* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 25, 2009

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၂ (ပိုင်းလော့ဆရာတော်)

လမ်းပျောက်သူနှင့် ဝိစိကိစ္ဆာ
____________________

ဝိစိကိစ္ဆာ ဆိုတာ လမ်းပျောက်တဲ့ ပုဂ္ဂိုလ်ကို ခေါ်တာပါ။ တောနက်ထဲမှာ မျက်စိလည်တဲ့ ပုဂ္ဂိုလ် နဲ့ တူတယ်လို့ ဘုရားက ဥပမာပေးခဲ့ပါတယ်။ အရှေ့၊ အနောက်၊ တောင်၊မြောက် ဆိုတဲ့ လမ်းတွေကို မသိတော့ အရှေ့ဘက် ကို အနောက်ဘက်ပါလို့ သူများ ကပြောလည်းသွားရမှာပဲ။

တောင်၊မြောက်ပြောလည်း လိုက်ရမှာပဲနော်။ အဲဒီလိုပဲ ကိုယ် ကိုယ်တိုင်က ကုသိုလ်၊ အကုသိုလ်၊နိဗ္ဗာန်လမ်း ဆိုတာ ကို မသိတဲ့ လူတွေ အဖို့ သူများစကားမှာလမ်းဆုံး ရမှာနော်။ ဒါကို သိဖို့အရေးကြီးတယ်။ ဝိစိကိစ္ဆာ ဟာ လွတ်ပြီး အခြားအကျင့်နဲ့ နိဗ္ဗာန်ရောက်တယ် ပြောလဲမယုံတော့ဘူးတဲ့။အခြေ ခံ (၃)ချက်ပါတယ်နော်။ ဒါကို အဓိကထားပြီး သင်ကြရမယ်နော်။
ဒီလိုသင်တဲ့နေရာ မှာ ဘုရားရှင်ရဲ့ ဉာဏ်ကျက်စားရာဖြစ်တဲ့ ဒေသနာတော် ကို အခြေခံရလိမ့်မယ်။ ဓမ္မဘေရီ ဆိုတဲ့ ကလောင်ရှင် စာရေးဆရာ ရေးထားတာ မှတ်စရာကောင်းတယ်။
(ကိုယ်တိုင် ကိုယ် တရားဗဟုသုတ ရှာတဲ့ အခါ ကောက်သင်းကောက်သလို နေလိမ့်မယ်နော်။ သို့သော် ဝါရင့်တဲ့ ဆရာတော်ကြီးတွေရဲ့ သြဝါဒကိုခံယူပြီး လိုက်ရင်တော့ စပါးပုံကြီး ရလိုက်သလိုဖြစ်လိမ့်မယ်တဲ့။)

ဆုံးမထားတာ မှတ်စရာကောင်းတယ်။ ထေရဝါဒ သာသနာ ဆိုတာ တကယ်တော့ မထေရ်မြတ်တွေ ရဲ့ သြဝါဒ အစဉ်အဆက်ကို ခံယူလာတာနော်။ ဘုန်းဘုန်း အခုပြောတဲ့ တရား တွေဟာလည်း ကိုယ်သိ ကိုယ်တတ် ဟောတာ မဟုတ်ပါဘူး။

*************************************************
ထေရဝါဒ သာသနာ
______________

ထေရဝါဒသာသနာ ဆိုတာ သေသေချာချာ မှတ်ပါဦး။ ဘုရားကိုယ်တော်တိုင် နှုတ်ကနေ သင်ကြားတာကို နားနဲ့ဆတ်ဆတ် ကြားရတဲ့ မထေရ်ကြီးတွေ ၊သံဃာတော်ကြီးတွေ စာပေနဲ့ သေသေချာချာ ဆောင်ထားကြပြီး ကိုယ်တိုင် ကိုယ်ကျ စာပေရဲ့ အနက် အဓိပ္ပါယ် ကို လည်းမှတ်ယူပြီး ကျင့်ကြတဲ့ ရဟန္တာကြီးတွေ ၊ မထေရ်ကြီးတွေရှိကြတယ်တဲ့။ ဘုရား ပရိနိဗ္ဗာန်စံပြီး နောက်လည်း ကျန်ခဲ့ကြတယ်။ အရှင်မဟာ ကဿပမထေရ်ကြီးတို့ အာနန္ဒာ မထေရ် တို့ ဆိုပါတော့နော်။ ထိုမထေရ်တွေက အဆင့်ဆင့် လက်ဆင့်ကမ်းပေးပြီး သင်ကြရတယ်။ စာပေရော။ စာပေရဲ့ အနက် အဓိပ္ပါယ်ရော၊ ကျင့်စဉ်ရော သင်ကြားပေးခဲ့ တာတွေရှိတယ်။ အဲဒီဆရာတော် မထေရ်ကြီးတွေ ဆီက အဆင့်ဆင့်နည်းနာ နိဿယ ခံပြီးလာခဲ့ကြတဲ့ ရဟန္တာကြီးတွေ ရှိကြပါတယ်။
သီဟိုဠ် ခေတ်ရောက်တော့ ရှင်မဟိန္ဒ၊ ထေရီမ သင်္ဃမိတ္တ တို့ ကြားဘူးတယ်နော်။ ရဟန္တာကြီးတွေပဲ။ သီဟိုဠ် က တစ်ဆင့် သထုံဘက်ကို ကူးတော့လည်း အရှင်သောဏ၊ အရှင်ဥတ္တရမထေရ်တို့-----အစရှိတဲ့ ရဟန္တာတွေ ရောက်လာတယ်။နောက်သထုံကနေ ရဟန္တာဖြစ်တဲ့ ရှင် အရဟံကလည်း ပုဂံရောက်၊ အဲဒီနောက် ပုဂံ ကနေပြီး သာသနာပြန့်ခဲ့တာတွေ ကြားဘူးတယ်နော်။
ဘုန်းဘုန်းတို့ သာသနာ ဟာ ထေရဝါဒသာသနာလို့ ခေါ်တယ်။ ထေရဝါဒသာသနာ ရဲ့ ထူးခြားချက်ဟာ ဘာလဲဆိုတော့ ဒီလိုစာပေ တွေကို ဆောင်တဲ့ အပြင်၊ကျက်တဲ့ အပြင် သူ့ရဲ့ အနက် အဓိပ္ပါယ်ကိုလည်း ဂဃနဏ ဆရာများ အဆက်ဆက် ရအောင်ယူထားတယ်။ ပြီးတော့ ကျင့်ကြံကြတယ်။ဒါကြောင့်မို့ ရှေးဆရာများအဆက်ဆက် ဆုံးမခဲ့ကြတဲ့ ၊ဆောင်ပုဒ် ရှိတယ်။
တရားမနာ၊ စာပေမသင်
နှုတ်တွင်မဆောင်၊သိအောင်မမှတ်
ပဋိပတ်ကွာ၊ဤ ငါးဖြာ
သာသနာကွယ်ကြောင်းတည်း။တဲ့
တရားလည်းနာကြရမယ်နော်။ ဒီစာပေ တွေကိုလည်းသင်ရမယ်။ကျင့်ရမယ်နော်။ဒါဆိုရင် သာသနာ မကွယ်ဘူး။ နားလည်ပြီနော်။ ဒီတော့ ဘုန်းဘုန်း တို့၊ အစဉ် အဆက် နည်းခံခဲ့တဲ့ အတိုင်း။သင်ကြရမယ်။

ဆက်ဖတ်ပါရန်



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP