ဇရာ ( ခေါ်သံ )
သားလေး, သ္မီးလေး ၊ ခေါ်သံအေး
ဟိုးအဝေးမှာ ကျန်ခဲ့ပြီ ။
ဘိုးလေး, ဘွားလေး ၊ ခေါ်သံပေး
ဇရာတေးသံ ကြားခဲ့ပြီ ။
တယ်ဆော့သကိုး ၊ ဆိုတာမျိုး
ငုပ်လျှိုးကွယ်ပျောက် သွားခဲ့ပြီ ။
အေးအေးနေပါ ၊ ဆိုသဟာ
ကြားလာရပေါင်း များခဲ့ပြီ ။
ကျနော်, ကျမ ၊ မသုံးရ
ခဏခဏ ၊ ကြုံခဲ့ပြီ ။
ဘိုးဘိုး,ဘွားဘွား ၊ ကိုယ့်နာမ်စား
အသုံးများ၍လာခဲ့ပြီ ။
ဇရာတေးသံ ၊ ကိုယ့်အထံ
ဝဲပျံကျရောက်လာခဲ့ပြီ ။
ဇရာသီချင်း ၊ မာန်ဟုန်ပြင်း
ငြင်းကွယ်၍လည်းမရပြီ ။
သားလေး, သ္မီးလေး ၊ ခေါ်သံအေး
ဟိုးအဝေးမှာ ကျန်ခဲ့ပြီ ။
ဤကဗျာငယ်ဖြင့် သက်ကြီးပူဇော်ပွဲများကို ဂုဏ်ပြုရပါ၏။
ဟိုးအဝေးမှာ ကျန်ခဲ့ပြီ ။
ဘိုးလေး, ဘွားလေး ၊ ခေါ်သံပေး
ဇရာတေးသံ ကြားခဲ့ပြီ ။
တယ်ဆော့သကိုး ၊ ဆိုတာမျိုး
ငုပ်လျှိုးကွယ်ပျောက် သွားခဲ့ပြီ ။
အေးအေးနေပါ ၊ ဆိုသဟာ
ကြားလာရပေါင်း များခဲ့ပြီ ။
ကျနော်, ကျမ ၊ မသုံးရ
ခဏခဏ ၊ ကြုံခဲ့ပြီ ။
ဘိုးဘိုး,ဘွားဘွား ၊ ကိုယ့်နာမ်စား
အသုံးများ၍လာခဲ့ပြီ ။
ဇရာတေးသံ ၊ ကိုယ့်အထံ
ဝဲပျံကျရောက်လာခဲ့ပြီ ။
ဇရာသီချင်း ၊ မာန်ဟုန်ပြင်း
ငြင်းကွယ်၍လည်းမရပြီ ။
သားလေး, သ္မီးလေး ၊ ခေါ်သံအေး
ဟိုးအဝေးမှာ ကျန်ခဲ့ပြီ ။
ဤကဗျာငယ်ဖြင့် သက်ကြီးပူဇော်ပွဲများကို ဂုဏ်ပြုရပါ၏။

0 comments:
Post a Comment