတ်၊ ဘ၀ရဲ့ သုခ ဒုက္ခကို ခံစားတွေ့ ကြုံဖို့ ဖြစ်လာတာလို့ ခံယူသူဖြစ်နေရင်....
လူဖြစ်ရကျိုး နပ်ပါ့မလား....
ဒီလိုမျိုး ဆက်စဉ်းစား ကြည့်မိတဲ့ အခိုက်မှာတော့ လူဖြစ်ရခြင်းအပေါ် ဂုဏ်ယူနေမိတဲ့ စိတ်နေရာမှာ လူအဖြစ်နဲ့ ဘယ်လို အသက်ရှင်နေမှ ကောင်းတဲ့ အသက်ရှင်နေခြင်းလဲ... ဆိုတဲ့ အတွေးက နေရာယူပြီး စိတ်ပင်ပန်းမှုနှင့် အတူ သက်ပြင်းမောကြီး ချဖြစ်လိုက်တယ် ညီရေ။
ဒီစကားစုကို အစ်ကိုတို့ တစ်တွေဟာ ခဏခဏ ကြားလည်း ကြားနေရသလို၊ ကိုယ်တိုင်လည်း သူများတွေကို ပြောပြဖြစ်ကြ ပါတယ်။ ဒီလိုကြားရတိုင်း၊ ပြောဖြစ်တိုင်း မှာလည်း လူဖြစ်ရခြင်း အတွက် မိမိကိုယ်မိမိ သိသိသာသာရော၊ မသိမသာပါ စိတ်ထဲက ဂုဏ်ယူနေမိတတ် ပါတယ်။
လူအဖြစ် လူ့ဘ၀ကို ရလာတယ်၊ ရောက်လာတယ်ပဲ ထားပါဦး၊ အဲဒီလူဟာ အယူလွဲ၊ အမှတ်လွဲ ဖြစ်နေတဲ့သူ ဖြစ်နေရင်..
အဲဒီလူဟာ ကံနဲ့ ကံရဲ့ အကျိုးဆက်ကို မယုံကြည်တဲ့သူ ဖြစ်နေရင်...
ရုပ်သည်သာ အမှန်အရှိတရား၊ ကျန်တာတွေ မရှိတရား၊ မဟုတ်တရား တွေလို့ ယုံနေတဲ့ ရုပ်ဝါဒီ ဖြစ်နေရင်....
မှန်တယ် မှားတယ်လို့ မဆုံးဖြတ်နိုင်တဲ့ သံသယ၀ါဒီ ဖြစ်နေရင်....
သေတော့လည်း အားလုံး ပြီးဆုံး ပြတ်စဲသွားတာ ပါပဲလို့  ယုံကြည်နေသူ ဖြစ်နေရင်....
လူဟာ ဘ၀အကြောင်း နားလည်ဖို့ မဟုတ်၊ ဘ၀ရဲ့ သုခ ဒုက္ခကို ခံစားတွေ့ ကြုံဖို့ ဖြစ်လာတာလို့ ခံယူသူဖြစ်နေရင်....
လူဖြစ်ရကျိုး နပ်ပါ့မလား....
ဒီလိုမျိုး ဆက်စဉ်းစား ကြည့်မိတဲ့ အခိုက်မှာတော့ လူဖြစ်ရခြင်းအပေါ် ဂုဏ်ယူနေမိတဲ့ စိတ်နေရာမှာ လူအဖြစ်နဲ့ ဘယ်လို အသက်ရှင်နေမှ ကောင်းတဲ့ အသက်ရှင်နေခြင်းလဲ... ဆိုတဲ့ အတွေးက နေရာယူပြီး စိတ်ပင်ပန်းမှုနှင့် အတူ သက်ပြင်းမောကြီး ချဖြစ်လိုက်တယ် ညီရေ။
(၄)
ဘုန်းဘုန်း ဓမ္မဂင်္ဂါ ရဲ့ အတွင်းသားကို တူးဖြိုမိခြင်း ဆိုတဲ့ ပို့စ်ကို ညီ ဖတ်ဖြစ်ခဲ့လိမ့်မယ် ထင်ပါတယ်။ အဇာတသတ် မင်းအကြောင်း ရေးထားတာ။ အဲဒီပို့စ်ကို အစ်ကို ဖတ်ပြီး သိပ်မကြာခင်ပဲ ဘုန်းဘုန်းရဝေနွယ် ရဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ အဲဒီထဲမှာ ပုဂ္ဂိုလ်သုံးမျိုး ရှိတယ်တဲ့။
၁။ ပါရမီ မပါခဲ့တဲ့ သူရယ်။
၂။ ပါရမီ ပါခဲ့တဲ့ သူရယ်။
၃။ ပစ္ဆိမ ဘ၀ိက ပုဂ္ဂိုလ်ရယ်။
ပစ္ဆိမဘ၀ိက ပုဂ္ဂိုလ် ဆိုတာက ဒီဘ၀ ဧကန်မုချ ရဟန္တာ ဖြစ်ရမယ့် သူပါ။ အဲဒီပုဂ္ဂိုလ် တစ်ယောက်ပဲ စိတ်ချရပါတယ်တဲ့။
အဇာတသတ် မင်းဟာ တရားထူးရဖို့ အတွက်တော့ ပါရမီ ပါခဲ့ပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို မိမိ မတည်ဆောက်နိုင်တဲ့ အတွက် တရားထူးနဲ့ ဝေးသွားရပါတယ်။
ပသေနဒီ ကောသလမင်းကြီးတို့ ၊ ဝေရဉ္ဖ ပုဏ္ဏားတို့ ကျတော့ မြတ်စွာဘုရားနဲ့ အကြာကြီး တွေ့ရပေမယ့် ပါရမီမပါခဲ့လို့ တရားထူး မရကြတာပါ။
ဒါတွေကို ထောက်ပြီး မိမိကိုယ်ကိုမိမိ တည်ဆောက်ခြင်းဟာ လူတစ်ယောက်ရဲ့ ဘ၀မှာ သိပ်ပြီး အရေးကြီးပါတယ်။
သပြေကန် ဆရာတော်ဘုရားက မင်္ဂလာ (၃၈)ပါးမှာ အတ္တသမ္မာ ပဏိဓိ = မိမိကိုယ်ကို မိမိ တည်ဆောက်ခြင်း မင်္ဂလာဟာ အရေးအကြီးဆုံး ပါတဲ့။ မိမိကိုယ်ကို မိမိ တည်ဆောက်လိုက် တာနဲ့ ကျန်တဲ့ မင်္ဂလာ (၃၇)ပါးလည်း ပြည့်စုံသွားတော့ တာပါပဲတဲ့။
(ဘုန်းဘုန်း ဓမ္မဂင်္ဂါစကားနဲ့ ဆိုရင်တော့ အတွင်းသားကို မတူးဖြိုမိဖို့ သိပ်အရေးကြီး ပါတယ်လို့ ပြောရမှာပေါ့။)
ဒါလေးဖတ်မိတော့ မိမိကိုယ်ကို မိမိ တည်ဆောက်ဖို့ အတွက် တကယ် အရေးကြီးပါလားလို့ ကိုယ့်ကိုယ်ကို သတိပေးရင်း ဒီဘ၀အတွက် စိတ်ချရတဲ့ ပစ္ဆိမဘ၀ိက ပုဂ္ဂိုလ် ဟုတ် မဟုတ် ဘယ်လို စမ်းလို့ ရနိုင်မလဲ လို့ ပေါက်ကရတော့ တွေးလိုက်မိသေးတယ် ညီရေ။

(၅)
ဘယ်အလုပ်ပဲ လုပ်လုပ်၊ ဆရာဝန်အလုပ်ပဲ လုပ်လုပ်၊ ကျောင်းဆရာ အလုပ်ပဲ လုပ်လုပ်၊ ဈေးရောင်းတဲ့ အလုပ်ပဲ လုပ်လုပ်၊ ကားမောင်းတဲ့ အလုပ်ပဲ လုပ်လုပ်၊ အရင်ဆုံး အဲဒီစိတ်ထားနဲ့ အဲဒီ စေတနာကပဲ ရှေ့က သွားရမှာပဲ။ ဆရာဝန် ဖြစ်ချင်တယ် ဆိုတာ ဆရာဝန်ဆိုတဲ့ ဂုဏ်လောက်ကို လိုချင်ရင်တော့ ဆရာဝန်ကောင်း တစ်ယောက် မဖြစ်နိုင်ဘူး။ လူတွေရဲ့ ကျန်းမာရေး အခက်အခဲ တွေကို အကူအညီ ပေးချင်တယ်။ ဖြေရှင်းချင်တယ် ဆိုတဲ့စေတနာ အပြည့်အ၀ပါနေရင် ဆရာဝန် မဖြစ်တောင်မှ တစ်နည်းနည်း နဲ့တော့ လူတွေရဲ့ ကျန်းမာရေး အခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့လူ ဖြစ်လာမှာပဲ။ ကျန်းမာရေး စာပေရေးတာတို့ ဖြစ်ချင်ဖြစ်မယ်။ နောက်ဆုံး ဆေးဆိုင်ဖွင့်မယ်။ ဈေးချိုချိုနဲ့ ဆေးကောင်းကောင်း လေးတွေ ရောင်းပေး လိုက်မယ်။
ကိုယ့်စေတနာက ဘာလဲ။ လူအများ ကျန်းမာရေး အခက်အခဲ အဆင်ပြေဖို့။ ဒါပဲ။ ငါဆရာဝန် ဖြစ်ရဖို့ဆိုတာ အဓိက မဟုတ်ဘူး။ လူတွေကို ပညာတတ် စေချင်တယ် ဆိုရင် ငါက ကျောင်းဆရာ မဟုတ်လို့ မလုပ်နိုင်ဘူးလို့ တွေးဖို့ မလိုဘူး။ ကောင်းတဲ့ စာအုပ်ကလေးတွေ လူတွေ ဖတ်ဖြစ်သွားအောင် လူတွေလက်ထဲ ရောက်သွားအောင် နည်းမျိုးစုံနဲ့ လုပ်လို့ ရတယ်။ နောက်ဆုံး စာအုပ်အငှားဆိုင်လေး ဖွင့်တာကအစ လုပ်လို့ ရတယ်။ ကောင်းတဲ့ စာပေတွေ ငှားမယ်၊ ဈေးနှုန်း ချိုချိုသာသာနဲ့ ငှားမယ်၊ လူတွေများများ စာဖတ်ပါစေ။
ကိုယ့်စေတနာသာ မှန်ရင် ကိုယ်စေတနာ ထားတဲ့ အလုပ်ကို တစ်နည်းမဟုတ် တစ်နည်းနဲ့ အောင်မြင်အောင် လုပ်လို့ ရပါတယ်။ ဒါကြောင့် စေတနာကို အရင်ဆုံး ပီပြင်အောင် လုပ်ဖို့လိုတယ်။
(ဆရာတော် ဦးဇောတိက)
ဒါလေးဖတ်ဖြစ်တော့ လူတစ်ယောက် ဘ၀မှာ ကိုယ်တကယ် ဖြစ်ချင်တာ ဖြစ်မလာသေးခင် (သို့) မဖြစ်တော့ရင် တောင်မှ တစ်နည်းနည်းနဲ့  ကိုယ်ရည်ရွယ်ချက် ထားတဲ့ လုပ်ငန်းကို စေတနာ မှန်မှန်ထားပြီး တစ်နည်းနည်းနှင့် အောင်မြင်အောင် လုပ်လို့ ရတယ်ဆိုတာကို သတိပြုမိ လိုက်ပါတယ်။
အစ်ကိုတို့ ညီတို့ ဘလော့ဂ် ရေးနေတဲ့သူတွေ အနေနှင့်လည်း အကိုတို့ဆီ စာလာဖတ်ကြတဲ့ သူတွေအတွက် တကယ် တန်ဖိုးရှိပြီး အနှစ်သာရ ပြည့်ဝတဲ့ စာတွေ တရားတွေကို ဖြန့်ဖြူးပေးနိုင် ရဲ့လား၊ ကိုယ့်ဆီ စာလာဖတ်နေတဲ့ သူတွေအပေါ် စေတနာ တကယ်မှန်ရဲ့လား လို့လည်း ပြန်စမ်းစစ်မိ ပါတယ် ညီရေ။
ကဲ... ညီရေ...။ ဒီလောက်နဲ့ပဲ အကို့ရဲ့ မွေးနေ့ လက်ဆောင် တွေးစရာ လေးတွေကို ကျေနပ်ပေးပါနော်။
ညီငယ် တစ်ယောက် ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာဖြင့် မိမိအကျိုး၊ လောကအကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်ပါ စေကြောင်း ငွေရတု မွေးနေ့အတွက် အမှတ်တရ ဒီစာစုနဲ့အတူ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ခင်မင်စွာဖြင့်
ဝိမုတ္တိသုခ
ဖတ်ဖြစ်ခဲ့သော စာအုပ်များ
၁။ ဘာကို တန်ဖိုးထားရမလဲ (ဆရာတော်ဦးဇောတိက)
၂။ စိတ်ညစ်ရင်ရေချိုးပါ (ဆရာတော် ရဝေနွယ်-အင်းမ)
၃။ သမုဒ်ပင်လယ်ပြာ နှိုင်းပမာ (ဆရာ နန္ဒာသိန်းဇံ)
ဖတ်ဖြစ်ခဲ့သော ဘလော့ဂ်စာမျက်နှာ
အတွင်းသားကို တူးဖြိုမိခြင်း (ဓမ္မဂင်္ဂါ)
ကိုယ့်စေတနာက ဘာလဲ။ လူအများ ကျန်းမာရေး အခက်အခဲ အဆင်ပြေဖို့။ ဒါပဲ။ ငါဆရာဝန် ဖြစ်ရဖို့ဆိုတာ အဓိက မဟုတ်ဘူး။ လူတွေကို ပညာတတ် စေချင်တယ် ဆိုရင် ငါက ကျောင်းဆရာ မဟုတ်လို့ မလုပ်နိုင်ဘူးလို့ တွေးဖို့ မလိုဘူး။ ကောင်းတဲ့ စာအုပ်ကလေးတွေ လူတွေ ဖတ်ဖြစ်သွားအောင် လူတွေလက်ထဲ ရောက်သွားအောင် နည်းမျိုးစုံနဲ့ လုပ်လို့ ရတယ်။ နောက်ဆုံး စာအုပ်အငှားဆိုင်လေး ဖွင့်တာကအစ လုပ်လို့ ရတယ်။ ကောင်းတဲ့ စာပေတွေ ငှားမယ်၊ ဈေးနှုန်း ချိုချိုသာသာနဲ့ ငှားမယ်၊ လူတွေများများ စာဖတ်ပါစေ။
ကိုယ့်စေတနာသာ မှန်ရင် ကိုယ်စေတနာ ထားတဲ့ အလုပ်ကို တစ်နည်းမဟုတ် တစ်နည်းနဲ့ အောင်မြင်အောင် လုပ်လို့ ရပါတယ်။ ဒါကြောင့် စေတနာကို အရင်ဆုံး ပီပြင်အောင် လုပ်ဖို့လိုတယ်။
(ဆရာတော် ဦးဇောတိက)
ဒါလေးဖတ်ဖြစ်တော့ လူတစ်ယောက် ဘ၀မှာ ကိုယ်တကယ် ဖြစ်ချင်တာ ဖြစ်မလာသေးခင် (သို့) မဖြစ်တော့ရင် တောင်မှ တစ်နည်းနည်းနဲ့  ကိုယ်ရည်ရွယ်ချက် ထားတဲ့ လုပ်ငန်းကို စေတနာ မှန်မှန်ထားပြီး တစ်နည်းနည်းနှင့် အောင်မြင်အောင် လုပ်လို့ ရတယ်ဆိုတာကို သတိပြုမိ လိုက်ပါတယ်။
အစ်ကိုတို့ ညီတို့ ဘလော့ဂ် ရေးနေတဲ့သူတွေ အနေနှင့်
ကဲ... ညီရေ...။ ဒီလောက်နဲ့ပဲ အကို့ရဲ့ မွေးနေ့ လက်ဆောင် တွေးစရာ လေးတွေကို ကျေနပ်ပေးပါနော်။
ညီငယ် တစ်ယောက် ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာဖြင့် မိမိအကျိုး၊ လောကအကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်ပါ စေကြော
ခင်မင်စွာဖြင့်
ဝိမုတ္တိသုခ
ဖတ်ဖြစ်ခဲ့သော စာအုပ်များ
၁။ ဘာကို တန်ဖိုးထားရမလဲ (ဆရာတော်ဦးဇောတိက)
၂။ စိတ်ညစ်ရင်ရေချိုးပါ (ဆရာတော် ရဝေနွယ်-အင်းမ)
၃။ သမုဒ်ပင်လယ်ပြာ နှိုင်းပမာ (ဆရာ နန္ဒာသိန်းဇံ)
ဖတ်ဖြစ်ခဲ့သော ဘလော့ဂ်စာမျက်နှာ
အတွင်းသားကို တူးဖြိုမိခြင်း (ဓမ္မဂင်္ဂါ)
--
ဝိမုတ္တိသုခ
www.vimuttisukha.com
www.dhammaflavour.net
www.vimuttirasa.com
www.saddhammaramsi.blogspot.
www.kathitwinemyanmar.
********************************************************
30.05.2010 နေ့မှာ ကျရောက်တဲ့ ကျွန်တော့်ရဲ့ ၂၅ နှစ်မြောက် မွေးနေ့အတွက် ကိုဝိမုတ္တိသုခ ပေးတဲ့ မွေးနေ့လက်ဆောင်ကို ဓမ္မဒါနအဖြစ် ဆက်လက် မျှဝေပါသည်။
လေးစားစွာဖြင့်
ဖိုးသား
လေးစားစွာဖြင့်
ဖိုးသား

0 comments:
Post a Comment