မှတ်သားစရာ
သူတစ်ပါး၏ မလျော်သော အပြစ်အနာဆာတို့ကို မကြည့်ရှုရာ၊
သူတစ်ပါးတို့၏ ကောင်းမှု၊ မကောင်းမှု ပြု၊ မပြုကိုလည်း မကြည့်ရှုရာ၊
မိမိ၏ ကောင်းမှု၊ မကောင်းမှု ပြု၊ မပြုကိုသာလျှင် ကြည့်ရှုရာ၏။
သူတစ်ပါး၏များစွာသော အကျိုးစီးပွါး အတွက်ကြောင့် မိမိ၏အကျိုးစီးပွါးကို (အနည်းငယ်မျှ) မဆုတ်ယုတ်စေရာ၊
မိမိအကျိုးစီးပွါးကိုသိ၍ မိမိအကျိုးစီးပွါးကို တိုးပွါးအောင် လေ့ကျင့်အားထုတ်ရာ၏။
ပန်းစုပန်းစုံအတွင်းမှ များစွာသော ပန်းကုံးတို့ကို သီကုံးပြုလုပ်ရာသကဲ့သို့
ဖြစ်ပေါ်လာသော သတ္တဝါသည် ဥစ္စာ၊ သဒ္ဓါတည်းဟူသော အစုအပုံအတွင်းမှ
မြောက်များစွာသော ကုသိုလ်ကောင်းမှုကို ပြုလုပ်ရာ၏။
(ဓမ္မပဒ)

0 comments:
Post a Comment