* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 12, 2010

သင်္ကြန်လက်ဆောင်

“ လူတွေဟာ သေခြင်းသဘော၊ မမြဲတဲ့ သဘော၊ ဆင်းရဲခြင်းသဘောတရားတွေကို မေ့ပြီးတော့ ပျော်စရာ အာရုံတွေပဲ လိုက်စားနေကြတော့တာပဲ။ နေရာတိုင်းမှာ သတိတရား လက်ကိုင်ထားဖို့ လိုအပ်တယ်။ တကယ့် အနှစ်သာရ ရှိတဲ့ သဘောတရားတွေ မေ့လျော့ပြီးတော့ မူးယစ်ပျော်ပါးနေမယ်ဆိုရင် ဒါဟာ အပ္ပမာဒတရားကို ပစ်ထားတဲ့ သဘော သက်ရောက်တာမို့  အဲဒီလူတွေဟာ လူမိုက်တွေပဲ။ ပညာရှိဆိုတာ ဘယ်တော့မှ အပ္ပမာဒတရားကို ပစ်မထားရဘူး။ နေရာတိုင်းမှာ သတိသံဝေဂဆိုတဲ့ သဘောတရားလေးကို လက်တွေ့ ကျကျ ကိုင်တွယ်အသုံးချတတ်တာ ပညာရှိတွေပဲ။ ဒါကြောင့် သင်တို့ လည်း မေ့လျော့မှုကို အားမထုတ်ကြနဲ့ ။ ကာမအာရုံ အပျော်အပါးတွေနဲ့  ရင်းနှီးအကျွမ်းမ၀င်ကြလေနဲ့ ၊ ဒီလိုမှသာ သင်တို့  ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မြန်မြန်ရောက်လိမ့်မယ်” တဲ့။ ဘုရားရှင် သုံးသပ်ပြထားတာလေးပါ။ (တန်ဆေး၊ လွန်ဘေး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP