* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 30, 2010

အာသဘီ ၀ါစာ



အာသဘီ ၀ါစာ ဆိုသည်မှာ မြင့်မြတ်ရဲရင့်သော စကား ကို ခေါ်ပါသည်။


ယနေ့  ဘုရားရှင်၏ မွေးဖွားတော်မူသည့်နေ့ ပါတည်း။ အများအခေါ် ဗုဒ္ဓဘေဘီ ၊ ဘုရား လောင်း လျာသည် မွေးဖွားတော် မူလျင်ခြင်းပင် ထီးဖြူ ဆောင်းလျက် မြောက်အရပ်သို့  မျက်နှာ မူကာ ခြေ
( ၇ ) လှမ်းကာ မြင့်မြတ်ရဲ ရင့်သော စကားကို ပြောကြားခြင်းသည် ထုံးစံဓမ္မတာ တစ်ခု ဖြစ်သည်။

ပြောကြားခဲ့သော စကားများကား-

၁။ အဂ္ဂေါ ဟ မသ္မိ လောကဿ- လောက၌ ငါသည် အသာမြတ်ဆုံး ဖြစ်၏၊
၂။ဇေဋ္ဌောဟ မသ္မိ လောကဿ- လောကမှ၌ ငါသည် အကြီးမြတ်ဆုံး ဖြစ်၏၊
၃။သေဋ္ဌောဟ မသ္မိ လောကဿ- လောက၌ ငါသည် အမွန်မြတ်ဆုံးဖြစ်၏၊
၎။အယ မန္တိမာ ဇာတိ- ဤဘ၀သည် နောက်ဆုံး အဆုံးသတ် ဘ၀ ဖြစ်၏၊
၅။နတ္ထိ ဒါနိ ပုနဗ္ဘဝေါ - ခုဘ၀က စပြီး နောက်ထပ် ဖြစ်စရာ ဘ၀မရှိတော့။

ဤကဲ့သို့  မွေးဖွားကာစ စကားပြောနိုင်စွမ်း ရှိခြင်းသည် မဟာပုရိသ ယောကျာ်းမြတ်တို့ ၏
ထူးခြားသော လက္ခဏာ တစ်ရပ်ဖြစ်သည့် ဓမ္မတာပါတည်း။
( မဟာပဒါနသုတ်၊ မဟာဝဂ္ဂ၊ ဥပရိပဏ္ဏာသပါဠိစသည်)

တွေးချင်စရာ အညင်းပွါးချင်စရာ

မွေးဖွားကာစ မဖြစ်နိုင်ပါဘူး ဟု တွေးထင်စရာ ရှိသည်။ အညင်းပွါး ချင်စရာရှိသည်။
သို့ သော် ကိုယ်မတွေ့ ဘူးတိုင်း ထိုကဲ့သို့  မဖြစ်နိုင်ပါ ဟု တွေးထင်ခြင်းမဖြစ်သင့်ပါ။

အကြောင်းမှာ-
၁။ဗုဒ္ဓ၀ိသယ ဘုရားနှင့်ဆိုင်ရာ၊ ၂။ ဈာန်။ ၃။ ကမ္မ၀ိပါက ကံအကျိုးပေးပုံ၊ လောကစိန္တာ-လောကနှင့် ဆိုင်ရာ ဖြစ်တည်မှုတို့ ကြံစည်တွေးတောမှုမျိုးသည် မကြံစည် မတွေးတောသင့်သော အရာ တို့ ပါ တည်း။

ကြံစည်တွေးတောမှုများပါက စိတ်ဖေါက်ခြင်းများ ဥမ္မာဒ ဖြစ်နိုင်ကြောင်း အပဏ္ဏက၀ဂ်၊ အစိန္တေယျသုတ် အဂုင်္တ္တရနိကာယ ၌ ဟောထားသည်ကို တွေ့ ပါသည်။

စိတ်ကြိုက် လွတ်လပ်စွာ ယုံကြည်နိုင်ပါသည်။



ယနေ့  ဝေသာခဒေး ၌ ဗုဒ္ဓဘေဘီ ပုံကို
ထိုင်း ဘုရား ဒါယိကာမကြီးက လှူဒါန်းပါသည်။

ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ရန် ရေးသားတင်ပြခြင်းဖြစ်ပါသည်။


မြတ်ရောင်နီ
( ၂၈ ၊ ၀၅၊ ၂၀၁၀)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP