* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 28, 2010

စိတ်ပါသွားပြီ



စိတ်ပါသွားပြီ ဆိုတာနဲ့ တင်ထားတဲ့ ပုံကို ကြည့်ပြီး
ပေးမထားတဲ့ အမှတ်တွေ လျှော့ပစ်မှာ စိုးမိသေး။

ကျေးဇူးပြုပြီး...ရှေ့ ဆက်ဖတ်ပါ။

ကိုယ့်စိတ်ပါသွားတာ ဒီလိုပါ။ နဂိုရ်က စိတ်မပါဘူးလေ။
ဘယ်စိတ်ပါ ပါ့မလဲ၊ စိတ်ပါရ ကောင်းမှန်းကို မသိတာ။
စိတ်ပါဖို့ လမ်းစလည်း မရှိဘူးလေ။

ကိုယ့်အဖြစ် ကြည့်ပါ့လား၊ ကိုယ့်ပြည်ဌာန နေတုံးက အင်တာနက် ဆိုလို့ 
အီးမေး ၃ခါလား ပို့ ဘူးတယ်။ ဒါတောင် တစ်ခါက အထင်ကြီးအောင် ကြွားပြောတာ။

ကိုယ်ပိုင် ကင်မရာနဲ့ ဆိုလို့  တစ်ခါမှ ဓာတ်ပုံ မရိုက်ဖူးဘူး။ တကယ် အတည်။
ငှါးပြီးတော့ မှတ်မှတ်ရရ ရိုက်ဖူးတယ်။

ကိုယ့်ဆီ လာပြီး အလှူခံကြမှာမဟုတ်တော့ဘူး။ အဟီး။

အင်း...ခုတော့လေ နိုင်ငံခြား ရောက်လာတော့ ကိုယ်ပိုင် ကင်မရာလေး
ရှိအောင်လုပ်ထားရသပေါ့။
အင်တာနက် ဆိုတာကလည်း အီးမေးပို့ ရုံတင် မဟုတ်တော့ဘူး။
ချက်လိုက် ပြုတ်လိုက်။

ဒါ့ထက် ပိုပြီး ဘလော့ဂ် လုပ်လို့ ရပါလား ဆိုတာသိတော့
သူငယ်ချင်း လက်ဆောင်ပေးတဲ့ ဘလော့လေးမှာ
စာလေးတွေ ရေးလိုက်နဲ့ ။ ဓာတ်ပုံရိုက်တာလည်း စိတ်ပါသွား။
ဘလော့မှာ စာရေးရတာလည်း စိတ်ပါသွားတာနော်...။

အထက်ပါ ပုံသည်
ရောမမှာ မနေသေးပေမယ့် ရောမက လာကြတဲ့ အီတလီသူလေးတွေနဲ့အတူ
ဟော်လန်၊ ထိုင်း ကိုယ်တော်များနဲ့  ဆွမ်းစား အပြန် လမ်းကြုံအောင်
တမင် သွားခဲ့ကြတဲ့ ဥယျာဉ်ထဲမှာ အမှတ်တရ


မြင်းစိုင်းသမားတော့ မဟုတ်ဘူး






စက်မှုထွန်းကားတဲ့ နိုင်ငံတော့ ဟုတ်ပါတယ်။
ဒါပေမယ့် စက်ပစ္စည်း ပေါလို့ ရိုးအီ သွားလို့ လေလား၊
အင်္ဂလိပ် ဥယျာဉ် ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ
ရဲသားကြီး ကိုလှရွှေ ရဲမေ လုံမ တို့ 
ကိုယ့်မြင်း ကိုယ်စီးပြီး လာတဲ့သူတွေကို
စောင့်ရှောက်လှည့်လည်နေပုံ



ဆိုက္ကားတော့ ဆိုက္ကားပဲ






အဲဒါပဲ။ ရှားရှားပါးပါး
ဆိုက္ကားတော့ ဆိုက္ကားပဲ။
အရှေ့ နဲ့  အနောက်ကွာတာ။

ရှေ့ နဲ့ နောက် လည်းကွာတာ။
ကိုယ်တို့ ဆီမှာက ဘီးနှစ်ဘီးက နောက်က
ဒီက ရှေ့ က...။

ပြီးတော့...
ထားလိုက်ပါတော့လေ...။


တကယ်ဟ





ဖန်သားပြင်ပေါ်မှာ တွေ့ နေတာတော့ ကြာပြီ။
ဒီလို ဆော့တာ ကစားတာကို။
ဒီ စပေါ့ထ်ကို ခုလို လက်တွေ့  မမြင်ဘူးတာနဲ့ ခုမှပဲ ဓာတ်ပုံရိုက်ယူခဲ့တာ။
သူတို့ အတွက် မထူးဆန်း၊
ကိုယ့်အတွက်တော့ အထူး...
( အဟမ်း)။



နေနာရီ တဲ့





နေနာရီ- လို့  ပြောတာပဲ။

ဘယ်လို ကြည့်ရသလဲ မေးတော့
ရှင်းပြတဲ့သူပြောတာက အတော်ရှင်းတယ်။
တပည့်တော်လည်း မသိဘူးတဲ့။

ရှင်းပြသူကိုယ်တိုင်က ဂျာမန်ပါပဲ။
သို့ သော်...သူလည်း
သူသိသလို ရှင်းပြတာပါပဲ။



မြတ်ရောင်နီ
(၂၇၊၀၄၊၂၀၁၀)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP