* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 30, 2010

ကဗ်ာ ပေဒသာပင္အသီးသီးအလွဴရွင္မ်ား

  1. ဒေါ်ပုညေသီ =ဆွမ်းပဒေသာပင် အမေရိကန်ဒေါ်လာ ၅၀
  2. ဒေါ်ပုညေသီ=ဆေးပဒေသာပင် အမေရိကန်ဒေါ်လာ ၅၀
  3. ဒေါ်ပုညေသီ=ပညာရေးပဒေသာပင် အမေရိကန်ဒေါ်လာ ၅၀
  4. ဦးမောင်မောင်အေး(ရန်ကုန်)လစဉ်ဆန်တစ်အိတ်နှင့်ဆီတစ်ပုံးအတွက် (ရူပီး ၁၀၀၀)
  5. ဘဒ္ဒန္တဣန္ဒက ညောင်ကန်အေး သာသနာ့ရိပ်သာ ပညာရေးကော်မတီအတွက် ကျပ်တစ်သိန်း
  6. မြတ်ကလျာ (ဂျပန်)အမေရိကန်ဒေါ်လာ ၁၀၀
  7. ဦးမြင့်လွင်+ဒေါ်ခင်ခင်မေ (သြစတေးလျ) အမေရိကန်ဒေါ်လာ ၁၀၀

အိန္ဒိယနိုင်ငံဘီဟာပြည်နယ်၊ဗုဒ္ဓဂယာမြေမြတ်မဟာရှိ အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ကြီး၏ ပညာရေးပဒေသာပင်အတွက်
ဒေါက်တာသောင်းစိန်+ဒေါက်တာလှလှဝေ သား မောင်စိုးထက်ဝေမိသားစု သြစတေးလျနိုင်ငံ၊ မဲလဘုန်းမြို့မှ
အမေရိကန်ဒေါ်လာ ၃၆၀၀ နှင့် ညီမျှသော အိန္ဒိယရူပီးငွေ ၁၅၇၉၂၈ (တစ်သိန်းငါးသောင်း ခုနှစ်ထောင့် ကိုးရာနှစ်ဆယ့်ရှစ်ရူပီး) လှူဒါန်းပါသည်။
နတ်လူသာဓုခေါ်ဆိုနိုင်စေရန် ၂၈-၀၅-၂၀၁၀ တစ်ကမ္ဘာလုံးဆိုင်ရာ ၀ိသာခ(ဗုဒ္ဓပုဏ္ဏိမာ)နေ့ထူးနေ့မြတ်တွင် မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
အိန္ဒိယနိုင်ငံ၊တက္ကသိုလ်ကြီး ၁၃ ခုတွင် အဖွဲ့ဝင်မြန်မာရဟန်းတော် (၃၁၃ )ပါး ပညာသင်ယူလျက်ရှိပါသည်။

အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးအနေဖြင့် အဖွဲ့ဝင် ရဟန်းတော် များ၏ ကျန်းမာရေး၊ပညာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။

ယခုအခါ အိန္ဒိယနိုင်ငံ ၊ ဗီဟာပြည်နယ်၊ဗုဒ္ဓအရှင်မြတ်ပွင့်ထွန်းပေါ်ပေါက်ရာဗုဒ္ဓဂယာမြေမြတ်မဟာတွင် အဖွဲ့ပိုင် ဗုဒ္ဓဘာသာပညာရေး ဗိမာန်တော်ကြီးကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်ရာ အဖွဲ့ကြီး၏ ဒသမနှစ်ပတ်လည် အစည်းအဝေးကြီးက ပညာရေးကော်မတီတစ်ရပ်အခိုင်အမာဖွဲ့စည်းပေးကာ အနာဂတ်မြန်မာနိုင်ငံနှင့် ကမ္ဘာ့ သာသနာရေးရာများကို ဦးဆောင်ဦးရွက်ပြုတော်မူကြမည့် တက္ကသိုလ်ပညာသင်မြန်မာရဟန်းတော်များ အတွက် လိုအပ်မည့်သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေး လျက် ရှိပါသည်။

အိန္ဒိယနိုင်ငံတက္ကသိုလ်များနှင့် အဖွဲ့ဝင်မြန်မာရဟန်းတော်များစာရင်းချုပ်
(၂၀၀၉-၂၀၁၀ပညာသင်နှစ်)

  1. မဂဓတက္ကသိုလ် ၊ဗုဒ္ဓဂယာ (၇၈)ပါး
  2. ဆန်ဆခရစ်တက္ကသိုလ်၊ဗာရာဏသီ (၇၀)ပါး
  3. နာလန္ဒာတက္ကသိုလ် (၅၆)ပါး
  4. ပူနေးတက္ကသိုလ် (၂၈)ပါး
  5. ဘုံဘေ(မွန်ဘိုင်း)တက္ကသိုလ် (၂၅)ပါး
  6. ဘနာရပ်စ်ဟိန္ဒူတက္ကသိုလ်၊ဗာရာဏသီ (၁၉)ပါး
  7. ဒေလီတက္ကသိုလ်၊နယူးဒေလီ( ၁၄)ပါး
  8. နာဂဇုနတက္ကသိုလ်၊အန္ဓရာပရာဒေ့ရှ် (၇)ပါး
  9. ပန်ဂျာဘီတက္ကသိုလ်၊ပန်ဂျပ် (၇)ပါး
  10. ဟိုက်ဒရာဘတ်တက္ကသိုလ်၊ဟိုက်ဒရာဘတ်( ၇)ပါး
  11. သကျမုနိကောလိပ်၊ဗုဒ္ဓဂယာ(၂)ပါး
  12. ဂျာဒေးပူရ်တက္ကသိုလ်၊ကိုလ်ကတ္တာ(ကာလကတ္တား) (၁)ပါး
  13. ဂျမူးတက္ကသိုလ်၊ဂျမူးကက်ရှမီယား (၁)



အဖွဲ့ပိုင်ဗုဒ္ဓဘာသာပညာရေးဗိမာန်တော်ကြီးတွင် သင်ကြားပို့ချလျက်ရှိသည့်သင်တန်းများဖွင့်ပွဲ



ဗာရာဏသီတွင်ဖွင့်လှစ်ခဲ့သည့်သင်တန်းများအမှတ်တရ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP