* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 28, 2010

အမေ့ မှာတမ်း


လူလေးရေ
ခံစားမှုကို တခုတ်တရနဲ့
ဘယ်သူမှ ပြတိုက်ထဲ ထဲ့မထားဘူး
ရင်ဘတ်တူရင်လေ
ရှေ့ဆက်လျှောက်ကြတာချည်းပဲ
ခံစားမှုနဲ့ ရေတိမ်မနစ်စေနဲ့ကွယ်။

လူလေးရေ
ကြွထားတဲ့ခြေထောက်
ရှေ့ဆက် လျှောက်ဖို့ပါပဲပေါ့
နောက်ဆုတ်ဖို့ စဉ်းစားနေရင်
ယုံကြည်ထားတဲ့ ဖြတ်သန်းမှုတွေ
အားနာသင့်ပါရဲ့ လူလေးရယ်။

လူလေးရေ
အချိန်အခါမဲ့တဲ့ အောင်မြင်မှုအတွက်
ရှေ့ဆက်ဖို့ တွေဝေနေရင်
ကောင်းကင်ကို ဆွဲမထဲ့နဲ့
ကြိုးစားမှုက အရင်းခံနော့။

တက် ဆုတ်ဆိုတဲ့ နိယာမနဲ့
အသားကျနေမင့်ကိုး
သွားရမယ့်လမ်းကတော့
ဇွဲမလျော့ပါနဲ့
မျက်နှာမူထားရာအတိုင်းပေါ့ လူလေး။

အတိုက်အခိုက်ဆိုတာ
ဘယ်နေရာသွားသွား
တိုက်ချင်သူကလည်း မိုက်ချင်မိုက်မှာပဲ
မိုက်ချင်သူက တိုက်မှာပါပဲ
အတိုက် အမိုက်တွေကြောက်နေရင်
ဆက်မလျှောက်ပါနဲ့ လူလေး
မင်းဟာ ငါ့နှလုံးသားမှ မဟုတ်တာ။

လူလေးရေ
တကယ်တော့
ဘာတွေပဲ ဘယ်လို
ဘယ်သူတွေ ဘယ်နဲ့
မဲ့ချင်လည်း မဲ့ကျ
ယုံကြည်ရာလမ်းကတော့
(ခလုတ်တိုက်လည်း)
ဆက်လျှောက်ရုံပေါ့ လူလေးရယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP