၅၀၀၀ ကျပ်တန်အသစ်ကြောင့် ကုန်ဈေးနုန်းအဆမတန် ခုန်တက်မယ်လို့ သင်ယူဆ ပါသလား...
ငါးထောင်တန်ငွေစက္ကူများမြန်မာနိုင်ငံတွင်ထွက်ရှိ
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ 24 ရက် 2009 ခုနှစ် 20 နာရီ 00 မိနစ်
အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ငါးထောင်ကျပ်တန် ငွေစက္ကူသစ်များ ထုတ်လုပ် ဖြန့်ဝေတော့မည် ဖြစ်ကြောင်း မြန်မာ့ ရုပ်မြင်သံကြားက ယနေ့ည သတင်းတွင် ကြေညာသွားသည်။
နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန် ကြေညာချက်ကို မြန်မာ့ရုပ်မြင်က ထုတ်လွှင့်သွားရာတွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ပြည်သူလူထုအတွင်း လည်ပတ် သုံးစွဲသွားမည် ဖြစ်ကြောင်းနှင့် ငွေစက္ကူတွင် ဆင်ဖြူ ရတနာပုံနှင့် နေပြည်တော်ကို နောက်ခံထားသည်။
ထင်မှတ်ထားခြင်း မရှိသော ကြေညာချက်ကြောင့် လူအများ အုတ်အော်သောင်းနင်း ဖြစ်ကုန်ပြီး ကုန်ဈေးနှုန်းများ အဆမတန် တက်တော့မည်ဟု စိုးရိမ် ကုန်ကြသည်ဟု ရန်ကုန်ရှိ မဇ္ဈိမ သတင်းထောက်က ပြောသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
၅၀၀၀ တန်ငွေစက္ကူအသစ်တွေ ထွက်တော့မည် တဲ့။ အင်း..မဆိုးပါဘူး။ ထုတ်သင့်တာကြာပီပဲ။ ပြည်တွင်းမှာ ကုန်ဈေးနုန်းတွေက အာရှစံချိန်မှီ နေတာကြာပီ။ လစာ က တိုးမလာတော့ လုပ်ပိုင်ခွင့်နည်းတဲ့ ၀န်ထမ်းအများစု စားဝတ်နေရေး အတွက်အတော်ရုန်းကန်နေကြရတာ။
မှတ်မိပါသေးတယ်.။ ၂၀၀၆ ဧပြီ လ က.. ၀န်ထမ်းလစာ တစ်ကြိမ်တိုးပေးတယ်။ တိုးမပေးခင်က ဒေါ်လာငွေလဲနုန်းက ၁၀၀၀ ၀န်းကျင်။ လစာ လဲ တိုးပေးရော.ကုန်ဈေးနုန်းလဲ အနဲဆုံး ငါးဆ လောက်ခုန်တက်တော့မယ် လို့ ထင်ကြေးပေးပြီး မျက်လုံး မျက်ဆန်ပြူးကုန်ကြတာ။
ဒါပေမဲ့..ခု ၂၀၀၉ ကုန်တော့မယ်။ ထင်သလို ဖြစ်မလာခဲ့ဘူး။ ငွေ လဲဈေးနုန်းက ၁၁၀၀ ၀န်းကျင်မှာ ပဲ ငြိမ်ချက်သား ကောင်းတုံး။
ဖြစ်နိုင်ချေရှိတာ က.. ဒီအစိုးရမှာ hide hand ရှိနေတယ်။ မမြင်ရတဲ့လက်မဲ ကြီး ပေါ့။ ငွေကြေးဈေးကွက်ကို ထိန်းညှိနိုင်လောက်တဲ့ အရံငွေကြေး အသင့်ရှိနေတယ်လို့ ယုံကြည်ရတယ်။ ဘယ်က ရလာသလဲ။ ဘယ်လိုဖြစ်နိုင်မလဲ။
တခြား ဟုတ်ပါရိုးလား၊ သဘာဝ ဓါတ်ငွေ့ တွေ ထုတ်ရောင်း လို့ရလာတဲ့ ဒေါ်လာတွေ။ နိုင်ငံခြားငွေတွေ။ သူတို့လိုရင် ၆ ကျပ်နဲ့လဲ သုံး။ ဈေးကွက်က တောင်းဆိုလာရင် ပေါက်ဈေး နဲ့ ထုတ်ရောင်း ပါလိမ့်မယ်။
ပြည်တွင်း စားသုံးကုန်ဈေးက အာရှ စံချိန်မှီခဲ့တာ ကြာပြီ။ ပြည်တွင်း မှာဈေးတက်ရဲ တက်ကြည့်... ၀င်လာလိုက်မယ်ဖြင့်ခြင်း၊ အိန္ဒိယ၊ တရုပ်နဲ့ ထိုင်းက စားသောက်ကုန်တွေ။
တလောက ပဲ ပြည်တွင်း ကြက်သွန်ဈေးတက်လို့ ဆိုပြီး အိန္ဒိယ ဘက်က ကြက်သွန်တွေ ၀င်လာတာ။
ပြည်ပ က သကြားဝယ်လက်ရှိပါသတဲ့။ ဒါပေမဲ့ ပြည်တွင်းဈေးကွက်မှာရောင်းတာက ပိုကိုက် ဆိုပဲ ။အဲဒါပဲ ကြည့်တော့..စံချိန်မှီနေပြီဖြစ်တဲ့ကုန်ဈေးနုန်း အနေအထားကို။
ကဲ..ဘယ်သူဈေးတက်ရဲသလဲ..
၂၀၀၆ အေပြီ မှာ ၀န်ထမ်းလစာ တိုးပေးတုန်းက ကုန်ဈေးနုန်းတွေ ထိုးတက်လိမ့်မယ်လို့ ခန့်မှန်းပေမဲ့ ဖြစ်မလာခဲ့ဘူး။
ခု ဒီအချိန်..
၅၀၀၀ ကျပ်တန် ထုတ် ရုံမက၊ ၀န်ထမ်းလစာ နောက်ထပ် ၅ ဆ တိုးပေးလဲ ကုန်ဈေးနုန်းက ထိုင်း.အိန္ဒိယ.တရုပ် တို့ထက် ကျော်လွန်ပြီး ထိုးတက်လိမ့်မယ် ဟု ဆိုပါက အခြေအမြစ်မရှိ၊ လေဖမ်း ဒါန်းစီး သူများရဲ့ ပြော စကားအဖြစ် ယူဆမိပါကြောင်း..................
24 September 2009
ကိုယ်နှင့်မကွာ သွားလေရာသယ်ယူဖတ်ရှုနိုင်မည့် ဒစ်ဂျစ်တယ်တိပိဋက
| Thursday, 24 September 2009 |
ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုမှ သာသနာပြုဘုန်းတော်ကြီးများနှင့်ဓမ္မကို လေ့လာသင်ယူဆည်းပူးနေသူများ အထောက်အကူဖြစ်စေရန်အတွက် ဒီဂျစ်တယ်နည်းပညာပစ္စည်းတစ်မျိုးဖြစ်သော အိတ်ဆောင်တိပိဋကနည်းပညာ ပစ္စည်းတစ်မျိုးကို ထုတ်လုပ်လိုက်ကြောင်းသိရသည်။အဆိုပါအိတ်ဆောင်တိပိဋက၌ ၀ိနယ၊ သုတ္တန္တ၊ အဘိဓမ္မဟူသော ပိဋကအားဖြင့် (၃) ပုံ၊ ဒီဃ၊ မဇ္ဈိမ၊ သံယုတ္တ၊ အင်္ဂုတ္တရ၊ ခုဒ္ဒကဟူသော နိကာယ်အားဖြင့် (၅) ရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် (၈၄,၀၀၀) များပြားလှသော ပိဋကပါဠိတော်နှင့် ယင်း၏ ၃ ဆမျှရှိသောအဖွင့် အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓု၊ ယောဇနစသည့် ကျမ်းဂန်အရပ်ရပ်ရှိပုဒ်ပါဠိများကို မြန်မာအက္ခရာရှိ မင်အက္ခရာများဖြင့် အလွယ်တကူရှာဖွေနိုင်ပါကြောင်းသိရသည်။ ထို့အပြင် ပါဠိဝေါဟာရပုဒ်များ အားလုံးပါဝင်ပြီး မြန်မာရဟန်းတော်များရေးသားပြုစုထားသည့် တိပိဋကပါဠိ- မြန်မာအဘိဓါန်ကြီး ဦးဟုတ်စိန်၏ ပါဠိ- မြန်မာအဘိဓါန်စသည့် အဘိဓါန်များပါဝင်သည့်စက်ဖြစ်ကြောင်းသိရသည်။ သိရှိလိုသည့်စာလုံးများကို အဘိဓါန်တွင်ရှာဖွေရာတွင် ရှာဖွေလိုသောစကားလုံးအား မြန်မာ roman စာလုံးဖြင့် အဘိဓါန်များတွင်ရှာဖွေနိုင်ပြီး၊ တွေ့ရှိချက်များအား တိပိဋကပါဠိမြန်မာအဘိဓါန်၊ ဦးဟုတ်စိန်အဘိဓါန်နှင့် ဓါတ် english တို့ကိုဖော်ပြပေးပြီး တိပိအဘိဓါန်အတွင်းရှိ စာအုပ်နှင့်စာမျက်နှာကိုဖော်ပြပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရှာဖွေသည့်စာလုံးအဖြစ်စတင်သည့် သုတ်ခေါင်းစဉ်များကို ရှာဖွေပြီးတွေ့ရှိသည့် ဂါထာသုတ္တံတို့၏တည်နေရာ စာအုပ်အား စာမျက်နှာအားတိကျ စွာညွှန်းပြပြီး ဆဋ္ဌမ စာမျက်နှာအတိုင်းတွေ့ရှိသည့် မူလ၊ အဋ္ဌကဃာ၊ ဋီကာတို့တွင်ဖတ်ရှုနိုင်ပြီး ဖတ်ရှုနေစဉ်တွေ့မြင်ရသော ဝေါဟာရစာလုံးအားရွေးချယ်၍ အဘိဓါန်တွင် ဆက်လက်ရှာဖွေနိုင်မည်ဖြစ် ကြောင်းသိရသည်။ စာလုံးတွဲများ ကို အလိုအလျောက်ခွဲခြားပြသခြင်း၊ ဖြတ်တောက်ပြသခြင်းများကိုလည်း ပြုလုပ်ပေးကြောင်းသိရသည်။ ကျမ်းစာများကို ရှာဖွေဖတ်ရှုခြင်း၌ ဆဋ္ဌသံဃာယနာတင် ပုံနှိပ် မူပါဠိစာအုပ် ၁၅၉ အုပ်အား မူရင်း စာမျက်နှာအလိုက်မြန်မာပါဠိ roman pal တို့ဖြင့်လိုအပ်ရာစာမျက် နှာကို ဖတ်ရှုလေ့လာနိုင်ကြောင်းသိ သိရသည်။ တည်ပုဒ် (စာလုံး) များအားရှာဖွေရာတွင် ရှာဖွေလိုသည့်စာလုံးအား ပါဠိတော်အတွင်း မတူညီစွာတည်ရှိနေသော စာလုံး ၁ သန်းခန့်မှ ရွေးချယ်ပြီးစာအုပ် ၁၅၉ အုပ်အတွင်း မည်သည့်ကျမ်းတွင် မည်သည့်စာမျက်နှာပါရှိသည်ကို ရှာဖွေညွှန်းပြပေးပြီး အဆိုပါစာ မျက်နှာတွင် မည်သို့ပါရှိသည်ကို သိရှိရန်ဖော်ပြပေးမည်ဖြစ်ကြောင်း သိရသည်။ တစ်နေရာထက် ပိုမိုတွေ့ရှိပါကလည်း ဆက်လက်ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားကြောင်းသိရသည်။ စာလုံးမတွေ့ရှိပါက ရှိသည့်စာလုံးများမှ အနီးစပ်ဆုံးရွေးချယ်နိုင်ရန် ဖော်ပြပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ဖတ်ရှုနေစဉ်မြန်မာ roman စာလုံးကိုပြောင်းလဲနိုင်မည်ဖြစ်သလို၊ ဖတ်နေသည့်စာမျက်နှာရှိ စာလုံးအားလုံးကို အ ဘိဓါန်တွင် ဆက်လက်ရှာဖွေနိုင်ကြောင်းသိရသည်။ အိတ်ဆောင်တိပိဋကစက်တွင် အခြားသောလုပ်ဆောင်နိုင်မှုများအနေဖြင့် MP3 နှင့်အသံဖိုင်များကို ဖွင့်နိုင်ခြင်းအသံသွင်းနိုင်ခြင်း၊ MP4 AVI နှင့် အခြားရုပ်ရှင်ဖိုင်များအား ကြည့်ရှုနိုင်ခြင်း၊ Microsoft office 2003, 2007 ၏ word, excel, powerpoint များကိုဖတ်ရှုခြင်း၊ တည်ဆောက်ခြင်းများကို ပြုလုပ်နိုင်ခြင်း၊ PDF ဖိုင်များကို ဖတ်ရှုနိုင်ခြင်း၊ လိပ်စာများမှတ်သားခြင်း၊ ရှာဖွေနိုင်ခြင်း၊ ပြက္ခဒိန်တွင်လုပ်ဆောင်ရန်များ မှတ်တမ်းတင်သတိပေးစေခြင်း၊ wifi ရှိသောနေရာတွင် အင်တာနက်အသုံးပြုနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ကြောင်းသိရသည်။ Windows Mobile 6.1 OS ကိုအသုံးပြုထားသဖြင့် ဂဏန်းတွက်စက်၊ ဂိမ်းစသည်တို့နှင့်လိုအပ်သည်များကို ထပ်မံထည့်သွင်းသုံးစွဲနိုင်ခြင်းနှင့် USB 2.0 ကိုအသုံးပြု၍ PC (Windows/ Mac) တို့နှင့် ချိတ်ဆက်သုံးစွဲနိုင်ကြောင်း သိရသည်။ Bonous အနေဖြင့် မဟာဂန္တာရုံဆရာတော်ဘုရားကြီး၏ အခြေပြုပဋ္ဌာန်းတရားတော်အသံဖိုင် ၁၉ နာရီနှင့် pdf စာအုပ်ဖတ်ရှုရန်ထည့်သွင်းပေးထားသလို မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်မြန်မာ online dictionary ဖြစ်သော Omagai Dictionary ကိုလည်း ထည့်သွင်းပေးထားကြောင်းသိရသည်။ “အိတ်ဆောင်တိပိဋကစက်ကို Mandalay ICT Expo 2009 မှာ စတင်ရောင်းချပေးမှာဖြစ်ပါ တယ်။ စက်ရဲ့သတ်မှတ်ဈေးနှုန်းက နှစ်သိန်းတစ်သောင်းကျပ်ဖြစ်ပြီး ပြပွဲမှာ တစ်သိန်းကိုးသောင်းကိုးထောင်ကျပ်နဲ့ ရောင်းချပေးမှာပါ။ ရန်ကုန်အတွက်ကတော့ မစီစဉ်ရသေးပါဘူး။ Inforithm ကဖြန့်မယ့်ပုံရှိပါတယ်။ ဒီ pocket PC က windows mobile 6.1 ကိုသုံးထားပါတယ်။ စက်မှာအသုံးပြုထားတဲ့ CPU က RAM 9400 MHz ဖြစ်ပြီး memory က 128 MB နဲ့ Storage SD က 4GB ဖြစ်ပါတယ်။ WiFi ပါပြီး screen က ၂.၈ လက်မရှိပါတယ်။ USB 2.0 mini, mic, built in speaker တွေပါဝင်ပြီး အလေးချိန်ကတော့ 96g ဖြစ်ပါတယ်။ အရွယ်အစားမှာ ၉၇/၆၂/၁၇ mm ဖြစ်ပြီး ၉၀၀ က AH Battery ကိုအသုံးပြုထားပါတယ်” ဟု Alpha ကွန်ပျူတာ (မန္တလေး) မှတာဝန်ရှိသူ ဦးရဲမြတ်သူမှအင်တာနက်ဂျာနယ်သို့ပြောသည်။ ၀ယ်ယူအသုံးပြုလိုသူများ စက်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသူများအနေဖြင့် အမှတ်-၂၀၆၊ ၈၅ လမ်း၊ ၃၉ လမ်းထောင့်၊ မန္တလေး၊ ဖုန်း-၀၂-၆၃၂၅၂ နှင့် ၇၃၃၉၅၊ ၀၉-၂၀၀၅၃၄၁ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။ ဒီနေရာ မှကူးယူဖေါ်ပြပါတယ် |

ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုမှ သာသနာပြုဘုန်းတော်ကြီးများနှင့်ဓမ္မကို လေ့လာသင်ယူဆည်းပူးနေသူများ အထောက်အကူဖြစ်စေရန်အတွက် ဒီဂျစ်တယ်နည်းပညာပစ္စည်းတစ်မျိုးဖြစ်သော အိတ်ဆောင်တိပိဋကနည်းပညာ ပစ္စည်းတစ်မျိုးကို ထုတ်လုပ်လိုက်ကြောင်းသိရသည်။
0 comments:
Post a Comment