နှုတ်ခမ်းမွေးရှိပြီး အနေအထိုင်မတတ်သူများ သတိထားရန်
ဦးပေါ်ဦး - ရေကန်ကြီးက အလွန်ကောင်းပါတယ်ဘုရား။
ဦးဗုဓ် - အေး…..ကောင်းတယ်။
ဦးပေါ်ဦး- ရေကလဲ အလွန်ကြည်ပါပေတယ်ဘုရား။
ဦးဗုဓ် - အေး….ကြည်တယ်။
ဦးပေါ်ဦး - ရေကန်ကြီး ဘယ်လောက်နက်ပါသလဲဘုရား။
ဦးဗုဓ် - ငါမသိဘူး။
ဦးပေါ်ဦး - ဆရာတော် သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်အတွင်းမှာ ဖြစ်လို့  နီးတဲ့အတွက် သိလိမ့်မည် ထင်မှတ်၍ လျှောက်ထားမိပါသည် ဘုရား။
ဦးဗုဓ် - နီးတိုင်းသာ သိရမယ်ဆိုရင် သင့်ရဲ့ နှုတ်ခမ်းမွေး ဘယ်နှစ်ပင်ရှိသလဲ။
ဦးပေါ်ဦး - သတိမထားမိ၍ ဘယ်နှစ်ပင်ရှိကြောင်း မသိပါဘုရား။
ဦးဗုဓ် - သင့်နှုတ်ခမ်းမွေးကိုမှ ဘယ်နှစ်ပင်ရှိကြောင်းမသိဘဲ ဒီရေကန်ရဲ့ အတိမ်အနက်ကိုရော ငါသိနိုင်မှာလား
ဆရာတော် ပြောလိုက်သော စကားကြောင့် အမတ်ကြီး ဦးပေါ်ဦးလည်း ရှေ့ကို စကားမဆက်နိုင်တော့ပါဘူး။ ဦးချပြီး ခပ်ကုတ်ကုတ်နဲ့  ပြန်သွားရပါတော့တယ်။

0 comments:
Post a Comment