* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 28, 2010

အကောင်ကြီးတယ် နှစ်ခေါက်လျှောက်

အားလုံး ကြားဖူးပြီးသားပါပဲ။ ပုံပြင်လေး တစ်ပုဒ်ပေါ့။
မှတ်မိသလောက် ကိုယ့်စကားနဲ့ ကိုယ် ပြန်ပြောရရင်-

ဟိုရှေးရှေးတုံးကပေါ့။


ဦးသူတော် တစ်ပါး ကျောင်းအနီးနားရှိတဲ့ ပုဇွန်လုံးကို စားချင်တာနဲ့  အကြံဖန်ထုတ်ပါသတဲ့။
အကုသိုလ်ဖြစ်မှာလည်း ကြောက်တဲ့ ဦးသူတော်။
သူ့ ကာယကံ မြောက် အကုသိုလ်ဖြစ်မှာစိုးတာက လွန်ရော။
သူ့ အထင် သူ့ အကြံက ကိုယ်တိုင်သတ်ရင် အကုသိုလ်ဖြစ်မယ်ပေါ့။

ဒီလိုနဲ့  ဒယ်အိုးထဲ ဆီထည့်ပြီး မီးဖိုပေါ်တင်ထားပါသတဲ့။
ပြီးတော့မှ ဒုတ်တန်းသေးသေးလေး ဒယ်အိုးပေါ်တင်ထားတယ်။
ပုဇွန်လုံးလေးတွေကို ဖြတ်လျှောက်ခိုင်းတယ်။
ဒယ်အိုး ဆီပူထဲ ကျသေရင်တော့ မင်းတို့ ထိုက်နဲ့  မင်းတို့ ကံပဲ။ ငါ နဲ့  မဆိုင်ဘူးပေါ့။

အကောင်သေးသေးလေးတွေက အိတ်စ်ပီးရန့် စ် မရှိတော့လည်း
တစ်ခေါက်ထဲနဲ့  လန့် လန့် ပြာပြာမို့  အသက်ဘေးလွတ်အောင်
လျှောက်လိုက်ကြတာ လွယ်လွယ်ကူကူပဲ ဦးသူတော် အကြိုက်ဖြစ်သွားပါသတဲ့။
မင်းတို့ ကံပဲ။ မင်းတို့ ကံကိုက ဆိုးတာပဲပေါ့။

အကောင်ကြီးကြီးက တစ်ခေါက်လျှောက်တာ လွတ်သွားပါသတဲ့။
ဦးသူတော် အကြိုက်မတွေ့ ဘူး။
ဒါနဲ့  ဦးသူတော်က မင်းက အကောင်ကြီးတယ် နှစ်ခေါက်လျှောက် ဟူသတည်း။
အဲဒီနောက်မှာ အကောင်ကြီးလည်း
ဦးသူတော် အကြိုက် ဖြစ်သွားတော့တာပေါ့။


ဒုစရိုက် ( ၁၀ ) ပါး ကို မှတ်မိလွယ်အောင် ဆောင်ပုဒ်လေးနဲ့  မှတ်ကြသေးတာပေါ့။

ဆောင်ပုဒ်-၁။ သက်သတ်- ခိုးမှု၊ ကာမေသု ၊ သုံးခု ကာယကံ။
၂။လှည့်စား- ရန်တိုက်၊ မိုက်မိုက်ကန်းကန်း- နှုတ်ကြမ်းလေခြင်း၊
ပြိန်ဖျဉ်းစကား၊ ပြောဆိုငြား၊ လေးပါး ၀စီကံ။
၃။ သူ့ ဥစ္စာမှန် ၊ မတရားကြံ၍ ၊ ဖေါက်ပြန်သေကြေ၊ ပျက်စေလိုငြား၊
အယူမှား၊ သုံးပါးမနောကံ။


လေးဆယ် ဖြစ်လာပုံ အကျဉ်းမှတ်ဖို့ -

ဆောင်ပုဒ်- ဒုစရိုက်နဲ့  သုစရိုက်ပြိုင်၊ ဤဆယ်ခိုင်ကို၊ ကိုယ်တိုင်ပြုငြား၊ သူများခိုင်းတုံ၊
ဂုဏ်ကိုပြောပြ၊ ၀မ်းမြောက်ကြပြန်၊လေးဆယ်မှန်၊ မြှောက်ဟန် သဘောပိုက်။

တောင်မြို့ ၊ မဟာဂန္ဓာရုံ ဆရာတော်။ ရတနာ့ဂုဏ်ရည်၊ စာမျက်နှာ- ၂၆၆
နှင့်( အဂုင်္တ္တရနိကာယ)။


မှတ်ချက်။ ။ ဦးသူတော်က နှစ်ခေါက်လျှောက်ခိုင်းတာဟာ
သူ့ အကြိုက်ဖြစ်ကို ဖြစ်စေချင်လို့  နှစ်ခေါက်လျှောက်ခိုင်းတာ။

ကိုယ်ကလည်း ကိုယ့်အကြိုက် လည်း ဖြစ်
စာဖတ်တဲ့ ပရိသတ် တွေလည်း မှတ်မိစေချင်တာနဲ့  ပြန်တင်ပေးလိုက်တာပါ။

အဲ ...မတူတာက
ဦးသူတော်က ပုဇွန်လုံးတွေကို ဒယ်အိုး အပူထဲ ကျစေချင်တယ်။
ကိုယ်က သံပူရည် ဒယ်အိုးထဲ မကျစေချင်ဘူး။ဒါပဲ အဖြေက။

ဒါကြောင့် လိုရင်းဖြစ်တဲ့ အကောင်ကြီး ဆောင်ပုဒ်ကို
နှစ်ခေါက် ထပ်တင်ပေးလိုက်ပါတယ်။

စာပေအလို ၀ိသဒိသူပမာအလင်္ကာ
မတူညီတဲ့ ဥပမာ အလင်္ကာ ဟူလိုသောဝ်...

မကောင်းတာကို မကောင်းသည့်အတိုင်းသိပြီး ရှောင်နိုင်ပါစေပေါ့။


မြတ်ရောင်နီ

(၂၆၊၀၄၊၂၀၁၀)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP