* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 30, 2010

ကြိုးစားဆဲပါသူငယ်ချင်း

သူငယ်ချင်း-
အဝေးသတင်း ၊ ကြားရခြင်းကြောင့်
မင်းတို့ငါ့ကို ၊ ချီးမွှမ်းဆိုလည်း
ငါ့ကိုယ်ကိုငါ မထင်ပါ ။

သူငယ်ချင်း-
အဝေးသတင်း ၊ ကြားရခြင်းကြောင့်
မင်းတို့ငါ့ကို ၊ ကဲ့ရဲ့ဆိုလည်း
ငါ့ကိုယ်ကိုငါ မထင်ပါ ။

ဒီမှာသူငယ်ချင်း-
အဝေးသတင်း ၊ ကြားရခြင်းကြောင့်
ချင်းနင်းမယုံ ၊ နားမထုံနှင့်
လူ့ဘုံသဘာ ၊ ကိလေသာကြောင့်
မြင်တာထက်ကဲ ၊ မြှောက်,ဆဲမြဲတည်း
တလွဲပြောမှား ၊ ချဲ့ပြောမှားနှင့်
အမှားရာထောင် ၊ စကားမှောင်ကြောင့်
စိတ်ယောင်ထွေပြား ၊ မစဉ်းစားသည်
ကြားရလေတိုင်း မယုံနှင့် ။

စဉ်းစားမြော်ထောက် ၊ ဉာဏ်ဖြင့်လှောက်၍
မြှောက်ပင့်လှိုင်းကြား ၊ မျောမသွားအောင်
ကြိုးစားနေတယ် သူငယ်ချင်း ။

မင်းတို့ကြားတိုင်း ၊ ငါမရိုင်းအောင်
ပိုင်းဖြတ်ထားတယ် သူငယ်ချင်း ။


ချစ်သူငယ်ချင်းများသို့ အမှတ်တရ
(ဤကဗျာလေးကို အနန္တမေတ္တာအသင်းဝက်ဆိုဒ်၌ တင်ခဲ့ဖူးပါသည်။)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP