* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 28, 2010

“စိတ်ဆိုးနေတဲ့ ကောင်မလေးအကြောင်း တွေးကြည့်လိုက်တော့….”

Posted 8:13 AM by ကိုနော in Labels:

လက်တွဲပြီး ခရီးဆက်ကြမယ်ဆိုတော့
မထိနဲ့…တဲ့
မပြောရသေးတဲ့ အကြောင်းအရာထဲက
အသုံးအနှုံးကို စိတ်ဆိုးနေတဲ့ ကောင်မလေးက….၊

စကားလုံးနောက်မှာ
သူ့စိတ်ရှိတယ်….၊
ရှေ့ဆက်ဖို့ ခက်နေတဲ့ ငါဟာ ကဗျာတွေပေါ့…၊
မိန်းမရဲ့စာရင်းရှင်းတမ်း,
ဥပေက္ခာနေ့ရက်များဟာ
ပုံပြင်တွေ ဖြစ်ခဲ့…။

ဘ၀ရဲ့ အမှတ်အသားတွေဖန်တီးကြဖို့
လက်တွဲကြဖို့
ဘယ်လိုရှေ့ဆက်ကြမလဲ….?
ဘ၀နဲ့အတူ
သူ့ကို မုန်းတီးခဲ့…။

လွန်ခဲ့တဲ့ နှစ်သစ်မှာ
မုန်းတီးမှုဖြောင့်ချက်ကာဒ် ရောက်လာတယ်…
`အခုထိ စိတ်ဆိုးတုန်းပါပဲ..´တဲ့….။

အို….ဘုရားသခင်…..
မိုးကောင်းကင်ဆီက
ကျနုပ် တောင်းဆုဆိုပါ၏်….
`လွတ်မြောက်မှု၏
သတ်မှတ်ချက်မှန်သမျှ
ကောင်မလေး လက်ချောင်းများအထိ
အရောက် ပို့ပေးတော်မူပါ…´။

ကတိပြုလိုက်တယ်…
`တစ်ဘ၀လုံး
အဆိပ်သောက်လိုက်မယ်…
ပြီးတော့မှ….
ကောင်းကင်ကနေ မင်းကို
ကိုယ်ထင်ပြမယ်…။´

ကိုနော
၂၇.၄.၂၀၁၀
(က၀ိတာအဂ်ျကလ်မှ လာလ်တူး၏ နာရာ့ဂ်ျလရကီးကေ ဗာရေးမေ စိုကျတေးဟုယေးကို ပြန်ဆိုပါသည်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP