* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 30, 2010

အစွန်းလွတ်မှတ်ချက် (သို့ ) မျှတပါစေ

လောကမှာ ဘယ်အရာကိုမှ အစွန်းမရောက်စေချင်ပါဘူး။ အတွေးအခေါ်၊ အယူအဆတစ်ခုအပေါ်မှာ အစွန်းရောက်သွားပြီဆိုရင် အဲဒီသူဟာ လောကကိုဒုက္ခပေးဖို့ အတွက် အသောနှင်နေတဲ့သူပဲ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း အောင်မြင်မှုလမ်းကြောင်းပေါ်ကနေ သွေဖည်သွားရတော့မှာပါ။

အယူအဆအသစ်တွေ၊ ၀ါဒအသစ်တွေကတော့ လူသားတွေကိုယ်တိုင် ဖန်တီးနေကြတာဖြစ်လို့ လူသားတွေ ရှိနေသရွေ့ တော့ လောကမှာ အစဉ်သဖြင့် ရှိတော့ရှိနေဦးမှာပါပဲ။ ဒါပေမယ့် အစွန်းမလွတ်တဲ့ ၀ါဒတွေကြားမှာ ကိုယ်ကိုယ်တိုင် မမျောမိစေဖို့ ၊ အဲဒီ အယူအဆမှားတွေကို ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးထားတာ မဖြစ်စေဖို့  သတိနဲ့ သာ နေတတ်ထိုင်တတ်အောင် ကြိုးစားလုပ်ဆောင်လိုက်ဖို့ ပါပဲ။

ကိုယ်ကိုယ်တိုင် အစွန်းရောက်ခဲ့မိလို့  ကိုယ်ကိုယ်တိုင်ပဲ ပြန်ဆုံးမလိုက်တဲ့ ဘုရားလောင်း သိဒ္ဓတ္ထရဲ့ အစွန်းလွတ်မှတ်ချက်ကလေးကိုလည်း မှတ်သားသွားစေချင်ပါတယ်။

သတ္တ၀ါတို့ ၏ ဓမ္မတာသည်
သဒ္ဓါလွန်လျှင် ကွန့် သည်။
ပညာလွန်လျှင် ဆွံ့ သည်။

ဝီရိယလွန်လျှင် ပြန့် သည်။
သမာဓိလွန်လျှင် တွန့် သည်။
သတိသာလျှင် လွန်သည်မရှိ။
လိုသည်သာ ဖြစ်သည်။
ထို့ ကြောင့် ယခုငါသည်…
အာဟာရကို မျှတစေလျှက်
ကိုယ်လက်ကို ဖြည့်တင်း
သဒ္ဓါနှင့်ပညာ ၀ီရိယနှင့် သမာဓိကို
မျှတစေတော့အံ့…..။ (ဘုရားလောင်း သိဒ္ဓတ္ထ)

မော်ကွန်းသစ်
၃၀.၄.၂၀၁၀


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP