* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 25, 2010

ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည်

တောင့်တတိုင်း ဖြစ်နိုင်၏

“သူကြွယ်တို့ တရားသဖြင့် မျှတစွာကျင့်သူသည် သေလွန်သောအခါ ချမ်းသာကြွယ်ဝသော မင်းမျိုး၌ဖြစ်ရန် လိုလားတောင့်တခဲ့သော် တောင့်တသည့်အတိုင်း ဖြစ်နိုင်၏။ သူကြွယ်မျိုး၌ ဖြစ်ရန်တောင့်တလျှင်လည်း တောင့်တသည့်အတိုင်းဖြစ်နိုင်၏။ နတ်ပြည် ဗြဟ္မပြည်တို့၌ဖြစ်ရန် တောင့်တလျှင်လည်း တောင့်တသည့်အတိုင်း ဖြစ်နိုင်၏။ အာသ၀က္ခယဉာဏ်ကို မျက်မှောက်ပြုရန် တောင့်တလျှင်လည်း တောင့်တသည့်အတိုင်း ဖြစ်နိုင်ပေ၏။”

တရားသဖြင့်ကျင့်ခြင်း

“သူကြွယ်တို့ တရားသဖြင့်ကျင်ခြင်း၊ မျှတစွာကျင့်ခြင်းသည်လည်း ကိုယ်အားဖြင့် သုံးမျိုး၊ နှုတ်အားဖြင့်လေးမျိုး၊ စိတ်အားဖြင့် သုံးမျိုးရှိ၏။

“ ကိုယ်အားဖြင့် တရားသဖြင့်ကျင်းခြင်း၊ မျှတစွာ ကျင့်ခြင်းသုံးမျိုးဟူသည်- သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်တို့၌ ဖောက်ပြန်စွာ ကျင့်မှုမှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်၏။”

“နှုတ်အားဖြင့် တရားသဖြင့်ကျင့်ခြင်း၊ မျှတစွာကျင့်ခြင်း လေးမျိုးဟူသည်- မုသားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသောစကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ သိမ်ဖျင်းသောစကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဖြစ်၏။”

“စိတ်အားဖြင့် တရားသဖြင့် ကျင်ခြင်း၊ မျှတစွာကျင်းခြင်း သုံးမျိုးဟူသည်- သူတစ်ပါးပစ္စည်းကို မိမိသို့ ရှေ့ရှုမကြံခြင်း၊ သူတစ်ပါးကို မပျက်စီးစေလိုခြင်း၊ မဖောက်မပြန် မှန်ကန်ဖြောင့်မတ်သော အယူရှိခြင်းတို့ ဖြစ်၏။”

(မဇ္ဈိမနိကယ်၊ မူလပဏ္ဏာသပါဠိ၊ သာလေယျကသုတ္တ)
ဘုရားရှင် ဒေသစာရီလှည့်လည်စဉ် သာလာရွာသား သူကြွယ်တို့အား ဟောကြားတော်မူသောတရားတော်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP