* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 28, 2010

ကဆုန်လနှင့် ဗုဒ္ဓဘာသာ



သီတဂူစတား မိတ်ဆက်
ကဆုန်လနှင့် ဗုဒ္ဓဘာသာ အမည်ရှိ ဤပို့စ်လေးကို ကာတာနိုင်ငံတွင် အလုပ်လုပ်နေသော မောင်အောင်ကျော်တိုး စုစည်းတင်ပြသည်။ လူငယ်လေးတွေ ဘာသာရေးနှင့် ယဉ်ကျေးမှုကို စိတ်ဝင်စားနေတယ်ဆိုတဲ့ ပြယုဂ်တစ်ခု ဖြစ်တာကြောင့် လပြည့်နေ့အမီ အစောတလျင် တင်လိုက်ရပါသည်။ အိန္ဒိယနိုင်ငံရဲ့ ကဆုန်လပြည့်နေ့က ၂၈ ရက်နေ့မှဖြစ်သည်။

သီတဂူစတားသည် ၂၀၀၄ ခုနှစ်က သီတဂူဆရာတော်ကြီးနှင့် အတူ အိန္ဒိယဘုရားဖူးအစီအစဉ်ပါလာခဲ့သည်။ ခရီးစဉ်အားလုံးပြီးတော့ ကဆုန်လပြည့်နေ့ ရောက်လုနီးဖြစ်နေသည်။ ဆရာတော်ကြီးက အရင်ပြန်နှင့်သည်။ မင်းတို့တတွေ ကဆုန်လပြည့်နေ့ မဟာဗောဓိပင်အောက်မှာ ဘုရားရှိခိုး မေတ္တာပို့ အလုပ်တွေ လုပ်ရစ်ကြ၊ ပြန်မလာကြသေးနဲ့ဦးဟု အမိန့်အရ သီတဂူစတားတို့ ညီနောင်တစ်စု ကဆုန်လပြည့်နေ့မှာ မဟာဗောဓိပင်အောင်မှာ ရှိနေခဲ့သည်။ မှတ်မှတ်ရရဖြစ်ရသည်မှာ ကဆုန်လပြည့်နေ့သည် မြန်မာပြည်ထက် တစ်ရက် နောက်ကျခြင်းဖြစ်သည်၊ ကဆုန်လပြည့်မှာ နိုင်ငံတကာဗုဒ္ဓဘာသာများသည် မဟာဗောဓိပင်ကြီးအောက်မှာ စုစည်းကာ ဗုဒ္ဓဇယန္တိပွဲ ကျင်းပကြသည်။ အဲဒီနေ့က ယခု နာလန္ဒတက္ကသိုလ် အဓိပတိ ဒေါက်တာပန့်တ် တက်ရောက်ကာ အမှာစကားပြောသွားခဲ့သေးသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံရဲ့ ကဆုန်လပြည့်နေ့သည် ၂၀၀၄ ခုနှစ်က မြန်မာထက် တစ်ရက် နောက်ကျသဖြင့် ဒီနှစ်လဲ ၂၈ ရက် ဖြစ်မည်။

မျှဝေ
ကဆုန်လ ကိုရောက်တော့ ဗုဒ္ဓဝါဒ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ညောင်ရေသွန်းတဲ့ပွဲတော်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်မြတ်ထားရာ လမြတ်ဟူ၍လည်း သတ်မှတ်ထားပါတယ်။ ညောင်ရေသွန်းတယ်ဆိုတော့ ဘာရယ်ရွယ်ချက်နှင့် ညောင်ရေသွန်းကြသလဲ? ဘာကြောင့်ညောင်ရေသွန်းတယ်ဆိုတာလေးကို မှတ်သားသင့်ပါတယ်။ သိပြီးသားလဲ ဖြစ်ပါလိမ့်မယ်၊ သိပြီးကြားဖူးသူတွေအတွက် နားဖူးထက်မှန်၊ မသိသေး မကြားဘူးသေးသော သူတွေအတွက် အသစ်စကားလေးတွေပေါ့၊ ဗဟုသုတလေးတွေပေါ့။ မြတ်စွာဘုရားရှင်နှင့်ပတ်သက်တဲ့ ဗဟုသုတလေးတွေကို ကျွန်တော့လို ဗဟုသုတ ရှာဖွေနေသူတွေအတွက် မျှဝေလိုတဲ့ ဆန္ဒတစ်ခုတည်းနဲ့ ပင်ပန်းတာ အိပ်ရေးပျက်တာတွေ အပထားကာ လပြည့်နေ့ အမီရေးချင်တာနဲ့ ခက်သုတ်သုတ် ရှာဖွေစုဆောင်း တင်ပြလိုက်ရပါသည်။


ကဆုန်လမှာ ဘာတွေလုပ်?
ကဆုန်လမှာညောင်ရေသွန်းတယ်ဆိုတာ...ကဆုန် (ခ) ကဆိန် ဟူ၍ခေါ်ပါသည်။ သဗ္ဗညုမြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့ မှီရာဖြစ်သော ပရိဘောဂစေတီတစ်ဆူဖြစ်တော်မူသော မဟာဗောဓီပင်ကြီးကို ရေသွန်းလောင်းခြင်းဖြစ်သည်။ ထို့ကြောင့် ရေပြတ်တဲ့လမှာ ဗောဓိပင်လည်း အသက်ဆက်စေတော့၊ဗောဓိပူဇာလည်း ဖြစ်စေတယ်၊ တစ်နည်းအားဖြင့်ပရိဘောဂစေတီ
ကိုလဲ ရေပူဇော်ရာရောက်တယ် ဆိုပြီး ကဆုန်လမှာ ညောင်ရေသွန်းလောင်ခြင်းဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရားကိုပူဇော်ခြင်း၊ တစ်နည်းအားဖြင့် မဟာဗောဓိပင်ကြီးကို ပူဇော်ခြင်း၊ နောက်တစ်မျိုးအတိအကျပြောရရင် ပရိဘောဂစေတီကို ရေပူဇော်တဲ့လ၊ ပရိဘောဂစေတီထိုက်တဲ့ ညောင်ပင်ကို ပူဇော်တဲ့လဖြစ်ပါတယ်။ ဒီလရဲ့လပြည့်နေဆိုတာ
ဝိသာခါနက္ခတ်နဲ့ လပြည့်ဝန်းကြီးက ကောင်းကင်မှာတည့်တည့်ထွန်းလင်းနေပြီး ကဆုန်လပြည့်ဆိုတဲ့ အရာကိုဖော်ညွန်းနေပါတယ်။

လမြတ်ကဆုန်
ကဆုန်လတွင် မြတ်ဗုဒ္ဓနဲ့ပတ်သက်သည့် အဓိက အချက်(၅)ခု ကိုရှာဖွေးတွေ့ရှိရပါသည်။ ထိုအရာတွေကတော့------
လေးသင်္ချေကိန်း၊ တစ်သိန်းကပ်ကြုံ၊ သုမေဓာလောင်း ညွတ်ပျောင်းဗွက်အုံ၊ ဒီပင်ထံပါး ဝမ်းလျားမှောက်ခုံ၊ ဆုပန်နေ့ လပြည့် နွေကဆုန်။

ကဆုန်လပြည့်နေ့နှင့် တိုက်ဆိုင်တဲ့ မြတ်ဗုဒ္ဓရဲ့ဖြစ်စဉ် (၅)ချက်ဖြစ်ပါတယ်။ သုမေဓာ ရှင်ရသေ့ဘဝတုန်းက ဒီပင်္ကရာမြတ်စွာဘုရားရဲ့ ခြေတော်ရင်းမှာ ဘုရားဆုပန်ခဲ့တာဟာ ကဆုန်လပြည့်နေ့မှာပဲဖြစ်ပါတယ်။ အဲဒီနေ့မှာ ဝိသာခါနက္ခတ်နဲ့ လဆန်းတို့
မွန်းတည့်အပြိုင်ပြုပြီးတော့ ကောင်းကင်းမှာ မွန်တည့်တဲ့ ဝိသာခါပုဏ္ဏမဒိဝသ...ဝိသာခါနက္ခတ်နဲ့ သန့်ရှင်းပြီးတော့လပြည့်တဲ့နေ့ဟာ ကဆုန်လပြည့်နေပါဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်များက လဆုန်လကို လမြတ်ဟူ၍ သက်မှတ်ခဲ့ကြသည်။

လွန်ခဲ့တဲ့ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းမှာ ကဆုန်းလပြည့်နေဆိုတာ၇ှိလားလို့ ကတ်ကတ်သတ်သတ် (ကပ်သီးကပ်သက်) မေးလာခဲ့ရင် ကဆုန်လပြည့်နေ့ဆိုတာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းမှာ၇ှိ၇ှိ မ၇ှိ၇ှိ ရေပြတ်တဲ့လ ဆိုတာတော့ရှိခဲ့ပါတယ်။
အဲဒါမှမဟုတ်ရင် ဝိသာခါနက္ခတ်နဲ့ လနှစ်ခုပြိုင်ပြီးတော့မွန်းတည့်ဆိုတဲ့အချိန်မှာ သုမေဓာရသေ့ဟာ ဒိပင်္ကရဘုရားရဲ. ခြေတော်ရင်းမှာ ဆုပန်ခဲ့တယ်ဆိုရင် ငြင်းစရာ လိုမယ် မထင်ပါဘူး။
အဲဒီတော့ လွန်လေးပြီးသော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလမှာ အမရ၀တီနေပြည်တော်မှာ သုမေတာခေါ်တဲ့ သူဌေးသားဟာ မိဘနှစ်ပါး ကွယ်လွန်သွားပြီး ကျန်ရစ်တဲ့ကုဋေရှစ်ဆယ်သောပစ္စည်
တွေကို အကုန်စွန့်လွှတ်ပြီး ဘုရားမပွင့်ခင် ကြို့တင်၍ ရသေ့လုပ်နေတယ်။ မြတ်စွာဘုရားပွင့်တော်မူမယ်ဆိုတဲ့သတင်း ကတော့ကြိုပြီးသိနေပြီး။

အဲဒီ ဒီပင်္ကရာဘုရားရှင် ပွင့်တော်မူတဲ့ ကပ်ကမ္ဘာမှာ ဒီပင်္ကရာဘုရားရှင်ရှေ့က တနင်္ကရာ၊ မေတင်္ကာရာ၊ သရနင်္ကရာရယ်လို့ဘုရား(၃)ဆူပွင့်တော်မူခဲ့ပြီးဖြစ်ပါသည်၊ စတုတ္ထမြှောက်ဖြစ်တဲ့ ဒီပင်္ကရာဘုရားရှေ့မှောက်မှာ သုမေဓာက ဆုလာပန်ခြင်းဖြစ်သည်။ ကြိုတင်ပြီးတွက်ဖြစ်တာက လေးသင်္ချေကမ္ဘာတစ်သိန်းမှာ မြတ်စွာဘုရားပေါင်း (၂၈)ဆူပွင့်တော်မူခဲ့ပါတယ်။ ပွင့်တော်မူသောဘုရားတွေထဲမှာ ဂေါတမဗုဒ္ဓသည် (၂၄)ဆူသောဘုရားတို့ထံမှ ဗျာဒိတ်ရခဲ့သည်။ တနင်္ကရာ၊ မေတင်္ကရာ၊သရနင်္ကရာ ဘုရားသုံးဆူ လွန်သွားပြီး ဒီပင်္ကရာဘုရားကျမှ ဗျာဒိတ်တော့ခံယူခဲ့ပါသည်။

ဤဘဒ္ဒကမ္ဘာမှာ ကကုဿဏ်၊ ဂေါဏဂုဏ်၊ ကဿပဘုရားများအထိ ၂ ကျိပ် ၄ ဆူ မှာ ဗျာဒိတ်ရခဲ့တယ်၊ မိမိကိုယ်တိုင် ဆိုလို့ရတဲ့ဂေါတမဗုဒ္ဓ အပါအဝင်ဘုရားပေါင်း (၂၈)ဆူဖြစ်ပါတယ်။ ဂေါတမ မြတ်စွားဘုရားကိုချန်ထား လွန်လေးပြီးသောဘုရား (၃ ) ဆူ ကိုပါ ချန်ထားရင် အားလုံး ဗျာဒိတ်ခံယူတာဟာ ၂ ကျိပ် နှင့် ၄ ဆူ ထူး ထူး ခြား ခြား ဖြစ်ပါတယ်။

ပဗ္ဗဇိတဒုလ္လဘ
နောက်ထူးခြားတာလေးကို ပြောရအုံးမယ်ဆိုရင်၊ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းမှာ ၂ ကျိပ် ၄ ဆူ သော ဘုရားတို့ထံ ဗျာဒိတ်ခံယူပြီးတော့မှ ရဟန်းဘဝ စုစုပေါင်းရခဲ့တာဟာ လေးသင်္ချေမှာ ၉ ဘဝဖြစ်ခဲ့ပါတယ်။ ဗျာဒိတ်ရာတာ ဘုရားပေါင်း ၂ ကျိပ် ၄ ဆူ၊ ရဟန်းဖြစ်တာ ၉ ဆူ သောဘုရားတို့ထံမှာ ၉ ဘဝရခဲ့ပါတယ်။ ပဗ္ဗဇိတဒုလ္လဘ စိတ်ဝင်းစားတဲ့သူတွေ
အတွက်မှတ်သားစရာအချက်ဖြစ်တယ်။ ဘယ်ဘုရားလက်ထက်မှာ ရဟန်းဖြစ်တယ်ဆိုတာကိုတော့ ထည့်မပြောတော့ပါဘူး။
ဒီပင်္ကရာဘုရားမပွင့်ခင်က ပစ္စည်တွေစွန့်လွတ်ပြီးတောထွက် ရသေ့လုပ်နေသော သုမေဓာ ဟာ ဒီပင်္ကရာဘုရားပွင့်လို့ သံဃာတော် ၂ သိန်းကျော်တို့နဲ. အမရဝတီဆိုတဲ့ ရွှေမြို.တော်သို့ ဆွမ်းခံကြွမယ်လို့ သတင်းရတော့မြို.သူမြို.သားတွေက ဘုရားကြွမည့်လမ်းမှာ မိုးဦးကျ ကဆုန်လဆိုတော့ မိုးကရွာပြီး၇ွှံတွေဗွက်တွေဖြစ်နေတာကို လမ်းခင်းသူကခင်းကြ၊ သန့်ရှင်းသူ
ကရှင်းနဲ.မြို.သူမြို.သားတွေလမ်းတွေကို ပြုပြင်နေကျတဲ့အချိန်မှာတော့ မြှို.ကိုဆွမ်းခံကြွတဲ့ရသေ့က ဘာလုပ်နေတာလဲမေးတော့ ဘုရားကြွမှာမို့ လမ်းကိုပြုပြင်နေတာပါလို့ ပြောကြရော...ရသေ့က သူလဲဝေယျာဝေစ္စလုပ်မယ်ဆိုပြီး ရွှံဗွတ်အထူဆုံးနေရာကိုယူသတဲ့။

အခက်ခဲဆုံးကိုမှ လုပ်ချင်သူ
ရသေ့ကြီးဖြစ်ချင်တာက အခက်အခဲဆုံးနေရာမှာ အခက်အခဲဆုံးအလုပ် ကိုလုပ်ချင်တယ်ထင်ပါရဲ့၊ မြတ်စွာဘုရားနှင့်သံဃာတော် ၂သိန်းကျော်ကြွလာချိန် လမ်းကပြင်လို.မပြီးသေးပါဘူး၊ ဒီအချိန်မှာမြတ်စွာဘုရားကြွလာတဲ့ တည့်တည့် လေးတောင်မျှလောက် ဝေးကွာနေတဲ့ ရွှံဗွတ်အထူးဆုံး
လမ်းနေရာမှာ ဝမ်းလျှာမှောက်လျက် အရှင်ဘုရားတစ်ပည့်တော်ရဲ. ကိုယ်လုံးကို တံတားခင်လှူပါတယ်ဘုရားဟု လျောက်လေသည်။

ဘုရားဆုပန်
သုမေဓာရှင်ရသေ့ဟာ ဘုရားမြတ်စွားရဲ.ခြေတော်ရင်းမှာ သမ္မာသမ္ဗောဓိဆုကို ပန်ယူခဲ့တယ်။ ပေးတဲ့ဆန္ဒ၊ ဝီရီယတွေက အလွန်ပြင်ထန်းချင်းကြောင့် အဲဒီဘဝမှာ သူဟာမဂ်ဖိုလ်ကို ရနိုင်တဲ့ယောင်္ကျားပဲ...သူရဲ့လက်တစ်ကမ်းရနိုင်တဲ့ မဂ်ဖိုလ်ကို မယူဘဲ ဘာ့ကြောင့်ဘုရားဆုကို ပန်တာလဲဆိုတော့ သူ့မှာ ရည်ရွယ်ချက်တွေ၇ှိတယ်။

ရည်ရွယ်ချက် ၈မျိုး
တိဏ္ဏော တာရေယျံ ၊ မုတ္တော မောစေယျံ ၊ ဒန္တော ဒမေယျံ၊ သန္တော သမေယျံ၊ အသေဿာ အသေဿယျံ။
ဗုဒ္ဓေါ ဗောဓေယျံ။ သုဒ္ဓေါ သောဓေယျံ၊ ပရိနိဗ္ဗုတော သုပရိနိဗ္ဗေယျံ ဆိုတဲ့ရည်ရွယ်ချက် ၈ ပါး ၇ှိခဲ့ပါတယ်။
ဆိုလိုတာကတော့----
၁။ တိဏ္ဏော တာရေယျံ - ငါသည် ဘဝသံသရာ ခရီးခဲ့ကို ကူးမြောက်နိုင်ခဲ့ရင် သတ္တဝါတွေလဲ ဒီဘဝသံသသရာခရီးခဲကို ကူးမြှောက်နိုင်စေရမယ်။
၂။ မုတ္တော မောစေယျံ -ငါသည် ကိလေသာ အနှောင်အဖွဲ.သံသရာမှ လွတ်မြှောက်နိုင်ပြီးခဲ့ရင် သတ္တဝါတွေကိုလဲလွတ် မြှောက်အောင်ကယ်တင်မယ်။
၃။ ဒန္တော ဒမေယျံ- ငါကိုယ်တိုင် ကိုယ်ရောနှုတ်ရော ယဉ်ကျေးခဲ့ပြီးဆိုရင် သတ္တဝါတွေကို ယဉ်ကျေးအောင်ဆုံးမမယ်။
၎။ သန္တော သမေယျံ- ငါကိုယ်တိုင်ငြိမ်းချမ်းပြီးရင် သတ္တဝါတွေကိုငြိမ်းချမ်းအောင်ဆောင်ရွက်မယ်။
၅။ အသေဿာ အသေဿယျံ-ငါကိုယ်တိုင် သက်သာစေပြီးရင် သတ္တဝါတွေကို...ကာယိကဒုက္ခ စေတသိကဒုက္ခ၊ ကာမဝဋ်၊ ကိလေသာဝဋ၊ ၀ိပါကဝဋ် သုံးပါးမှ သက်သာစေအောင်ဆောင်ရွက်မယ်။
၆။ သုဒ္ဓေါ သောဓေယျံ- ငါကိုယ်တိုင်ကိလေသာ အညစ်အကြေးတွေကို သန့်၇ှုင်း စင်ကြယ်ပြီး၇င် သတ္တဝါတွေကိုသန်.ရှင်း စင်ကြယ်အောင်လုပ်မယ်။
၇။ ဗုဒ္ဓေါ ဗောဓေယျံ-ငါကိုယ်တိုင်ဗောဓိဥာဏ်ကို ရပြီးရင် ငါရတဲ့ဗောဓိဥာဏ်ကိုဝေငှမယ်။
၈။ ပ၇ိနိဗ္ဗုတော သုမရိနိဗ္ဗယေယျံ-ငါကိုယ်တိုင် (၁၁)ပါးသော မီးတွေငြိမ်းပြီ်းဆိုရင် သတ္တဝါတွေကိုလည် ငြိမ်းစေရမယ်။
ရည်ရွယ်ချက်(၈)ပါးကို ကောက်ချက်ချလိုက်ရင် လောကတ္ထစရိယကိုေ၇ှ.တန်းတင်ထားခြင်းဖြစ်တယ်။ လောကတ္ထစရိယဆိုတာ မည်သူကိုမဆို ကောင်းကျိုးကို ဆောင်ရွက်ခြင်းကိုဆိုလိုပါတယ်။

ဗောဓိဥာဏ်
ဗုဒ္ဓေါ ဗောဓေယျံ..ဗောဓိဥာဏ်ရပြီးရင်ဗောဓိဥာဏ်ဝေငှမယ်..ဗောဓိဥာဏ်ဆိုတာ ဥာဏ်တစ်ကဥာဏ်တွေထဲမှာ အမြင့်ဆုံးဥာဏ်ဖြစ်ပါတယ်။ အနိမ့်ဆုံးဥာဏ်က စပြီးအမြင့်ဆုံးဥာဏ်ကို ဝေငှမယ်ဆိုတာ လောကတ္ထစရိယဖြစ်တယ်။
သုမေဓရသေ့ဟာ ဒီပင်္ကရာဘု၇ားရှင်းခြေတော်ရင်းမှာ ဘုရားတစ်ပည့်တော် လက်တစ်ကမ်းရောက်နေတဲ့
ဗောဓိညဏ်၊ သာဝကဗောဓိဥာဏ်ကိုမယူပဘဲ သမ္မာသမ္ဗောဓိဆုကို ပန်ဆင်တော်မူခဲ့တယ်၊ သမ္မာသမ္ဗောဓိက ပန်ဆင်တော်မူခဲ့တာဟာ ဝိသာခါနက္ခတ်နဲ.လပြည့်ပြိုင်ပြီးတော့ မွန်းတည့်တဲ့နေ့ပဲ၊ အဲဒါကို ဒီကနေ့ ပြန်လှန်
ရေတွက်တာ လေးသင်္ချေနဲ.ကမ္ဘာတစ်သိန်း ကာလ အမရဝတီနေပြည်တော်မှာ ကဆုန်လပြည့်နေနဲ.လာပြီး
တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လို. လဆုန်လပြည့် ဆုပန်နေ.လို. ထူးထူးမြတ်မြတ် သတ်မှတ်ပြီး ပူဇော်ခဲ့တာဖြစ်ပါသည်။

တရားဓမ္မစာပေကို တက်သလောက် ဝေငှခြင်းဖြစ်ပ်ါတယ်၊ ပါဠိပါဌ်သားတွေ အမှားပါနေပါက နားလည်ခွင့်ပေးတော်မူကြပါရန် မေတ္တာရပ်ခံပါတယ်။

အောင်ကျော်တိုး ခေတ္တ....ကာတာ...ဒိုဟာမြို.

မောင်အောင်ကျော်တိုးရေ- အထူးကျေးဇူးတင်ပါတယ်။ အကျိုးများပြီး ဗဟုသုတတွေ တိုးပွားစေပါတယ်။

သီတဂူစတား
၂၇-၄-၂၀၁၀


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP