* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 28, 2010

“ဗုဒ္ဓမြတ်စွာ မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ ။Vesak Day Clelebration





လူနတ် ဗြဟ္မာ သတ္တ၀ါ အားလုံး ဆင်းရဲ ဒုက္ခ အပေါင်းမှ လွတ်မြောက် စေလျှက် မအို၊ မနာ မသေ အမြဲနေရာ ဖြစ်သော နိဗ္ဗာန် လမ်းကို ပြပေးတော်မူသည့် မြတ်စွာ ဘုရား၏ ဖွားတော်မူရာ နေ့ရက် အခါ၌ ကမ္ဘာ အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင် များက ဗုဒ္ဓနေ့ကို ခမ်းနားစွာ ဆင်ယင် ကျင်းပ ကြမည် ဖြစ်ပါသည်။ကျွန်ုပ်တို့ နေထိုင်ရာ စင်္ကာပူနိုင်ငံ Clementi အရပ်ရှိ မာရ်အောင်မြင် ဘုရားကြီး သီတင်း သုံးတော်မူရာ ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ Clementi ကျောင်းတော်မြတ်၌ ပြည်ထောင်စု မြန်မာ နိုင်ငံတော်မှ သာသနာ ပြုရန် ကြွရောက် လျက်ရှိသော ထူးကြီး ဆရာတော်ဘုရား ဦးဣန္ဒာဝုဓာဘိဝံသ ၊ မစိုးရိမ် ဆရာတော် ဦးသောမာစာရ၊ Clementi ကျောင်းဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ၊ တို့အပါအ၀င် သံဃာတော်(၁၀)ပါး ဦးဆောင်လျက် မြတ်စွာ ဘုရားရှင်အား ပူဇော် ကန်တော့ ကြပြီးလျှင်-ပါရမီရှင် သူတော်စင် များက ထူးကြီး ဆရာတော် ဘုရား ဦးဣန္ဒာ ၀ုဓာဘိဝံသ ထံမှ တရားတော်နာ ယူခွင့် ရကြ မည်ဖြစ်ပါ၍ အောက်ပါ အစီအစဉ် အတိုင်း ကြွရောက် ကြပါရန် ခင်မင်ရင်နှီးစွာ ဖိတ်ကြားအပ်ပါသည်။
အခမ်းအနားအစီအစဉ်

နေ့ရက်
၂၈.၀၅.၂၀၁၀( သောကြာနေ့)

အချိန်

နံနက် ၉ နာရီ
သံဃာတော်များနှင့် ပါရမီရှင် ဗုဒ္ဓဘာသာဝင်များ စုဝေးရောက်ရှိပြီး ကျောင်းတိုက် ဆရာတော် ဒေါက်တာဝိစိတ္တ က အဖွင့် စကားပြောရန်။

နံနက် ၉ နာရီ ၁၀ မိနစ်
မစိုးရိမ် ဆရာတော်ထံမှ သရဏဂုံ ၃ ပါးနှင့် ၅ ပါးသီလ သီလခံယူ တည်ဆောက်ပြီးနောက် သံဃာတော် များနှင့် ပါရမီရှင်များ စုပေါင်းပြီး လယ်တီ ဆရာတော်၏ ဗုဒ္ဓ၀င် လင်္ကာများဖြင့် မြတ်စွာဘုရားကို ပူဇော်ကြပါရန်။

နံနက် ၉ နာရီ ၃၀ မိနစ်
ထူးကြီး ဆရာတော်ထံမှ တရားနာယူရန်။

နံနက် ၁၀ နာရီ
သံဃာတော် ၁၀ ပါးတို့အား လှူဖွယ် ၀တ္ထုတို့ဖြင့်လှူဒါန်း ပူဇော်ကြပါရန်။


လိပ်စာ

ဇယျ မင်္ဂလာ ဗုဒ္ဓ ၀ိဟာရကျောင်းတိုက်
23A Jalan Mas Puteh, Along West Coast Road ,
Singapore 128 628 - Clementi MRT area ,
Take Bus ( 78/285) from NTUC Bust Stop Alight 2 stop Opposite Blk 701 Near ESSO Station

ကြွရောက်လာသော ပါရမီရှင်များအား အလှူရှင် ဒေါ်သုဇာ မိသားစု၊ ကိုကျော်လင်းအောင်+မယဉ်မေထွန်း ၊ ကိုသောကြာ နှင့်အဖွဲ့တို့မှ ဒန်ပေါက် အစရှိသောအာဟာရများဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းပါမည် ။

Vesak နေ. ဗုဒ္ဓနေ.


နိုင်ငံတိုင်းတွင် မိမိတို. ၏ ရိုးရာ အစဉ်အလာ အတိုင်း နေ.၊ ရက်၊ လ၊ နှစ် အမျိုးမျိုးကို သတ်မှတ် ကြသည် ဖြစ်ရာ ပြက္ခဒိန် အမျိုးမျိုး ရှိလေသည်။ Vesak Day နေ.ကို မြန်မာ နိုင်ငံတွင် နွေဥတု၏ နောက်ဆုံးလဖြစ်သော ကဆုန်လပြည့်နေ့တွင် ကျင်းပကြပါသည်။

မည်သို.ပင် ပြက္ခဒိန် သက္ကရာဇ် တွေ ကွဲပြား သော်လည်း ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ် အဖြစ် ကျင်းပ ပြုလုပ် ခြင်းဖြစ်၍ ကဆုန်လပြည့်ီဗုဒ္ဓနေ့ကို ရည်ညွှန်းခြင်းပင် ဖြစ်ပေသည်။

နေနန်း ရယ်တဲ့ ဖန်သူရိန်။
တန်ခိုး ဥဏှဂူနှင့်
ကဆုန်ဟူ သည်မာသမှာ
ပြင်းပြ ပူရှိန်။
ဝိသာခါ ယှဉ်ပြိုင် ၀န်းပါလို.
ထွန်းလှတဲ့ ငွေတာရိန်ငယ်
ဒွတ္တိံသ နေ.စွဲ။
ပန်း စကားဝါ
နန်းဘမယာ ကေသီဆင်လို.
ရွှေပြည်ခွင် ဗိုလ်ပါ ပေါင်းရယ်တို.
ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်
ခါသဘင် ညောင်ရေသွန်း ကြတယ်
လွမ်းစရာ့ ပွဲ။


မြန်မာတို. ၏ လတကာတွင် ကဆုန်လသည် အမြတ်ဆုံး ဟု အသိ အမှတ်ပြုကြသည် ။ ဤသို. အသိအမှတ် ပြုရာ၌ အကြောင်းတရား လေးပါးရှိ ပါသည်။

ပထမ အကြောင်းမှာ ဂေါတမ မြတ်စွာ ဘုရား အလောင်းတော်သည် ဘုရားစင်စစ် ဧကန် ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာ ဘုရားထံမှ နိယတ ဗျာဒိတ်ကို ခံယူသည်မှာ ကဆုန် လပြည့်နေ. ဖြစ်သည် ဟူသော အကြောင်းဖြစ်၏ ။

ဒုတိယ အကြောင်းမှာ နိယတ ဗျာဒိတ်ကို ခံယူ ခဲ့ပြီးနောက် ဤဘဒ္ဒ ကမ္ဘာတွင် မဟာ သက္ကရာဇ် ၆၈ ခုနှစ် ကဆုန် လပြည့်နေ၌ ဂေါတမ မြတ်စွာဘုရား အလောင်း သိဒ္ဓတ္ထ မင်းသားကို ဖွားမြင်တော် မူ၏ ။

တတိယ အကြောင်းမှာ မဟာ သက္ကရာဇ် ၁၀၃ ခု ကဆုန် လပြည့် နေ.တွင် ဂေါတမ မြတ်စွာ ဘုရားလောင်း တော်သည် ဗောဓိ မဏ္ဍိုင်၌ သဗ္ဗညုတ ဥာဏ်တော် ကိုရ၍ ဘုရားဖြစ်တော် မူ၏ ။

စတုတ္ထ အကြောင်းကား မဟာ သက္ကရာဇ် ၁၄၈ ခု ကဆုန် လပြည့်နေ.တွင် မလ္လာမင်း တို.၏ အင်ကြင်း ဥယျဉ်ဝယ် ဘုရားရှင် ပရိနိဗ္ဗာန် စံတော် မူခြင်း အကြောင်းဖြစ်၏။

ဤကဲ.သို. ကဆုန်လ၌ ထူးကဲသော အဖြစ်တို.ကို ဖြစ်တော်မူခြင်းကြောင့် ကဆုန်လကို အမြတ်ဆုံးလဟု မှတ်ယူ ကြပြီးလျှင် ကဆုန် လပြည့်နေ.၌ ညောင် ရေသွန်း ပွဲတော်ကို ခြိမ့်ခြိမ့် သဲသဲ ကျင်းပကြသည်။

ညောင်ရေ သွန်းလောင်းခြင်းကား မြတ်စွာဘုရား သဗ္ဗညုတ ဥာဏ်တော်ရရာ ဗောဓိ ညောင်ပင်ကို ရည်စူး၍ ပူဇော်ခြင်း ဖြစ်သည်။ ထိုဗောဓိ ညောင်ပင်ရှိရာ ဌာနကို ဗောဓိ မဏ္ဍလ ဗောဓိ မဏ္ဍိုင် ဟုခေါ်ဆိုပါသည်။

“ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံစဉ်လာဖြင့်၊ မဲဇာရပါသူ၊ တောင်းဆုယူသည်” အစချီသော စာဆိုတော်ကြီး လက်ဝဲသုန္ဒ၏ ရတုကဗျာ ရှိလေသည်။

“တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော စကားနှင့်အညီ ကဆုန်လသည် နွေရာသီ၏ အပူပြင်းဆုံး ကာလ၊ ရေအခန်း ခြောက်ဆုံး အချိန်၊ ရေပြတ်လပ် သော ကာလဖြစ်သည်။ထို.ကြောင့် သစ်ပင် ပန်းမန် တို.သည် ညိုးနွမ်း ကြကုန်သည် ဖြစ်၏ ။ ဗောဓိ ပင်သည်လျှင် ရေရှား ပြတ်လပ် ညိုးလျော် သော်ကြောင့်
ယင်းကို လန်းဆန်း စိုပြည် လေအောင် ရေသွန်းလောင်း ကြသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ အမှီသဟဲ ပြု၍ ပွင့်တော်မူရာ ဗောဓိ ညောင်ပင်ကို ရေသွန်းလောင်း ခြင်းဖြင့် ညောင်ရေ သွန်းပွဲတော် ပေါ်ပေါက်လာရသည်။

လက်ဝဲသုန္ဒရ အမတ်ကြီးသည် မင်းမျက် သင့်၍ မဲဇာသို. ရောက်နေခိုက်ဝယ် “ မဲဇာတောင်ခြေ၊ ပွဲခါညောင်ရေ၊ သဲသာသောင်မြေ” အစချီသော ရတုပိုဒ်စုံဖြင့် နေပြည်တော်ကို တမ်းတ ခဲ့ဖူးသည်။

Vesak နေ. တည်းဟူသော နေ.ထူးနေ.မြတ်ကို ဗုဒ္ဓဘာသာဝင် အပေါင်းတို.က ကဆုန်လပြည့်နေ. ဗုဒ္ဓနေ. ဟူ၍ အထိမ်း အမှတ်ကို ကျင်းပခဲ့ကြသည်မှာ မြန်မာ နိုင်ငံ၌သာမက စင်္ကာပူ၊ အိန္ဒိယ၊ သိရိလင်္ကာ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန် နိုင်ငံ တို.၌ လည်း ယင်းတို. ၏ သဘာဝ နှင့် အညီ စည်ကားစွာ ကျင်းပခဲ့ ကြပါသည်။

ထိုနေ့သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ပရိနိဗ္ဖာန် စံဝင် တော်မူခဲ့သည်။ ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ လူမျိုးတို့ အမွန်အမြတ် ထားသော ပွဲတော် တစ်ရပ် ဖြစ်ပါသည်။

Vesak နေ. ဗုဒ္ဓနေ. ဆိုတဲ့ အကြောင်းလေးကို ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ Clementi ဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ၊ ၏ ကျောင်း တော် ၌ ( Vesak Day )
နေ. တွင် ကျင်းပ ပြုလုပ်မည့် မြတ်ဗုဒ္ဓ၏ မွေးနေ. မင်္ဂလာ အတွက် လှူဒါန်းရေးသား ကုသိုလ်ပြု ပါသည်။

ကျန်းကိုး - မောင်ထင်၏ မြန်.မာ့ ဆယ့်နှစ်လရာသီ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP