* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 30, 2010

သူ့မွေးနေ့လေး

သူ့ မွေးနေ့လေး
မေမေပေးခဲ့တဲ့ အသက်နဲ့
ဒီရက်မှာ သူ
သူငယ်ချင်းတွေနဲ့အတူပေါ့
ပျော်နေရော့မယ်
ငါ ရှိမနေတာတော့ ၀မ်းနည်းမိတယ်

မင်းဘ၀ရဲ့
လျှောက်လှမ်းမဲ့ ခရီးလမ်းမှာ
ပန်းခင်းလမ်းလေးတွေ
ဖန်ဆင်းပေးချင်လိုက်တာ
ဒါမှလေ
မွေးနေ့လေးတိုင်းမှာ
မင်းဒီလို ပျော်နေနိုင်မှာပေါ့

ဒါပေမဲ့
ရော့ယူ
ငါတက်နိုင်တာတစ်ခု
ဆုတောင်းလေးသက်သက်ပဲ
မင်းအတွက်မွေးနေ့လက်ဆောင်
“ happy birthday to you”

ကျင်းပနိုင်ပါစေ
မင်းရဲ့မွေးနေ့လေးပေါင်းများစွာ
နေနဲ့လ ကမ္ဘာပတ်လေတိုင်း
ထာဝရပျော်ရွှင်ခြင်းများ ပွေ့ဖတ်လို့
ရွှေရတု စိန်ရတုများနဲ့
သက်ဆုံးတိုင်ပေါ့

ငါ မြင်ချင်ပါတယ်
ယုံကြည့်မှုနဲ့ ပြုံးပျော်နေတဲ့
မင်းရဲ့ ဖြူစင်တဲ့ဟန်လေး
ကြည့်ရတာ ရင်ထဲအေးလွန်းလို့ပါ

ငါ့ ဆုတောင်းလေးဟာ
တန်ဘိုးနည်းတာမှန်ပါတယ်
ဒါပေမဲ့
ရင်ထဲကစီးဆင်းတဲ့
ဆန္ဒမွန် ဆုလာဒ်စစ်စစ်ဆိုတော့
မင်းရဲ့နေ့သစ်တွေ
ပျော်ရွှင်ခြင်းနဲ့ လှပနိုင်မှာပါ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP