* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 30, 2010

ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား? (ပြန်လည် ဝေဖန်ဆွေးနွေးမှု ၁)

ပညာဇာနည် ( http://www.pyinnyarzarni.com ) ၏ ပြန်လည်ဝေဖန်ဆွေးနွေးမှု

ဒကာဆောင်းပါးက အရမ်းကောင်းပါတယ်။

တပ်လှန့်သံလည်း ဖြစ်တယ်။ လက်ရှိအခြေအနေကိုလည်း မြင်သာ ထင်သာ ရှိစေတယ်။
စာဖတ်ရင်းနဲ့လည်း ငါဘယ်ထဲမှာ ပါနေသလဲဆိုတာကိုလည်း တွေးမိစေတယ်။

ဒါပေမယ့် ဒကာ သတိထားရမှာက ကမ္ဘာနဲ့မြန်မာ မတူတာပဲ ဖြစ်တယ်။

မြန်မာပြည်မှာ လောကီရေးရာ သိစရာတွေကို ဘုန်းကြီးတော်တော်များများ မသိကြဘူး။ (ဒါက လောကီနယ်ကိုရည်ရွယ်ပြီးပြောတာပါ)။

ထိုင်းနိုင်ငံတို့ သီရီလင်္ကာတို့မှာကြတော့ ဘုန်းကြီးနဲ့ လူနဲ့ မကွဲဘူး။

သင်ကြားရေးမှာလည်း အရမ်းမကွာကြဘူး။ ဘုန်းကြီးဝတ်ရင် ကြည်ညိုတယ်။ ကြည်ညိုမယ်။ လူထွက်ရင် အလုပ်ခွင် ၀င်ရမယ်။ ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး။

အချိန်မရွေး ၀င်နိုင်တယ်။ အချိန်မရွေး ထွက်နိုင်တယ်။
မြတ်စွာဘုရားလက်ထက်မှာလည်း ဒီအတိုင်းပဲ လွတ်လပ်ခွင့် အပြည့်အ၀ရှိခဲ့ကြတယ်။


ပြောရရင် ရှေးခေတ်က ဘုန်းကြီးကျောင်း ပညာသင်ကြားစနစ်လိုပေါ့။
မြန်မာနိုင်ငံရဲ့ ပညာသင်ကြားရေးစနစ်ကို ပြန်ကြည့်။ ရှေးဘုရင်တွေလက်ထက်မှာ ဘုန်းကြီးနဲ့လူ ပညာရေးက အတူတူ ဖြစ်လေတော့ ဘုန်းကြီးပညာရေးမြင့်လေ၊ လူတွေအတွက် ဂုဏ်ယူစရာ ကောင်းလေပဲ။ မင်းတုန်းမင်း၊ သီပေါမင်း စသည်ဖြင့် ရှင်ဘုရင်တွေရဲ့ ငယ်ဘ၀ကို ကြည့်ရင် သိနိုင်ပါတယ်။

မြန်မာပြည်မှာ ဘုန်းကြီးဝတ်တာနဲ့ (တောထွက်တွေ၊ တောင်ပြန်တွေ မပါ) တခါတည်း တသက်လုံးဝတ်ရမယ့် သဘောကို ဆောင်နေတယ်။ ၀တ်ပြီးလို့ ထွက်ပြန်ရင်လည်း အရာမသွင်းပြန်ကြဘူး။ ဘုန်းကြီးတွေ ဒီလောက်များပြီး ဒီလို ဖြစ်နေတာဘာကြောင့်လဲ။ ကလေးတွေကို စာသင်ပေးခဲ့ရချိန်မှာ (ကလေးတွေဆိုပေမယ့် ၁၀-တန်းတွေသာမက၊ တက္ကသိုလ် ကျောင်းသားတွေ၊ ဆရာ ဆရာမတွေလည်း ပါပါတယ်။) သူတို့သဘောထား (သို့မဟုတ်) သူတို့နဲ့ ပတ်သက်တဲ့ လူကြီးမိဘတွေရဲ့သဘောထားကို သတိထားမိလိုက်တယ်။

ကိုယ်က ဘာသာရေးအကြောင်း (ဥပမာ=ယဉ်ကျေးမှု စတာတွေ) ကို သင်ပေးချင်တယ်၊ ကျောင်းလာတက်မဲ့သူက မရှိဘူး။ မိဘတွေ တော်တော် များများကလည်း မလွှတ်ကြဘူး။ ဒါ ဘာကြောင့်လဲ။ သားသမီးတွေက ကျူရှင်တွေကို အချိန်ပြည့်တက်နေရတော့ သားသမီးကလည်း စိတ်မပါ၊ မိဘကတွေကလည်း အခရာဖြစ်ပေမယ့် ဘုန်းကြီးဆီမှာ ထားဖို့ အရာမသွင်းကြဘူး။ ဘုန်းကြီးတွေကို ဘာသာရေးနယ်ပယ် သက်သက်ထဲကိုသာ မရောက်ရောက်အောင် တွန်းပို့လိုက်တာ ဖြစ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆွမ်းစားပင့် ပရိတ်ရွတ်ပြန်ဆိုတဲ့ အဆင့်ထဲကို ပို့လိုက်ကြတယ်။ ဆွမ်းစားပြီးလို့ တရားဟောရင်တောင် မကြိုက်ကြတော့ဘူး။ ဒါ ဘာကြောင့်လဲ။

အမှန်တကယ်တော့ မြတ်ဗုဒ္ဓရဲ့တရားတော်တွေ မှန်သမျှ ခေတ်မမီဘူးဆိုတာ လုံးဝမရှိဘူး။ လောကီနဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် လောကီတရားတွေ သုတ္တန်မှာအများကြီးရှိတယ်။

ဥပမာ - လင်နဲ့မယား ဘယ်လိုစခန်းသွားကြမလဲ။ ဘယ်လိုလက်တွဲကြမလဲ။ မြတ်ဗုဒ္ဓက ခေတ်မီမီနဲ့ ဟောထားတာတွေ ရှိတယ်။ ဒါက ဥပမာပြောတာပါ။ တရားတော် (သုတ္တန်) တိုင်းဟာ လောကီနယ်နဲ့ တနည်းတဖုံးဆက်စပ်နေသလို၊ လောကုတ္တရာနဲ့လည်း ဆက်စပ်နေတာဖြစ်တယ်။

အဲဒီလောက် ခေတ်မီနေတဲ့ တရားတော်တွေနဲ့ လုံးပမ်းနေရတဲ့ သံဃာတော်တွေဟာ သာသနာ့ဘောင်မှာ မပျော်မွေ့တဲ့အခါ လူတော မတိုးရဲ့တာ လူမထွက်ရဲ့တာ ဘာကြောင့်လဲ။

ပြန်ပြီး ကောက်ချက်ချရင် ကိုယ်သိထားတဲ့ တရားတော်တွေကို ပြန်ပြီး ဟောပြဖို့အတွက် (အထူးသဖြင့် ကျောင်းသားတွေကို ရည်ရွယ်ပါသည်။ ) အရင်ဦးဆုံး သူတို့ကို ကိုယ်က ပေးနိုင်အောင်လုပ်ရတယ်။ ဒါကဘာလဲ။ သူတို့ နွေရာသီကျောင်းပိတ်ရက်မှာ ကျူရှင်တက်နေတဲ့အချိန် ကိုယ့်ကျောင်းရောက်အောင်
ဘာသာရေးကို ခဏထားပြီး သူတို့ လိုအပ်တဲ့ ပညာရေး (ကျူရှင်) ကို ပေးနိုင်အောင် ဘုန်းကြီးတွေက ကြိုးစားရတယ်။ မိဘတွေရဲ့ သားသမီးတွေအပေါ်မှာ ရှိနေတဲ့ ပညာရေးတာဝန်တွေကို ခွဲယူနိုင်အောင် ကြိုးစားရတယ်။ အဲဒီပညာရပ်တွေ ဘယ်က ရမလဲ။

အဲဒီပညာရပ်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ (သတိထားမိမှာပါ စကားလုံးကို) ရှာဖွေရတယ်။ ရှာဖွေတဲ့ အခါမှာလည်း မြန်မာပြည်က လူတွေရဲ့ ပါးစပ်ဖျားက ပြောမဆုံးပေါင် တောသုံးတောင်။ အဲ့ဒါ ဘာကြောင့်လဲ။

ရှာဖွေလို့ ပြည့်စုံပြီဆိုရင် နာမည်မရသေးခင် (သို့) ယုံကြည်မှု မရသေးခင် စာသင်ရတဲ့ အချိန်၊ ပရဟိတလုပ်ငန်း (ယဉ်ကျေးမှု စတဲ့ သာသနာရေး၊ ဘာသာရေးအတွက်ပါ ပါဝင်ပါသည်။) တွေ လုပ်ရချိန်မှာ မြန်မာပြည်က လူတွေရဲ့ ပါးစပ်ဖျားက ထွက်လာတဲ့ ပြောမဆုံးပေါင် တော သုံးတောင် စကားတွေက
ဘာကြောင့်လဲ။

ရဟန်းတော်တွေ ရဟန်းဘ၀မှာ မပျော်ပေမယ့် လူမထွက်ရဲ့ ဘယ်အရာတွေက တားဆီး ပိတ်ပင်ထားသလဲ။ အဓိက အဖြေကိုတော့ တွေ့လောက်မည် ထင်ပါသည်။ အဲဒီ အဖြေကတချက်တည်းပါပဲ။

အမှားပါရင် ခွင့်လွှတ်၍ ထောက်ပြပေးစေချင်ပါသည်။ ဆောင်းပါးကအရမ်းကောင်းနေသည့်အတွက် လစ်ဟာမှု မရှိပါ။ အဖြေရှာရုံသာ ရှိပါသည်။ အဖြေကလည်း တခုတည်းလို့ ထင်မိပါသည်။


မောင်ပညာ (မန်းတက္ကသိုလ်)

* မူရင်းဆောင်းပါး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP