ရာဇဝင်ကို ပြန်ဖတ်ခြင်း
တိုက်ကွက်တွေကျင့်သားမရတာနဲ့
လူကို ပူးသတ်နေကြပေါ့
ခေတ်ရူး စနစ်ရူး
မူရူး လူရူး
အာဏာရူးမှ မဟုတ်ဘဲ
လှိုင်းမူးတာ သက်သက်နဲ့တော့
လှေလူးတာ မခံနိုင်ဘူး။
နှစ်သက်ရာ လမ်းအတိုင်းပဲ
အဝိုင်းအဖွဲ့တွေ မပါချင်လည်းနေ
ဝေချင်တဲ့ပန်း
တနေ့ လန်းဆန်းရင်တော်ပြီ။
ဇာတ်ရှုပ်တွေ ခင်းနေမှတော့
ရှင်းလင်းမှု မရှိတာ
အပြစ်မဆိုသာဘူး
အရောင်ပြောင်းသွားလို့
အမြင်များ မလည်စေနဲ့
အရွယ်ဆိုတာ နားလည်မှုပဲ။
ရာဇဝင်တွေပြန်ဖတ်
မှတ်ထားတဲ့သမိုင်းတွေ စဉ်းစား
မှန်သလားလို့ မမေးနဲ့
မှားပြီးရင်း မှားမြဲ ။
ကဲ .........
လာလိမ့်အုံးမယ်
အရှုံးဆိုတာ ဒါပဲ ။

0 comments:
Post a Comment