ကြားနေတာနဲ့သူတို့မပြောခဲ့တာ
ဂျာနယ်လစ် တစ်ယောက်ရဲ့ ကြားနေဖို့ ထိုက်တန်မှုကို သဘောတကျ နားထောင်နေရင်း တစ်ယောက်က Desmond Tutu ရဲ့ စကားလုံးနဲ့ ကိုင်ပေါက်တော့ မျက်လုံး ပြူးရတယ်။
“မတရားမှုတစ်ခုမှာ ကြားနေတယ် ဆိုရင် သင်ဟာ ဖိနှိပ်သူဘက်ကို ရွေးချယ်လိုက်တာ ဖြစ်တယ်”
ဆိုတော့ ဂျာနယ်လစ်ကျင့်ဝတ်ကို ဖောက်ပြီး ဘက်လိုက်ရမလို ဘာဂလိုတိုတို ဖြစ်နေတယ်။ ဘက်လိုက်တယ် ဆိုတာကိုက မတရားမှုပဲ။ ကျင့်ဝတ်တွေအတိုင်း လုပ်ကြေးဆို ဒီလိုမဖြစ်သင့်ဘူး။ အမှန်တော့ သူက quote အပြည့်အစုံကို မပြောတာသာ ဖြစ်တယ်။ quote အပြည့်အစုံက အခုလိုဖြစ်တယ်။
“If you are neutral in situations of injustice, you have chosen the side of the oppressor. If an elephant has its foot on the tail of a mouse and you say that you are neutral, the mouse will not appreciate your neutrality.”
“မတရားတဲ့ အခြေအနေမှာ ကြားနေတယ် ဆိုရင် သင်ဟာ ဖိနှိပ်သူဘက်ကို ရွေးချယ်လိုက်တာသာ ဖြစ်တယ်။ ဆင်ကြီးတစ်ကောင်က ကြွက်တစ်ကောင်ရဲ့ အမြီးကို နင်းထားပြီး သင်က ကြားနေတယ်လို့ ပြောတယ်ဆိုရင် ကြွက်က သင့်ရဲ့ ကြားနေမှုကို အသိအမှတ် ပြုလိမ့်မယ် မဟုတ်ဘူး"
မတရားတဲ့ အခြေအနေ ဆိုပြီး ဖြစ်ရပ်အတိအကျကို ပြထားတယ်။ တစ်ယောက်ယောက် ဆင်နင်းခံရပြီဆိုရင် အဲဒီသူကို လျစ်လျူမရှုဖို့ အနင်းခံရသူကို အကူအညီပေးဖို့ ဆိုလိုတာပဲ။ မှန်၏မှား၏ ဆုံးဖြတ်ရာမှာ ဂျာနယ်လစ်တွေရဲ့ ကျင့်ဝတ်ကို အလေးမထားဘဲ ကိုယ်သန်ရာဘက်ကို ဘက်လိုက်ဖို့ တစ်ခွန်းမှ မပါဘူး။ Ending Poverty as we know it မှာ William.P. Quingley ရေးသားတဲ့ အခြေအနေနဲ့ဆို ပို အဟပ်မိမယ်။
Blind trust in the market or neutrality, or a hands-off attitude , is essentially acceptance of the status quo. This status quo involves poverty as we know it_ tens of millions of people unemployed or employed at wages so low they are still unable to be self-sufficient. As Bishop Desmond Tutu said “If you are neutral in situations of injustice, you have chosen the side of the oppressor. If an elephant has its foot on the tail of a mouse and you say that you are neutral, the mouse will not appreciate your neutrality.”
"ဈေးကွက်မှာ မျက်ကန်း ယုံကြည်ကိုးကွယ်တာ၊ ကြားနေတာ၊ လက်ရှောင်နေတာဟာ အခြေခံအားဖြင့် (ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဆိုတဲ့ အနေနဲ့) ရှိရင်းစွဲအခြေအနေကို လက်သင့်ခံခြင်း (acceptance of status quo) ဖြစ်တယ်။ ဒီ ရှိရင်းစွဲအခြေအနေ (status quo) ဆိုတာမှာ ကျွန်တော်တို့ သိထားတဲ့ ဆင်းရဲနွမ်းပါးမှုလည်း ပါဝင်နေတယ်။ လူသန်းပေါင်းများစွာဟာ အလုပ်လက်မဲ့ ဒါမှမဟုတ် လုပ်အားခ မလုံလောက်လို့ တိုက်ပွဲဝင်နေရတယ်။ ဘစ်ရှော့ ဒက်စမွန်တူးတူး ပြောသလိုပဲ “မတရားတဲ့ အခြေအနေမှာ ကြားနေတယ် ဆိုရင် သင်ဟာ ဖိနှိပ်သူဘက်ကို ရွေးချယ်လိုက်တာသာ ဖြစ်တယ်။ ဆင်ကြီးတစ်ကောင်က ကြွက်တစ်ကောင်ရဲ့ အမြီးကို နင်းထားပြီး သင်က ကြားနေတယ်လို့ ပြောတယ်ဆိုရင် ကြွက်က သင့်ရဲ့ ကြားနေမှုကို အသိအမှတ် ပြုလိမ့်မယ် မဟုတ်ဘူး"
ဒီလိုအဓိပ္ပါယ်ကို ဟိုလိုထွက်အောင် ပြောနေလေတော့ ကိုသင်ကာရဲ့ They Never Said It ပိုစ့်တွေကို သတိရတယ်။ Click Here
အဲဒီပိုစ့်တွေထဲက ရတဲ့ ဥပမာ တစ်ခုက အခုလို ဖြစ်တယ်။ အမေရိကန်ရဲ့ ဒုတိယမြောက် သမ္မတ ဂျွန်အဒမ် ပြောတဲ့ စကားကို ဘာသာမဲ့တွေက ကိုးကားကြတယ် ဆိုတယ်။
"ဘာသာရေးသာ မရှိဘူးဆိုရင် အကောင်းဆုံးလောကကြီး ဖြစ်မလားပဲ" ဆိုတဲ့ စကားပဲ။ ဒါပေမဲ့ အဲဒီစကားက ဂျွန်အဒမ် ရည်ညွှန်းတဲ့ စကားမဟုတ်ဘူး။ ဆန့်ကျင်ဘက် အဓိပ္ပါယ်ကို ရည်ညွှန်းတာ ဖြစ်တယ်။
ဂျွန်အဒမ်က ၁၈၁၇ ဧပြီ ၁၉ မှာ သောမတ်ဂျက်ဖာဆင်ဆီ ရေးတဲ့ စာမှာ အခုလို ဖော်ပြထားတယ်။ "အကြိမ်နှစ်ဆယ်လောက် နောက်ဆုံး ဖတ်ပြီးချိန်မှာ ပေါက်ကွဲမိတော့တယ်။ ဘာသာရေးသာ မရှိရင် အကောင်းဆုံး လောကကြီးဖြစ်မလားပဲဆိုပြီး ပြောမိတယ်။ တကယ်ဆို ဘရိုင်ယန်တို့ ကလီဗာလီတို့လို သဒ္ဓါယုံကြည်မှု ရှိသင့်တယ်။ ဘာသာရေး မရှိရင် ဒီလောကကြီးဟာ အများရှေ့မှောက်မှာ ပြောပြဖို့ မဖြစ်တဲ့ဟာတွေတောင် ဖြစ်ကုန်မယ်။ ဆိုလိုတာက ငရဲပြည်လိုပေါ့။"
ဒီဥပမာအတွက် mmthinker ကို credit ပေးတယ်။
အပြည့်အစုံ ဖတ်ရန် - Click Here
ညွှန်းလိုသေးတာက ဦးရွှေအောင်ရဲ့ ဘ၀အကျဉ်းသားထဲမှာပါတဲ့ စာဖတ်နည်းဆိုတဲ့ ဆောင်းပါး ကို ဖြစ်ပါတယ်။

0 comments:
Post a Comment