* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 25, 2010

မာန သံယောဇဉ်ကြိုး ( ခ )

အပိုင်း ( ခ )


သာကီ မျိုးဟေ့ ဒို့ ဗမာ- တဲ့။ သဘောကျကျနဲ့  အားပါးတရ ပြောကြဆိုကြ စကားလေးပေါ့။
တကယ်တမ်းက သခင်မျိုးဟေ့ ဒို့ ဗမာပါ။ သို့ ပေမယ့် သာကီနွယ်တယ်လို့  ပြောကြဆိုကြလွန်းလို့  သာကီမျိုး ဟေ့ ဒို့ ဗမာ လို့  စကားကို ပြောင်းပြီး ပြောပါရစေ။

ဒီစကားက သာကီဆိုတာ သကျ - ရဲစွမ်းသတ္တိ ရှိသူ၊ စွမ်းနိုင်သူတွေ လို့ သဘော အဓိပ္ပါယ် ရှိပါ တယ်။ အဲလို ဟစ်ကြွေးတာကလည်း သာကီစိတ်ဓာတ်ကို အကုန်မသိလို့ လေလားပဲ။ ရဲစွမ်းသတ္တိရှိတယ်။ မင်းမျိုးမင်းနွယ်တွေ ကို သာကီ လို့ ခေါ်တာတော့ မှန်ပါရဲ့ ။ ဒါပေမယ့် သာကီမျိုးမာနကြီးတယ် တဲ့။ အဲလိုပြောလိုက်ရင် အသားထဲက လောက်ထွက် ၊သစ္စာဖေါက်စကား ပြောတယ် မှတ်ထင်လိမ့်မယ်။

တကယ်တမ်း ဒီစကားကို ပြောခဲ့ကြတာက ဟိုးရှေးကာလက အနုရုဒ္ဓါ ၊ နန္ဒိယ ၊ ကိမိလ၊ အာနန္ဒာ ၊ ဘဒ္ဒိယ၊ ဒေ၀ဒတ္တ ဆိုတဲ့ သာကီဝင် မင်းညီမင်းသားတွေ ဘုရားရှင်အား လျှောက်ခဲ့တဲ့ စကားပါ။

သူတို့  ရဟန်းမ၀တ်မီ ဥပါလိ ဆိုတဲ့ ဆံပင်ညှပ်တတ်သူဟာ သူတို့ ရဲ့ အလုပ်ကျွေးပါ။ သူတို့  ရဟန်းပြုမယ်ဆိုတော့ မင်းညီမင်းသားတွေက - မယံ သာကိယာ နာမ မာနနိဿိတာ။( ပေ ) ဧ၀ံ နော မာနော နိမ္မာယိဿတိ။ လို့  ဘုရားရှင်ကို လျှောက်ပါတယ်။

တပည့်တော်တို့  သာကီတွေဟာ မာနကြီးပါတယ်။ သာသနာဆိုတာ မာနကို ရိုက်ချိုးဖို့ ပါ ဘုရား။ ဥပါလိကို ပထမ ရဟန်းဖြစ်စေခြင်းအားဖြင့် တပည့်တော် တို့ ကို သူ့ ကို ရှိခိုးတာ အရိုသေ ပေးတာ လုပ်ကြရပါမယ်။ ဒီနည်းနဲ့  တပည့် တော်တို့  မာန ရိုက်ချိုးပါမယ် ဘုရား။ ( ဒေ၀ဒတ္တ ၀တ္ထု၊ ဓမ္မပဒ )

ဘယ်လောက်အတုယူစရာ ကောင်းလိုက်သလဲ။ ကိုယ့်ရှိတဲ့ မာနကို မာနရှိတယ်လို့  လျှောက်ထား ၀ံ့တယ်။ ပြီးတော့ မာန ရိုက်ချိုးဖို့  ပြုစုလုပ်ပေးတဲ့ ဥပါလိကို ရဟန်း ပထမ ပြုစေတယ်။ (ခုခေတ် ဒုလ္လဘစည်းတဲ့ သူတွေနဲ့ များတော့ မိုးနဲ့ မြေ ၊ နံ့ သာဆီနဲ့ ... ကွာခြင်းတိုင်း ကွာပါ့)။

ကဲ သိပြီနော် ...သာကီမျိုးဟေ့ ဒို့ ဗမာ။ ရဲစွမ်းသတ္တိ ရှိတာ ဒို့ ဗမာ။ မာနကြီးတာ ဒို့ ဗမာ ဆိုလိုရာ ရောက်လေမလားဘဲ နော် ။ သာကီ မင်းသားတွေလို မာန ကိုလည်း ရိုက်ချိုးနိုင်တာ ဒို့ ဗမာ။ အင်း.. မာနတွေ ရိုက်ချိုးနိုင်ရင်တော့ အကောင်းသား။ အဲလို မဟုတ်ရင်တော့ မာနကိုလည်း ရိုက်ချိုးနိုင်တာ ဒို့ မပါ ဖြစ်ပါအုံးမယ်။ (တရားရှုထောင့်က ဆိုလိုရင်း ဖြစ်ပါတယ်။)

အဲလို မာန ကို မရိုက်ချိုးနိုင်လို့ ကတော့ မာန ရှိတာကို အကြောင်းပြုပြီး ဒုစ္စရိုက်လုပ်ငန်း အကြီး အကျယ် ပြုပြီး သီလပျက်တော့ မှာ သေချာပေါက်ပါ။ မာနံ နိဿာယ ဒုစ္စရိတစရဏတော မာနော နာမာယံ သီလဘေဒနော။( ဒေ၀တာ သံယုတ် ဋီကာ) လို့  လာပါတယ်။

ဒါကတော့ ပြောခဲ့တဲ့ အတိုင်း မာနကို အကြောင်းပြုပြီး သီလပျက်ပြီး ဘ၀ သံသရာရှည်အောင် ဆွဲ ဆန့် နိုင်တဲ့ အချက် တစ်ခု ပါပဲ။

ဆက်လက်ပြီး ရေးသားပါဦးမယ် အပိုင်း ( ဂ ) ကို စောင့်မျှော်ကာ
အားပေးကာ ဖတ်ရှုကြပါလေဦး...

ဗမာဟာ သာကီနွယ်တယ်လို့  ရှေးရှေး အခါက ပြောကြဆိုကြတယ်။
ရှေး သီချင်းထဲမှာတောင် ထည့်ဆိုတာ ကြာဘူးတာနဲ့ ပဲ ဆောင်းပါးတစ်ပုဒ်အနေ ရေးလိုက်ခြင်းဖြစ်ပါတယ်။ ဟုတ်မဟုတ်တော့ အတိကျ မသိဘူး။
မာနကြီးရင်တော့
ဟုတ်သလိုလို။

မြတ်ရောင်နီ

( ၂၅၊ ၀၅၊ ၂၀၁၀)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP