* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 25, 2010

မြန်မာနိုင်ငံမှ ဘွဲ့ရကျောင်းသားများအတွက် ၂၀၁၁- ၂၀၁၂ စာသင်နှစ်အတွက် ဂျာမနီ စကောလားရှစ် အကန့်အသတ်မရှိ စဉ်းစားပေးမည်






မြန်မာနိုင်ငံရဲ့ လူ့စွမ်းအင်အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံက ဘွဲ့ရကျောင်းသား တွေအတွက် ဂျာမနီမှ စကော လားရှစ်တွေကို အကန့်အသတ်မရှိ စဉ်းစားပေးမည်ဟု သတင်းတစ်ပုဒ် တွင် ဖော်ပြထားသည်။
၎င်း စကောလားရှစ်တွင် မာ စတာနှင့် Philosophy (Phd) ကို ဂျာမနီတွင် ၂၀၁၁-၂၀၁၂ စာသင် နှစ်တွင် သင်ယူနိုင်ရန် ရွေးချယ် မည်ဖြစ်ပြီး လူဦးရေ သတ်မှတ် ထားခြင်းမရှိဟု သိရပါသည်။
ယခု ပေးမည့် စကောလား ရှစ်တွင်Business Administration, Political Science, Economic Science, Economic Development, Co-operation, Engineering and Related Sciences, Mathematics, Regional Planning, Agricultural and Forest Science, Medicine, Veterinary and Sociology စသည့် ဘာသာ ရပ်များ ပါဝင်သည်။
လျှောက်ထားလိုသူများ အနေ ဖြင့် ဇူလိုင် ၃၁ ရက်နောက်ဆုံး ထားပြီး လျှောက်ထားနိုင်ပါသည်။ ဂျာမနီ အစိုးရအနေဖြင့် နှစ်စဉ် စကော လားရှစ်များ ချီးမြှင့်လျက် ရှိပြီး၊ ပြီးခဲ့သောနှစ်တွင် မြန်မာနိုင်ငံ မှ ကျောင်းသား ၂၀ ခန့် အဆိုပါ စကောလားရှစ် ရရှိပြီးဖြစ်ကြောင်း CROWN Education မှ သိရ သည်။
from Time To Time Journal

Posted by အရှင်နန္ဒသာရ(သစ္စာရောင်ခြည်) on တနင်္လာနေ့၊ မေလ ၂၄၊ ၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP