ရှာ စု ကူး နီတိများ(၂)
Posted 8:46 PM by ကိုနော in Labels: ရှာစုကူးနီတိများ
(၂၁) လူ့လောကကို မြင်ရာမှာဒေါင်လိုက်မြင်ရုံသာမက အလျားလိုက်လည်း မြင်တတ်ရမည်။
(၂၂) ခေါင်းဆောင်မှုဟူသည်မှာ ချက်ပိုင်သောနေရာယူခြင်းဖြစ်၏။
(၂၃) ဖြစ်နိုင်သလို လက်တွေ့လုပ်တတ်ရမည်။
(၂၄) ယုံကြည်ချက်ရှိရင် လူထုကိုဆန့်ကျင်ရဲရမယ်။
(၂၅) အရိပ်ခိုရတယ်…သစ်ပင်မခုတ်နဲ့လေ။
(၂၆) လူတိုင်းအတွက် ဆန့်ကျင်ဘက်ဟူသည်ရှိစမြဲ…သို့ဖြစ်၍…ဆန့်ကျင်ဘက်စိန်ခေါ်ရဲသောသတ္တိရှိရမည်။
(၂၇) ဒုက္ခကို စာရင်းလုပ်ပြီး ဖြေရှင်းပါ။
(၂၈) ရှိရင်မဖြုန်းနဲ့…မရှိရင်မခိုးနဲ့။
(၂၉) ကြောက်တတ်လျှင် နှစ်ခါသေ။
(၃၀) အလကားနေရင် အလကားဖြစ်တယ်…တစ်ခုခုလုပ်ရင် တစ်ခုခုဖြစ်တယ်။
(၃၁) ဆရာဘုန်းကံကြီးလျှင် တပည့်များချမ်းသာ၍,ဆရာဘုန်းကံကြီးချင်လျှင် တပည့်များ ဒုက္ခရောက်
တော့သည်။
(၃၂) ရှေ့ကသွားမှာလား…?ဆွဲခေါ်ရမှာလား…?
(၃၃) လိုချင်သောအောင်မြင်မှုနှင့် ညီမျှသောအားထုတ်မှုရှိရမည်။
(၃၄) သာယာချိုလွင်,တေးသံစဉ်ကို,မခင်မမက်,လူစင်လျက်သား,ဘုရားရှင်လော..?နွားပင်လော…၊
(၃၅) အောင်မြင်မှုအတွက် အထောက်အကူမပြုနိုင်သောအရာမှန်သမျှ မေ့ထားလိုက်။
(၃၆) စူးစိုက်လေ့လာခြင်းဖြင့် နည်းလမ်းကောင်းများရယူပါ။
(၃၇) အမြင်မှန်မှ အကုန်မှန်မယ်။
(၃၈) အမြဲအားနေလျှင် ဆင်းရဲဖို့ မဝေးတော့ပြီ။
(၃၉) ဟော…ပြောရင်းဆိုရင်းနဲ့ ကြီးမြတ်ခြင်းတွေ သင့်ဆီလာနေပြီ။
(၄၀) အောင်ပွဲနှင့် အခက်အခဲဟူသည် အမွှာညီနောင်ဖြစ်သည်။ထိုကြောင့်...အောင်ပွဲနီးလေ..
အခက်အခဲကြီးလေ..။


0 comments:
Post a Comment