* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 30, 2010

*ရိုးသားစွာဖြင့်စီးပွားရှာ*

လောကီ လူ့ဘောင်တွင် နေထိုင်နေသမျှ ကာလပတ်လုံး ဘယ်အရာကိုမဆို ရိုးသားစွာ နေထိုင်လုပ်ကိုင် စားသောက်ခြင်းသည်အကောင်းဆုံးဖြစ်ပါသည်။ ကိုယ်အောင်မြင်ဖို့၊ ကြီးပွားဖို့အတွက်သူတစ်ပါးကိုထိခိုက် နစ်နာစေလျှင်သူ့အတွက်မကောင်းသလို၊ ကိုယ့်အတွက်လည်းလက်တလော ကောင်းကျိုးကိုသာခံစားရပြီး ယခုဘ၀တွင် ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုအတွက် ပြန်လည်မခံစားရခဲ့ရရင်တောင်မှ နောင်သံသရာ အတွက်တော့ ကိုယ်လုပ်တဲ့အမှုနဲ့ထပ်တူထပ်မျှ ပြန်လည်ခံစားရမည်မှာတော့ မလွဲဧကန် အမှန်ပင် ဖြစ်ပါသည်။ ထို့ကြောင့် လယ်တီဆရာတော်ဘုရားကြီးက တပည့် ဒါယိကာ ဒကာမတို့အား လောကစီး ပွားရှာရာတွင် ရိုးသားမှုကို အခြေခံ ရမည်ဆိုသည့်အကြောင်းကို -

ဆီထဲမှာရေနွေး
ဆေးရွက်ထဲမှာ ရွက်ချပ်
ဗျပ်ထဲမှ မုရင်းဆန်
ရေနံမှာရေရော
လက်ဖက်မှာရေကူ
ဘယ်ကုန်မျိုးမတူပြီ
တူသာတူ ပေသာပေ
ညစ်နည်းတွေကိုယ်စီနှင့်
အပလီဥာဏ်လောဘ
ဝစီကံစောရများ…. ဟူ၍ အလေးအနက်ထားပြီးဆုံးမတော်မူခဲ့ပါသည်။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာတော်မူကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP