* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 30, 2010

မွေးနေ့  ၀ိဇာတ မင်္ဂလာ။





ဒီနေ့  မြတ်ရောင်နီ ရဲ့  မွေးနေ့ တူ မင်္ဂလာ အခါ ရက်မြတ်ပါ။

မွေးနေ့ ဆိုတာ တကယ်တော့ တစ်ရက်တည်းပါ။

ဒါပေမယ့် အများအနေနဲ့ တော့ နှစ်စဉ်မွေးနေ့ ဆိုပြီး ပြုလုပ်ကြ၊ ပြောကြပါတယ်။

မွေးနေ့ ကို ပါဠိလို့  ၀ိဇာတ လို့  ဆိုပါတယ်။ အမိဝမ်းက ကျွတ်လွတ်ခြင်းပေါ့။

သို့ သော် အဘိဓမ္မာ အလို အရ ဇာတိ စဖြစ်တယ် ဆိုတာကလည်း မွေးနေ့ ပါပဲ။
ဝိနည်းစည်းမျဉ်း ဥပဒေ အရ ဇာတိ ကို အမိဝမ်းမှာ ကိုယ်ဝန်သန္ဓေ တည်စ မှ စပြီး ရေတွက်ပါတယ်။

ဒါကြောင့်လည်း ရဟန်းတော်များ ရဟန်းဖြစ်ခွင့်ကို အသက် ၂၀ပြည့်မှ ပြုခွင့်ရှိသော်လည်း အမိ ၀မ်းတွင်းကာလက စပြီးရေတွက်တယ်။ ဒါကြောင့်မို့  ၁၉နှစ်နဲ့ သုံးလဆိုရင် အသက် ၂၀ အဖြစ် အသိမှတ်ပြုထားတာဖြစ်ပါတယ်။

(ဆိုလိုတာက- အမိဝမ်းတွင်း ကိုးလလွယ် ဆယ်လဖွား + အပြင်အသက် ၁၉နှစ် သုံးလ ပေါင်းပြီး အသက် ၂၀ဖြစ်သွားတယ်။)

ဒီလိုဆိုတော့ မွေးနေ့  ဆိုတာ အများ ပြောတဲ့ မြတ်ရာင်နီ ရဲ့ ဝိဇာတ ၀မ်းက ကျွတ်လွတ်စွာ မွေးဖွားတဲ့နေ့ ပေါ့။ ဒီနေ့  ၀ိဇာတ ဆိုတာက အများပြောတဲ့ ဝေါဟာရအတိုင်း
သုတ္တန်နည်းအလိုပေါ့ မွေးနေ့ ပေါ့။

ခါတိုင်းနှစ်လို အထူး သံဃာ့ဒါန အလှူကိုတော့ ကိုယ်တိုင် မလုပ်နိုင်ဘူး။
ကိုယ်မလုပ်နိုင်ပေမယ့် ကိုယ်ရဲ့  မွေးနေ့ ကို
ဒကာ ဒကာမများက သံဃာ့ ဒါန အလှူများ ကုသိုလ်လုပ်ပေးကြတယ်။
စာအုပ်တွေ ရိုက်နှိပ်ပြီး တကယ့် ဓမ္မဒါန အဖြစ် လှူဒါန်း ပေးကြတယ်။

အထူးတလည် ဆိုပြီး ဘာမှလည်း မလုပ်ဖြစ်ဘူး။
နေ့ စဉ်အလုပ်ကိုတော့ ပုံမှန် လုပ်ဖြစ်အောင် လုပ်တယ်။
ကုသိုလ်ကောင်းမှု ဆိုတာ မွေးနေ့ မှ အထူးလုပ်ရမှာ မဟုတ်ဘူး။
နေ့ စဉ်ကို လုပ်နေရမှာပါ။

ဘာလို့ လဲ...
ရှင်းပါတယ်။ စဉ်းစားကြည့်ပေါ့။ မွေးနေ့ ဆိုတာ တစ်ခါတည်း မွေးဖွားခဲ့တာပဲကိုး။
မွေးတဲ့ နေ့ နဲ့ တူတဲ့ နေမို့ သာ
မွေးနေ့ ဆိုပြီး လုပ်နေကြတာ။

ဒါ့ထက်ပို စဉ်းစားကြည့်ပါက မွေးနေ့  ဆိုတာ နေ့ တိုင်းမွေးနေ့ ပါ။
နေ့ တိုင်းမွေးနေတာ။ နေတိုင်း သေနေတာပေါ့။
စာကတော့ နေ့ တိုင်းမွေး နေ့ တိုင်းသေကို ဖြစ်ပျက် လို့  ပြောပါတယ်။
ပါဠိလို ဥဒယဗ္ဗယ ပေါ့။

ဒါကို ဆင်ခြင်မိရင် မွေးနေ့ မှ ကုသိုလ်လုပ်ရမယ်။
ပုတီးစိပ်မယ်။ ဘယ်နှစ်ခေါက် ဘယ်သုတ်ကို ရွတ်မယ် ဆိုတာတွေ
နေ့ စဉ်တောင် လုပ်ဖြစ်မယ်။

ဗုဒ္ဓတရားတော် အလိုအရ ဇာတိပိ ဒုက္ခာ- သန္ဓေတည်နေခြင်း၊
မွေးဖွားရခြင်းတို့ ဟာ ဆင်းရဲ ကြောင်း ဟောတော်မူထားပါတယ်။
ဟုတ်ပါတယ်။ အမိဝမ်းတွင်း နေရတဲ့ ပုံကို စိတ်ကူးကြည့်ပါ။
နောက်ပြီး
ကလေး ဘ၀က စပြီး ငိုပွဲနဲ့  စကျင်းပခဲ့ရပါတယ်။

တစ်ချို့ ကလေးမငိုရင်တောင် ငိုအောင် ပြုလုပ်ပေးရတယ်တဲ့။
ခုတော့ သား သမီး ဖွားလာတာကို ဒုက္ခလို့  ဘယ်သူမှမမြင်ပါဘူး။
ပျော်ပျော်ပါးပါး သားလေး သမီးလေး ရပြီ ဆိုပြီး ပျော်တော့တာပါပဲ။

အဲဒီ ကတည်းက ဒုက္ခကို စခဲ့တာ..
ဒုက္ခမှန်း မသိလေတော့ Happy birth to you! လုပ်ကြပြီပေါ့။
မမှားပါဘူး။ ဘ၀မှ ရလာပြီ ဆိုမှတော့ ဒုက္ခ မှ လွတ်အောင် ပျော်ရွှင်နိုင်စေအောင်
ဆုတောင်း ပေးကြတာပေါ့လေ။

အပျော်အစစ်ကြီး ပျော်ရွှင်နိုင်ကြပါစေ...

မှတ်ချက်။
ကဲ ... စာရေးချိန်မရသေးလို့  မွေးနေ့ ကြောင်း မိတ်ဆက်အနေနဲ့  ရေးသားလိုက်ပါတယ်။

မွေးနေ့ ရှင် အသက်ကား -
ဗေဒင်ဇာတာ ထဲကအတိုင်း ပြောရရင်
သုံးပုံ တစ်ပုံ ပြည့်လုခါနီး နှစ်နှစ်အလို။


မြတ်ရောင်နီ
( ၂၉၊၀၄၊၂၀၁၀)
ကဆုန်လပြည့်ကျော် ၂ ရက်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP