နောက်ပိတ်ခွေး
| Written by ပါရဂူ |
| Wednesday, 28 April 2010 19:00 |
| တိရိစ္ဆာန်များထဲတွင် တောခွေးသည် နောက်ပိတ်ခွေးဖြစ်သည်။ ငှက်များထဲတွင် ကျီးကန်းသည် နောက်ပိတ်ခွေးဖြစ်သည်။ သစ်ပင်များထဲတွင် ကြက်ဆူပင်သည် နောက်ပိတ်ခွေးဖြစ်သည်။ ထိုနည်းအတူပင် ကျွန်ုပ်သည် လူထဲတွင် မိမိကိုယ်ကို နောက်ပိတ်ခွေးဖြစ်၏ ဟု ထင်မှတ်လာခဲ့သည်။ တစ်ခါတစ်ရံ ကျွန်ုပ်သည် ယင်းနောက်ပိတ်ခွေး သုံးမျိုး မိမိထံတွင် စုပြုံရောက်ရှိနေသည်ဟုပင် ထင်မြင်ယူဆမိလေသည်။ မိဂါနံ သိင်္ဂါလော အန္တော၊ ပက္ခီနံ ပန ၀ါယသော၊ ဧရဏ္ဍော အန္တော ရုက္ခာနံ၊ တယော အန္တာ သမာဂတာ။ ဇာတက၊ ၁၊ ၉၀။ ပါရဂူ (ယခင် နှင့် ယခု) ယောဂီ ၏ ဘ၀ကထာ |

0 comments:
Post a Comment