* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 25, 2009

ခံစားခ်က္ကဗ်ာမ်ား.......


Posted on 12:38 AM by peacefulness


"ဒီစိတ်"

ငါ့ဘ၀င်မှာ
မထချင်ပေမယ့်လို့
ဘ၀အစဉ်ပြတ်အရေး
မျှော်တွေးကာအားထုတ်
တရားအလုပ်, လုပ်မှာမို့
ဒီစိတ် ကလေးကို ပြန်ကာရှု
နိုးထမှုပြုခဲ့...။

တစ်ခါတစ်လေ
လုပ်နေကျအလုပ်တွေ

လုပ်နေကျအချိန်မှာ
ပုံမှန်လုပ်နိုင်ဖို့
သွေဖီ မိုက်မဲ
ခက်ခဲနေလိုက်တာ
အလေလိုက်တဲ့ ဒီစိတ် ကြောင့်...။

အလျှော့ပေးပေါင်းများတော့လည်း

လျော့ကျနေတဲ့ ဒီစိတ်
အတိတ်မှာပျော်
အနာဂတ်မျှော်လို့
အော်...
လက်ရှိမှာတော့
တော်တော်နေသားမကျတာပဲ...။

သာယာလိုက်... ပျော်မွေ့လိုက်...

စိတ်ကွက်လိုက်... အလိုမကျလိုက်...
ပျင်းရိလိုက်... ထိုင်းမှိုင်းလိုက်...
လူးလွင့်လိုက်... စီးမျောလိုက်...
လှုပ်ရှားလိုက် ...ဆောက်တည်ရာမဲ့လိုက်...
ယုံမှားလိုက်... သံသယဖြစ်လိုက်...
အော်... ဒီစိတ် နှယ်
ဂနာကို မငြိမ်ပါလားနော်...။

အဆိပ်ကို အဆိပ်နဲ့ ဖြေသတဲ့

သိုင်းကားတွေထဲမှာလေ...။

ခုတော့ ငါလည်း

အစိုးမရတဲ့ ဒီစိတ်
အလေလိုက်တဲ့ ဒီစိတ်
ဂနာမငြိမ်တဲ့ ဒီစိတ်
အစိုးရအောင် အားပြု
အဆိပ်ကို အဆိပ်နဲ့ ကုစားသလို
စိတ် ကို စိတ် နဲ့ပဲ ရှုပွားရတော့မပေါ့...။

ဖိုးသား...
--------------------------------------------
"လွမ်းတငွေ့ငွေ့ ရင်၌မေ့သော်"

အို...
တစ်မြေနယ်ခြား၊ ငါ့စိတ်ကားလျှင်
စိတ်အားရယ်ငယ်၊ လွမ်းမောဖွယ်တည်း........

စစ်ကြောဝေဖန်၊ ပိုင်းဖြတ်ပြန်လျှင်
ရှင်သန်လောက၊ ပညာရရန်
ရင်မှလွမ်းစိတ်၊ စီးယိုဖိတ်လည်း
ကြိတ်မှိတ်သည်းခံ၊ လမ်းကြောင်းမှန်သား
အားမာန်ကိုတင်း၊ လမ်းကိုခင်းအံ့
ရောင်းရင်းလုံ့လ၊ ဝိရိယနှင့်
ကံမှမျှော်ရည်၊ စိတ်ခြေတည်၍
ငါသည်လှော်ခတ်၊ ခြေစုံရပ်မည်
ဖြတ်မည့်ခရီး၊ ပင်ပန်းကြီးစေ
ရင်းနှီးပညာ၊ လိုချင်ရှာကြောင့်
ငါ၏မိဘ၊ ဆွေမျိုးမှသည်
ချစ်ရသူပင်၊ ဝေးဖယ်ကျဉ်ခဲ့
ချစ်ခင်နိုင်ငံ၊ ကောင်းဖို့ရန်နှင့်
ရှင်သန်တည်လတ်၊ အနာဂတ်တိုင်
မှတ်ကျောက်ကမ္ပည်း၊ ထိုးရစ်ပြီးသော်
ရောင်မီးထိန်ဝါ၊ သသာနာနှင့်
ဘာသာအကျိုး၊ ငါမျှော်ကိုးသည်
စိုးမိုးလွှမ်းပတ်၊ ဤစိတ်မြတ်ကြောင့်
လွမ်းတတ်ဖို့ပင်မေ့ခဲ့တည်း.........

(အားလုံးနှင့်အဝေးခံ၍ ရည်ရွယ်ချက်အတွက် ရုန်းကန်နေသူများသို့ရည်ရွယ်၍...)

ဇောတိက(ဝီရမြေ)........
--------------------------------------------------

စာရေးသူ ဒီအစီအစဉ်လေးကို လုပ်ဖြစ်သွားတာက ကဗျာကိုချစ်မြတ်နိုး သူတွေအတွက် မိမိတို့စိတ်ကြိုက် ရေးသား နိုင်ပြီး စာဖတ်သူတို့အတွက် သီးသန့် လုပ်ပေးထားတဲ့ အစီအစဉ်လေးပါ... ဒါကြောင့် ကဗျာကိုချစ်ခင်သူများ မိမိတို့တင်ချင်ပါက ရေးသားပြီးသော ကဗျာများကို အမည်နှင့်တကွ ပို့ပေးနိုင်ကြပါတယ်။ ဒီအစီအစဉ်လေးမှာ တပေါင်းတည်း ပြန်လည်ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP