* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 25, 2010

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား

ကျွန်တော်တို့ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းမှဦးဆောင်၍ ပညာရေးအလှူအဖြစ် လှူဒါန်းသွားမည်ဖြစ်ပါသည်။ အခက်အခဲအမျိုးမျိုးကြောင့် ပညာရှာမှီးရန် အဆင်မပြေ ဖြစ်နေသော အနာဂတ်ရဲ့ရင်သွေးလေးများဖြစ်သော ကျောင်းသူ/သား များအား အခက်အခဲမရှိပညာသင်ကြားနိုင်ရန်အတွက် အောက်ပါအချက်အလက်များနှင့် သတ်မှတ်၍ ပညာရေးထောက်ပံ့မူ အလှူအား ပြုလုပ်သွားမည်ဖြစ်ပါသည်။ ယနေ့လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာ အားလုံးသိထားပြီးဖြစ်ပါသည်။ ယနေ့ခေတ်စာသင်ခန်းထဲမှာရှိတဲ့ ကျောင်းသား/သူတွေဟာ အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေဖြစ်သလို နိုင်ငံရဲ့အားကိုးအားထားရာလေးတွေလို့ဆိုရင်မမှားပါဘူး။ ကျွန်တော်တို့အနေနှင့် အနာဂတ်ရဲ့ရင်သွေးငယ် လေးများဖြစ်သော ကျောင်းသား/သူများအား ပြုစုပျိုးထောင်ပေးရန် အသိတရားရှိသူတိုင်း၏ ရင်ထဲ နှလုံးသားထဲတွင် တာဝန်ရှိပေသည်။ တာဝန်ဆိုသည်မှာ မည်သူကမျှ သတ်မှတ်ထား ခြင်းမရှိပဲ လုပ်သင့်လုပ်ထိုက်သော ၊ သူတော်ကောင်းတို့ချီးကျူးအပ်သော လုပ်ငန်းမျိုးဖြစ်ပေသည်။ ပညာမြင့်မှလူမျိုးတင့်မည်ဆိုသော လောကနီတိစကားအရလဲ ပညာဒါနဟာ လုပ်သင့်လုပ်ထိုက်သော အားပေးအားမြှောက်ပြုအပ်သော လုပ်ငန်းတစ်ခုပဲလို့ဆိုရမှာ ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်းတို့အနေနဲ့ မိမိ၏ပတ်ဝန်းကျင်တွင်သော်လည်းကောင်း ပညာရေးအတွက် အခက်အခဲဖြစ်နေသော ကျောင်းသား/သူများ၏ အခြေအနေများကိုသော်လည်းကောင်း အောက်ပါအချက် အလက်များအားဖြည့်ဆည်း၍ ဆက်သွန်ရန်လိပ်စာများသို့ အီးမေးပေးပို့နိုင်ပါသည်။ ပညာပါရမီဖြည့်ဆည်းလိုသော ဓမ္မမိတ်ဆွေအပေါင်းတို့အနေနှင့်လည်း ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းနှင့် ပူးပေါင်း၍ လှူဒါန်းမူပြုနိုင်ကြောင်း ဖိတ်ကြားအပ်ပါသည်။ ကျွန်တော်တို့အနေနှင့် အီးမေးအချက်အလက်များအားဖြည့်ဆည်း၍ ပို့ပေးသော ပညာရေးထောက်ပံ့မူအလှူအား ပြန်လည်အကြောင်းပြန်ပေးမည်ဖြစ်ပါသည်။

ပညာသင်စရိတ်ထောက်ပံ့ရန် အရည်အချင်းသတ်မှတ်ချက်
ကိုယ်ကျင့်တရားကောင်းသူ ဖြစ်ရမည်။
ဆရာ၊ ဆရာမများက စာတော်သူဟု သတ်မှတ်ထားသူဖြစ်ရမည်။
ငွေကြေးအမှန်တကယ် ချို့တဲ့သောသူဖြစ်ပြီး အမှန်တကယ် ပညာလိုလားသူ ဖြစ်ရမည်။
ကျောင်းသား/ကျောင်းသူ၏ မိဘများကလည်း ကျောင်းသား ပညာသင်ကြားနေစဉ်ကာလအတွင်း အေးဆေးစွာ သင်ကြားနိုင်ရေးအတွက် သဘောတူညီရမည်။
ကျောင်းသား/ကျောင်းသူ၏ ကိုယ်ရေးရာဇ၀င်အကျဉ်း၊ မှတ်ပုံတင်မိတ္တူတစ်စောင်၊ လက်ရှိဓာတ်ပုံတစ်ပုံကို တင်ပြပေးရမည်။
ပညာရေးအတွက် တွေ့ကြုံနေရသည့် လက်ရှိအခက်အခဲအကြောင်း အကျဉ်းမျှ ရေးသားတင်ပြရမည်။
ဆရာ/ဆရာမ နှစ်ဦးနှင့် အထက်တို့က ကျောင်းသား/ကျောင်းသူနှင့်ပတ်သက်သော အထက်ပါ အချက် အလက်များသည် မှန်ကန်ကြောင်းထောက်ခံပေးရမည်။

ကျောင်းသား/ကျောင်းသူ၏ ကိုယ်ရေးရာဇ၀င်အကျဉ်း
အမည်-
မှတ်ပုံတင်အမှတ်-
မွေးသက္ကရာဇ်
အောင်မြင်ပြီးသောအတန်း
လက်ရှိပညာသင်ကြားရန်အခက်အခဲဖြစ်နေသောအတန်း
လက်ရှိနေရပ်လိပ်စာအပြည့်အစုံ
အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ
အမိအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ
အဖြစ်ချင်ဆုံးအနာဂတ်ရည်မှန်းချက်

(မှတ်ချက်) မူလတန်းကျောင်းသား/သူများဖြစ်သော် မှတ်ပုံတင်မရှိသေးပါက မရှိသေးပါဟု ရေးသားပေးပါရန်။
ပညာရေးအလှူတော်အတွက် လှူဒါန်းသောအလှူရှင်များစာရင်းအားလည်း သီးသန့်ကဏ္ဍအဖြစ်ဖော်ပြပေးမည်ဖြစ်ပါသည်။

ဆက်သွန်ရန်လိပ်စာ

mmtheravada@gmail.com

winthu07@gmail.com

thantzin83@gmail.com

ဓမ္မမိတ်ဆွေအပေါင်းတို့အနေနှင့် အင်တာနက်မှအီးမေးများဖြင့် ဖြန်ဝေနိုင်ပါသည်။ အချက်အလက်များနှင့်ပြည့်စုံသောကျောင်းသား/သူများအား ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များ အသင်းမှ ပညာရေးအလှုထောက်ပံ့မူအဖြင့် လှူဒါန်းသွားမည်ဖြစ်ပါသည်။

ဓမ္မမိတ်ဆွေအပေါင်းကျန်းမာချမ်းသာကြပါစေ

ကိုညီ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP