ရမ္မာဝတီ ဟစ်ကြွေးသံ

pic source: ဗုဒ္ဓသာသနာဝင် - ပန်းချီဦးဘကြည်ယုံကြည်ချက်အသားပေး ဆင်ခြင်ဥာဏ်အသားပေး လုံ့လအသားပေး ကြိုက်ရာရွေး!
ဤခရီး အန္တရာယ်သိပ်ကြီးတယ်၊
ဦးတည်ချက်အတွက် ပြတ်သားရမယ်…။
လိုအပ်ရင် သင်္ခါရတွေကို လျစ်လျူရှု့ထားလိုက်…။
သေခြင်းတရားဆိုတာကို နင်ကြောက်တတ်သလို
ငါ့ရင်ခွင်ရပ်ဝန်းကလည်း ကြောက်တတ်မှာပဲ...။
ငါ့အတွက် နိဗ္ဗာန်ဆိုတာ ကြားဖူးရုံနဲ့ လုံလောက်တယ်…။
ခရီး အဝေးအနီး ငါ့ level နဲ့ငါ ညှိမယ်။
လိုက်ရဲရင် ငါ့နားဘေးထိုင်လှည့် ကဲ… စမယ်။ ။
ကိုပိန်
(၁၁.၀၄.၂၀၁၀)
သတိပြုရန်။ ။ ဤစာဖြင့် (၄၁)ရက် ထက်မနည်း သုဂတဘဂ၀ါ ရှင်တော်မြတ်ဘုရားအား ပူဇော်ကန်တော့သွား မည်ဖြစ်သည်၊ လိုအပ်လျှင် ရက်ထပ်တိုးပူဇော်သွားမည်ဖြစ်ပါကြောင်း။
ပန်းချီဓာတ်ပုံ ကူညီရှာပို့ပေးသော http://www.awdlibrary.co.cc/ အား အထူး ကျေးဇူးတင် စကားဆိုပါသည်။

0 comments:
Post a Comment