ဝဋ်ကြွေးကြီးသည့် လင်မုန်းမ အပိုင်း-၆ နိဂုံး
မကောင်းမှုဟူသည် မကောင်းကျိုးကိုသာ ပေးသည်။
အကျင့်သီလဖြင့် ပြည့်စုံသော မယားကြီးအား လင်မုန်းအောင် လင်အထင်လွဲအောင် လုပ်ခဲ့သော လှည်းသမား သမီးသည် ယခုဘဝ၌ သူဌေးသမီး ဣသိဒါသီ ဖြစ်လာ၏။ လင်ကို ကျွန်ကဲ့သို့ လုပ်ကျွေးပြုစု ယုယ၏။ ရုပ်ရည် လှပ ချောမော၏။ အကျင့်သီလဖြင့်လည်း ပြည့်စုံ၏။ သို့ပါလျက်နှင့် လင်သုံးဆက်၏ စွန့်ပစ်မှု ခံရခြင်းကား မကောင်းမှု အကျိုးပေးပေတည်း။
ရဟန္တာ အရှင်မကြီး ဣသိဒါသီသည် သူ၏ ဇာတ်ကြောင်းကို အဆုံးသတ်လိုက်သောအခါ အရှင်မဗောဓိက ‘သြော် မကောင်းမှုများဟာ အလွန်မှပဲ ကြောက်စရာ ကောင်းပါကလား ဘုရား’ ဟု ရေရွတ်တော် မူလိုက်လေသတည်း။



0 comments:
Post a Comment