* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 12, 2010

*အတာသင်္ကြန်*

အမိမြေနှင့် ခွဲခွာပြီးဝေးတနေရာသို့ ရောက်၇ှိနေသော သူငယ်ချင်းအားလုံးနှင့်အတူ ၁၃၇၁ နှစ် ကဆုန် လဆန်းတစ်ရက်နေ့တွင် ကျရောက်မည့် မြန်မာနှစ်ကူး အတာတန်ခူးကို လွမ်းဆွတ်သတိရသဖြင့်ဤအ တာသင်္ကြန် ဆိုတဲ့ပို့စ်လေးကိုရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ ဝေးတနေရာသို့ရောက်နေသော အမိမြေ နဲ့ခွဲခွာနေသော သူများအားလုံးရင်ထဲတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ကိုလွမ်းဆွတ် သတိရနေကြမည်မှာ မလွဲအမှန်ဖြစ်ပါသည်။

သင်္ကြန်ရောက်လာပြန်ပြီ။ နှစ်ဟောင်းမြန်မာနှစ် ၁၃၇၁ မှ နှစ်သစ် ၁၃၇၂ သို့ပြောင်းရွေ့တော့မည်။ အတာသင်္ကြန်သည် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ် မြန်မာ့ရိုးရာပွဲ တော်တစ်ခု ဖြစ်ပါသည်။ အတာဟူသည် အန္တ္တဟူသော ပါဠိမှလာပြီး အဆုံးဟု အဓိပ္ပာယ်ရပါသည်။သင်္ကြန် ဆိုသည်မှာ သင်္ကန္တ ဟူသောပါဠိမှလာပြီး ပြောင်းရွေ့ခြင်းဟု ဆိုလိုပါသည်။ ထို့ကြောင့်အတာသင်္ကြန်ကို နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်း ပြောင်းရွေ့ခြင်းလို့ခေါ်ဆိုပါတယ်။

ဤသင်္ကြန်ပွဲတော်ကာလတွင် မြန်မာနိုင်ငံရှိ တောရောမြို့ပါမကျန် တိုင်းရင်းသားညီအစ်ကို မောင်နှမအား လုံး ပျော်ရွင်စွာဖြင့် ရေပက်ကစားကြပါသည်။ သင်္ကြန်ရေ ကစားကြသည်မှာ “ရေလိုအေး၍ ပန်းလိုလန်းပါ စေ” ဟူသော မေတ္တာဓါတ်ဖြင့် ကစားကြခြင်းဖြစ်ပါသည်။ လူငယ်လူရွယ် တို့ကလည်း ဂါရ၀ နိဝါရတရားကို ရည်မှန်း၍ အသက်ကြီး အရွယ်ကြီးတို့ကို ကန်တော့ကြသည်။

သင်္ကြန်သည် တစ်နှစ်ပြီးတစ်နှစ်ကာလရွေ့လျား ပြောင်းလဲလာခြင်း ကိုယ်ရဲ့အသက်တစ်နှစ်ကြီးလာခြင်းကို သတိရ အမှတ်ရစေပါသည်။ မြတ်စွာဘုရားရှင်က ရုပ်ခန္ဓာကြီးက တစ်စက္ကန့်အတွင်း ကုဋ္ဋေငါးထောင်ခန့် ဖြစ်ပျက်နေပြီး၊ နာမ်ခန္ဓာက တစ်စက္ကန့်အတွင်း ကုဋ္ဋေတစ်သိန်းခန့်ဖြစ်ပျက် နေသည်ဟု ဟောကြားထား သဖြင့် ရုပ်ခန္ဓာကြီးမှာလည်း ပြောင်းလဲခြင်း ဟူသော သင်္ကြန်ကျနေသည်ကို သိမှတ်ရပါသည်။ ထိုနည်းတူ အာရုံတခုတည်းအမြဲမနေဘဲ မျောက်တစ်ကောင်လို အငြိမ်မနေတတ်သည့် အခြေအနေနှင့်အချိန်အခါကို လိုက်၍ ပြောင်းလဲတတ်သည့် လူ့စိတ်တွင်လည်း စိတ်သင်္ကြန်ဆိုသည် ပြောင်းလဲခြင်းသင်္ကြန် ကျရောက် နေပါသည်။ ဤရွေ့လျားခြင်း သင်္ခါရဓမ္မကို ဆင်ခြင်မိသော လူကြီးလူငယ်များသည် ဥပုသ်သီတင်းဆောက် တည်၍ တရားဘာဝနာများ အားထုတ်ကြသည်။ မိမိတို့၏ သားသမီး မြေးမြစ် ငယ်ရွယ်သူတို့ကို ဘုန်းကြီး ကျောင်းသို့ ခေါ်ဆောင်၍ ဥပုသ်သီလဆောက်တည်စေခြင်း၊ သင်္ကြန်ကာလအတွင်း၌ ပဉ္ဖင်းခံရှင်ပြု အလှူ အတန်းတို့ ပြုလုပ်ခြင်းဖြင့် ပြောင်းလဲခြင်းကောင်းအောင် ပြုလုပ်ကြပါသည်။ မိမိတို့သည် ယခုဘ၀မှသေ လွန်သောအခါ ဘယ်ဆီဘယ်ဌာန ဘုံဘ၀ကို ရောက်ရှိမည်ကို မသိရသဖြင့် သေခြင်းကောင်းသောသူများ ဖြစ်အောင် အပြောင်းအလဲကောင်းအောင် ပြုလုပ်ကြရမည် ဖြစ်ပါသည်။
ပုထုဇဉ်တို့၏ ဓမ္မတာမှာ ပျော်ရွင်လိုကြသည်မှာ ဓမ္မတာဖြစ်ပါသည်။ မြန်မာရိုးရာ အစဉ်အလာအတိုင်း သ ပြေခက်နဲ့ယဉ်ယဉ်ကျေးကျေး ရေပတ်ကစားကြသည်မှာ လွန်စွာကြည်နှုးဖွယ် ကောင်းလှပါသည်။သို့သော် ယခုအခါ မြန်မာ့ယဉ်ကျေးမှုနှင့် မဆီလျော်သော အနောက်တိုင်း ယဉ်ကျေးမှုများ၊ ရေခဲထုတ်နှင့်ပေါက်၊ ခွက်နှင့်ခုက် ရေကစားခြင်းများမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အစဉ်အဆက်ထိန်းသိမ်း လာတဲ့ယဉ် ကျေးလှတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ကို ကြမ်းတမ်းစေလာပါသည်။ “အကျီစားသန်ရန်များ” ဆိုတဲ့အတိုင်းတစ် ယောက်နဲ့တစ်ယောက် ပျော်ရင်းပါးရင်းနဲ့ အကျီစားသန်တော့ ရန်ပွဲများဖြစ်လာတတ်ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သင်္ကြန်ပွဲတော်ကာလအတွင်း အကျီးစားသန်သဖြင့် ၀မ်းနည်းကြေကွဲစ ရာအဖြစ်တို့နှင့်ရင်ဆိုင်ခဲ့ရသည်ကိုသတိပေးလိုသဖြင့်“ရေကစားကြသောအခါတွင် မခံချင်သော စောလုံ လိုဟာများကို မကစားကြလေနဲ့၊ အကျီစားသန် ရန်တဲ့” ဟု ပုဂံရာဇ၀င်လေးချိုးကြီး၌ “ဒေါပုံအလှည့်သံသရာ ရေအပြင်မှာ ကြွားသူတို့ကဖြင့်၊
သဘောမဆုံသနဲ့ မခံချင်ပါလျှင်လဲ မကစားကြလေနဲ့၊
ချောဂုဏ်နဲ့နွဲ့ရှာတဲ့၊ စောလုံရဲ့ ပုဂံရာဇ၀င်တရား” ဟုစပ်ဆိုခဲ့ပါသည်။
စောလုံရဲ့ပုဂံရာဇ၀င်လေးကတော့ ပုဂံပြည့်ရှင် ဘုရင် နရသီဟ ပတေ့မင်းလက်ထက်၌ မိဖုရားစောလုံ သည် ဘုရင်မင်းမြတ်က အလွန်ချစ်ခင်မြတ်နိုးသော မိဖုရားတစ်ပါးဖြစ်ပါသည်။ နရသီဟပတေ့သည် မိဖု ရားစောလုံကို ကျီစယ်လိုသောကြောင့် မောင်းမမိဿံတို့အား “မိဖုရား စောလုံ တစ်ကိုယ်လုံး စိုရွဲအောင် ရေပက်ကြစေ” ဟု အမိန့်ရှိတော်မူသည်။ ထိုအခါ မိဖုရားစောလုံသည် သင်္ကြန် ရေအပက်ကြမ်းလှသော ကြောင့် ဘုရင့်အပေါ်၌ စိတ်ခုပြီးလျှင် ဘုရင်အားအဆိပ်ပါသော ပွဲတော်ကို တည်ခင်းကျွေးမွေးလေသည်။ သို့ရာတွင် ကံအားလျော်စွာ ပွဲတော်မတည်မီ ဤအကြောင်းကို ဘုရင်ကသိသွားလေသည်။ ထိုအခါ ဘုရင် မင်းမြတ်သည် အချစ်ကြီး အမျက်ကြီး ဟူသောသဘောဖြင့် မိဖုရားစောလုံကို ကွပ်မျက်လေသည်။ ဤကဲ့ သို့ကွပ်မျက်ပြီးမှ နောင်တအကြီးအကျယ်ရခဲ့လေသည်။
အထက်ပါရာဇ၀င်လေးကို သင်ခန်းစာယူပြီးတော့ ဘယ်နေရာမှာမဆို တစ်ယောက်နဲ့တစ်ယောက် အကျီ စားမသန်ဖို့ သတိမူသင့်ပါတယ်။ ထို့အပြင် မြန်မာရိုးရာ သင်္ကြန်ကာလအတွင်းတွင် ယဉ်ကျေးစွာဖြင့်ရေ ပက်ကစားခြင်းများဖြင့် မြန်မာ့ယဉ်ကျေးမှုကို အားလုံးဝိုင်းဝန်းထိန်းသိမ်းပြီး ကမ္ဘာမှာ မြန်မာဟာယဉ်ကျေး သိမ့်မွေ့သော လူမျိုးများဖြစ်ကြောင်းကို ပြသသင့်ပါတယ်။ ဘယ်နေရာ ဘယ်ဒေသတွေကို ရောက်နေပါ စေမြန်မာဟာ မြန်မာဖြစ်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်အောင် အားလုံးဝိုင်းဝန်းကြိုးစား ကြစေချင်ပါသည်။ ရောမရောက်ရင် ရောမလို ကျင့်ရမှာတော့ဟုတ်ပါသည်။ ဒါပေမယ့် အဲဒီအနောက် တိုင်း ယဉ်ကျေးမှုကို အေးချမ်းပြီး ယဉ်ကျေး ပူငှာဖော်ရွလှတဲ့ မြန်မာ့ယဉ်ကျေးမှုနေရာမှာ မဖုံးလွမ်းနိုင် အောင် ကြိုးစားရမည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ပြောင်းလဲနေတဲ့ နှစ်ကူးသင်္ကြန် အပြင် ကိုယ်ရဲ့ ခန္ဓာမှာ ပြောင်းလဲနေတဲ့ ခန္ဓာသင်္ကြန်ကြီးကိုလည်း သိမှဘ၀ကူးကောင်းပြီး အပြောင်းအလဲကောင်းတဲ့သင်္ကြန်ကြီး ဖြစ်လာမှာမလွဲဧကန်ဖြစ်ပါသည်။
ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်းတို့ နှစ်သစ်ကူးမှာပျော်ရွင် ချမ်းမြေ့ပြီး လိုရာခရီးပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေ။

Written by တောသားလေး 2 အကြံပြုပါသည်။ Posted in:

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP