* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 12, 2010

ပါရမီမြောက်အောင် ကျင့်ဆောင်

ငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံကျင့်ဝတ်ပင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် စစ် မစစ်ကို ငါးပါးသီလ ပေတံဖြင့်တိုင်းတာနိုင်သည်။ငါးပါးသီလကို စောင့်တည်ရာတွင် ကိုယ်အကျိုးအတွက် စောင့်ထိန်းခြင်းလည်း ရှိသလို အများအကျိုးအတွက် စောင့်ထိန်းခြင်းလည်း ရှိသည်။ ကိုယ်အကျိုးအတွက် စောင့်ထိန်းခြင်းသည် ပါရမီမြောက်သော စောင့်ထိန်းခြင်းမျိုးမဟုတ် အများအကျိုးအတွက် စောင့်ထိန်းခြင်းသာလျှင် ပါရမီ(မြင့်မြတ်သော သူတို့၏ အလုပ်)မြောက်သော စောင့်ထိန်းသိမ်းမျိုး ဖြစ်သည်။
ငါးပါးသီလကို ပါရမီမြောက်အောင် စောင်ထိန်းခြင်းသည် လောကအကျိုး သယ်ပိုးရွယ်ဆောင် ရာရောက်၏။
ပါဏတိပါတ(သူတပါးအသက်ကိုမသတ်ခြင်း)ဆိုသော သိက္ခာပုဒ်သည် သူများအသက်ကို မသတ်ရုံသက်သက် ဆိုရင် ကိုယ်အကျိုးစီးပွား အတွက် သက်သက်သာ စောင့်ထိန်းခြင်းမည်သည်။ သူတစ်ပါးတစ် အသက်ကို မသတ်ရုံတင်မက သူတပါး အသက်ရှည်ချမ်းသာစွာ နေထိုင်နိုင်ရန် လုံလပြုအားထုတ်ခြင်းသည် ပါဏတိပါတသိက္ခာပုဒ်ကို ပါရမီမြောက်စောင့်ထိန်းခြင်းမည်သည်။
အဒိန္နာဒါန(သူတပါးပစ္စည်းဥစ္စာကို ခိုးယူခြင်း)ဆိုသော သိက္ခာပုဒ်ကို စောင့်ထိန်ရာတွင်လည်း မခိုးဝှက်ရုံသက်သက်ဆိုရင် ပါရမီမြောက်သော စောင့်ထိန်းခြင်း မဟုတ်။ သူတပါးအကျိုးစီးပွား ပစ္စည်းဥစ္စာ ပွားစည်းအောင် ဆောက်ရွက်ပေးခြင်း သည် ပါရမီမြောက်သော စောင့်ထိန်းခြင်း မည်သည်။
ကာမေသုမိစ္ဆာစာရ( ကာမဂုဏ်ကို လွဲမှားစွာ မကျင့်သုံးခြင်း) ဆိုသော သိက္ခာ ပုဒ်ကိုစောင့်ထိန်းရာတွင် သူတပါး သားမယားအား ကာမဂုဏ်အရာ၌ မမှောက်မှားခြင်း သည် ကိုယ်ကျိုးအတွက် စောင့်ထိန်းခြင်း သာဖြစ်၍ ပါရမီမမြောက်ချေ။ ၀တ္တုအာရုံ ကာမဂုဏ်များဖြစ်သော (အဆင်း၊အနံ၊အရသာ၊အတွေ့အထိ၊စိတ်အကြံများ) မလွဲမှားအောင်ကျင့်သုံးခြင်း မှသာ ပါရမီမြောက် သော စောင့်ထိန်းခြင်းမည်သည်။
မုသာဝါဒ(လိမ်မပြောခြင်း)ဟူသော သိက္ခာပုဒ်ကို လိမ်မပြောရုံသက်သက်ဆိုရင် ပါရမီမမြောက် အမှန်နဲ့ အမှား ကြုံတွေ လာရင် အမှားကို အမှန်ဖြစ်အောင် ဆောင်ရွက်ခြင်း အဓမ္မ(မတရားမှု)ကြီးဆိုးရာမှ ဓမ္မ(တရားမျှတမှု) ကြီးဆိုးအောင်ဆောင်ရွတ်မှသာ ပါရမီမြောက်သော စောင့်ထိန်းခြင်းမည်သည်။
သူရာမေရယ( သေရေသေရက် မသောက်စားခြင်း) ဟူသော သိက္ခာပုဒ်ကိုစောင့်ထိန်းရာ၌ မောဟ (သိစိတ်ကင်းမဲ့မှု) သည် ပဓာနဖြစ်သည်။ အရက်မသောက်ရုံသက်သက်ဖြင့်ဆို ပါရမီမမြောက် မောဟ စိတ်ကို မိမိ၏စိတ်သဏ္ဍန်တွင် မကိန်းအောင်း အောင် အစဉ်သတိတရားရှိခြင်းသည် ပါရမီမြောက်သော စောင့်ထိန်းခြင်းမည်သည်။
ထိုကဲ့သို့ ငါးပါးသီလကို ပါရမီမြောက်အောင် စောင့်ထိန်နိုင်မည် ဆိုလျှင် လောကကြီး ငြိမ်းချမ်းပြီး အေးချမ်းသာယာသွားမှာ အမှန်ပင်ဖြစ်သည်။

p.s:ဆရာကြီးဦးရွှေအောင်ရဲ့ ဘ၀အမြင်သစ် စာအုပ်မှ ကိုးကားပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP