* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 30, 2010

“စိုးရိမ် ပူပန်မှု၏ အကြောင်းတရားကို ရှာဖွေခြင်း”

လူသားတိုင်းသည် အရိယာစခန်းသို့ မတက်လှမ်းနိုင်သရွေ့ စိုးရိမ် ပူပန်မှုတရားနှင့် ရင်ဆိုင်နေကြရဦး မည် ဖြစ် ပေသည်။ ထိုစိုးရိမ် ပူပန်မှုတရား ကြာရှည်စွာ ဖြစ်နေမှုက ကျန်းမာရေးကို ထိခိုက်စေပြီး အဆိုးဆုံးသော အန္တရာယ်ကိုဖြစ်စေသည်။ လူတွေဘာကြောင့် စိုးရိမ် ပူပန်ကြသလဲ? မြတ်ဗုဒ္ဓ၏ ဓမ္မနည်းအရ စီစစ်ရသော် “ငါ, ငါဥစ္စာ” တစ်နည်း သက္ကာယဒိဋ္ဌိကြောင့် လူသားများသည် စိုးရိမ် ပူပန်မှု ဖြစ်နေကြရသည်။ ဒါကြောင့် မြတ်ဗုဒ္ဓသည်
“လှံဖြင့် အထိုးခံထားရသော သူကဲ့သို့ငှင်း၊ ဦးခေါင်းတွင် မီးလောင်ခံနေရသော သူကဲ့သို့ငှင်း ရဟန်းသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု သက္ကာယဒိဋ္ဌိကို ပယ်ရန် သတိနှင့် ပြည့်စုံသည်ဖြစ်၍ နေရာ၏။” မိန့်တော်မူလေသည်။
ထိုဂါထာကိုပင် မိုးကုတ်ဆရာတော်ဘုရားကြီးက
“အကယ်၍ ရင်ဝလှံစူးခံနေရနေလျှင်၊ ဦးခေါင်းကို မီးလောင်ခံနေရလျှင်၊ သက္ကာယဒိဋ္ဌိရှိနေလျှင် လှံကိုလဲ မနှုတ် သေးပါနဲ့၊ မီးကိုလဲ မငြိမ်းသတ်သေးပါနဲ့၊ သက္ကာယဒိဋ္ဌိကို အရင်ပယ်ပါ၊ ရင်ဝလှံစူးလို့ ဦးခေါင်းမီး လောင်ခံရလို့ တစ်ဘ၀သာ သေမယ်၊ သက္ကာယဒိဋ္ဌိရှိနေလျှင်ကား ဘ၀ပေါင်းများစွာသေရအုံးမယ်၊ ဒါကြောင့် သက္ကာယဒိဋ္ဌိကို အရင်ပယ်ပါ”ဟု အဓိပ္ပာယ်တစ်မျိုးဖြင့် ဖွင့်ဆိုထားလေသည်။
ထိုမိန့်ဆိုချက်များကို ကြည့်သောအားဖြင့် သက္ကာယဒိဋ္ဌိသည် လူသားကို ဘယ်လောက်ဒုက္ခပေးနေသည်ဆို သည်ကို သိရှိနိုင်သည်။
ထို ငါ ငါဥစ္စာဟူသော အယူမှားမှု သက္ကာယဒိဋ္ဌိမှတစ်ဆင့် လောဘ ဘ၀င်မြင့်မှု ၀င့်ကြွားမှုနှင့် အခြားသော မကောင်းသော စိတ်တို့ကိုဖြစ်စေပါသည်။ ထိုအတ္တယူဆမှုက ပုဂ္ဂလိကသဘောထားကွဲလွဲမှုမှအစ နိုင်ငံ အသီး သီး စစ်ဖြစ်ပွားမှုအခြေအနေထိ ဆိုက်ရောက်စေပါသည်။ လူသားတို့၏ ရန်သူသည် ကိုယ်ကျိုးအတွက် လိုချင် တပ်မက်မောမှုပင်ဖြစ်သည်။ ထို ကိုယ်ကျိုးအတွက် လိုချင်တပ်မက်မှု အဆိုးတရားမှတစ်ဆင့် လူသားဆီသို့ အဆိုးတရားများအားလုံးရောက်ရှိလာသည်။ လူသားသည် ပျော်ရွှင်မှုနှင့် ဥစ္စာဓနကို အမြဲလိုလို လိုချင် တောင်းတနေသည်။ ဤလိုလားချက်များ ပြည့်လျှင် ပျော်ရွှင်လိမ့်မည်ဟု ထင်ယောင်ထင်မှားဖြစ်နေကြသည်။ အကျွန်ုပ်တို့၏ ရုပ်ဝတ္ထုကို အဓိကထားသော လူ့ဘောင်အဖွဲ့အစည်းတွင် ထိုသဘောတရားများ ပြန့်နှံ့နေ လေသည်။လူတို့သည် သူတို့၏ ပြဿနာများကို ငွေဖြင့် ဖြေရှင်းနိုင်သည်ဟု ယူဆနေကြသည်။ လူဘ၀တွင် သက်တောင့်သက်သာနေနိုင်ရန် ငွေလိုသည်မှာ မှန်ပေသည်။ သို့သော် ထိုငွေသည်ကား တစ်ခါတစ်ရံ လူသား ကို ဒုက္ခပေးသွားပြန်သည်။ ပစ္စည်းဥစ္စာများနှင့် အကျွန်ုပ်တို့၏ ဘ၀များကို သင့်လျှော်သော ရှုဒေါင့်က ရှုမြင် သုံးသပ်တပ်ဖို့လိုပေသည်။ အရာဝတ္ထု၏ တန်ဖိုးနှင့် သဘောမှန်ကို သိ၍ ကာမဂုဏ်တရားများ၌ လိုလား တောင်းတမှုကို လျှော့ချနိုင်သောအခါ အကျွန်ုပ်တို့သည် လွယ်ကူရိုးရှင်းမှုနှင့် ရောင့်ရဲမှုတို့မှ တစ်ဆင့်ဖြစ်ပေါ် လာသော ငြိမ်းချမ်းမှုကို ရရှိမှာဖြစ်ပေသည်။ (ဆက်ရန်)
ဒေါက်တာကေသရီ ဓမ္မာနန္ဒ၏ 'Why Worry" ကို အခြေခံကာ ရေးထားသည်။
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP